ဘာစီလိုနာအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ နာပိုလီ အသင်းရဲ့ ကြယ်ပွင့် အင်ဆစ်ဂ်နီ ပါဝင်နိုင်ဖွယ်မရှိ

နာပိုလီအသင်းဟာ ဘာစီလိုနာအသင်းနဲ့ သောကြာနေ့ ကစားမယ့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ ပွဲမှာ တိုက်စစ်မှူး အင်ဆစ်ဂ်နီကို လက်လွှတ်ရဖွယ်ရှိနေပါတယ်။ အသင်းခေါင်းဆောင်ဟာ တနင်္ဂနွေနေ့က လာဇီယိုအသင်းကို (၃-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာ ရခဲ့တာဖြစ်တယ်လို့ အသင်းက အတည်ပြု ခဲ့ပါတယ်။

အင်ဆစ်ဂ်နီဟာ ပွဲအချိန်အစောပိုင်းမှာ ပင်နယ်တီ တစ်ဂိုး သွင်းခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ ဒဏ်ရာကြောင့် ကွင်းထဲက နေ ထွက်သွားခဲ့ရတာ ဖြစ်ပါတယ်။စီးရီးအေ ကလပ်အသင်းဟာ အသက် ၂၉ နှစ်အရွယ်ကစားသမားရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်သွားမယ်လို့ ပြောသွားခဲ့ပါတယ်။

အသင်းရဲ့ဝက်ဘ်ဆိုဒ်မှာ ဖော်ပြချက်အရ “လော်ရန်ဇိုအင်ဆစ်ဂ်နီ ဟာ ဆေးစစ်မှု ခံယူခဲ့ရပြီး ဘယ်ဘက်ပေါင်က အရွတ်ဒဏ်ရာ ပျက်ဆီးသွားခဲ့ရပါတယ်။ ဒါ့အပြင် အရိုးလည်း ထိခိုက်မိခဲ့ရပါတယ်။ ကစားသမားဟာ စနေနေ့က လာဇီယိုအသင်းနဲ့ ပွဲမှာ ဒဏ်ရာကို ခံစားခဲ့ရတာဖြစ်ပါတယ်။ လာမယ့်ရက်တွေမှာ အင်ဆစ်ဂ်နီကို အနီးကပ် စောင့်ကြည့်သွားမှာပါ” လို့ သိရပါတယ်။ အီတလီ ကစားသမားဟာ ဒီရာသီမှာ နာပိုလီအသင်းအတွက် ပြိုင်ပွဲစုံ (၁၂) ဂိုးသွင်းပြီး (၈) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။

နာပိုလီအသင်းဟာ ဘာစီလိုနာအသင်းကို ပထမကျော့ နေပယ်မှာတုန်းက (၁-၁) သရေ ကျခဲ့ပါတယ်။ ပထမပိုင်းမှာ ဒရိုင်းမာတင်စ် ရဲ့ ဦးဆောင်ဂိုးကို စပိန်လာလီဂါ ကလပ်အသင်းအတွက် ဂရစ်ဇ်မန်းက ချေပဂိုးသွင်းပေးသွားတာ ဖြစ်ပါတယ်။ ပွဲကစားချိန် နောက်ပိုင်းမှာ ဘာစီလိုနာအသင်းဘက်က ဗီဒယ် အနီကတ် ထိခဲ့လို့ ဒုတိယအကျော့ကို လွဲချော်ရမယ်လို့ သိရပါတယ်။ နာပိုလီ အသင်းဟာ စီးရီးအေ မှာ အမှတ်ပေးဇယား အဆင့် (၇) နေရာမှာ ရပ်တည်ပေမယ့်လည်း ကိုပါအီတလီယာ ဖလားကို ဆွတ်ခူးထားနိုင်ခဲ့လို့ ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင္းနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ နာပိုလီ အသင္းရဲ႕ ၾကယ္ပြင့္ အင္ဆစ္ဂ္နီ ပါ၀င္ႏိုင္ဖြယ္မရွိ

နာပိုလီအသင္းဟာ ဘာစီလိုနာအသင္းနဲ႔ ေသာၾကာေန႔ ကစားမယ့္ ခ်န္ပီယံလိဂ္ (၁၆) သင္းအဆင့္ ဒုတိယအေက်ာ့ ပြဲမွာ တိုက္စစ္မွဴး အင္ဆစ္ဂ္နီကို လက္လႊတ္ရဖြယ္ရွိေနပါတယ္။ အသင္းေခါင္းေဆာင္ဟာ တနဂၤေႏြေန႔က လာဇီယိုအသင္းကို (၃-၁) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ေပါင္ျခံဒဏ္ရာ ရခဲ့တာျဖစ္တယ္လို႔ အသင္းက အတည္ျပဳ ခဲ့ပါတယ္။

အင္ဆစ္ဂ္နီဟာ ပြဲအခ်ိန္အေစာပိုင္းမွာ ပင္နယ္တီ တစ္ဂိုး သြင္းခဲ့ေပမယ့္ ေနာက္ဆံုးမိနစ္မွာ ဒဏ္ရာေၾကာင့္ ကြင္းထဲက ေန ထြက္သြားခဲ့ရတာ ျဖစ္ပါတယ္။စီးရီးေအ ကလပ္အသင္းဟာ အသက္ ၂၉ ႏွစ္အရြယ္ကစားသမားရဲ႕ အေျခအေနကို အနီးကပ္ ေစာင့္ၾကည့္သြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။

အသင္းရဲ႕၀က္ဘ္ဆိုဒ္မွာ ေဖာ္ျပခ်က္အရ “ေလာ္ရန္ဇိုအင္ဆစ္ဂ္နီ ဟာ ေဆးစစ္မႈ ခံယူခဲ့ရျပီး ဘယ္ဘက္ေပါင္က အရြတ္ဒဏ္ရာ ပ်က္ဆီးသြားခဲ့ရပါတယ္။ ဒါ့အျပင္ အရိုးလည္း ထိခိုက္မိခဲ့ရပါတယ္။ ကစားသမားဟာ စေနေန႔က လာဇီယိုအသင္းနဲ႔ ပြဲမွာ ဒဏ္ရာကို ခံစားခဲ့ရတာျဖစ္ပါတယ္။ လာမယ့္ရက္ေတြမွာ အင္ဆစ္ဂ္နီကို အနီးကပ္ ေစာင့္ၾကည့္သြားမွာပါ” လို႔ သိရပါတယ္။ အီတလီ ကစားသမားဟာ ဒီရာသီမွာ နာပိုလီအသင္းအတြက္ ျပိဳင္ပြဲစံု (၁၂) ဂိုးသြင္းျပီး (၈) ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။

နာပိုလီအသင္းဟာ ဘာစီလိုနာအသင္းကို ပထမေက်ာ့ ေနပယ္မွာတုနး္က (၁-၁) သေရ က်ခဲ့ပါတယ္။ ပထမပိုင္းမွာ ဒရိုင္းမာတင္စ္ ရဲ႕ ဦးေဆာင္ဂိုးကို စပိန္လာလီဂါ ကလပ္အသင္းအတြက္ ဂရစ္ဇ္မန္းက ေခ်ပဂိုးသြင္းေပးသြားတာ ျဖစ္ပါတယ္။ ပြဲကစားခ်ိန္ ေနာက္ပိုင္းမွာ ဘာစီလိုနာအသင္းဘက္က ဗီဒယ္ အနီကတ္ ထိခဲ့လို႔ ဒုတိယအေက်ာ့ကို လြဲေခ်ာ္ရမယ္လို႔ သိရပါတယ္။ နာပိုလီ အသင္းဟာ စီးရီးေအ မွာ အမွတ္ေပးဇယား အဆင့္ (၇) ေနရာမွာ ရပ္တည္ေပမယ့္လည္း ကိုပါအီတလီယာ ဖလားကို ဆြတ္ခူးထားႏို္င္ခဲ့လို႔ ယူရိုပါလိဂ္ျပိဳင္ပြဲ ၀င္ခြင့္ရခဲ့တာ ျဖစ္ပါတယ္။