ပေါင် ၂၃၅ သန်းတန် ၄ နှစ်စာချုပ်နဲ့ မက်ဆီကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အင်တာမီလန်

အင်တာမီလန်အသင်းဟာ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီကို ခေါ်ယူမယ့်ဆိုတဲ့သတင်းတွေ တောက်လျှောက်ထွက်ပေါ် နေချိန်မှာ အခုနောက်ဆုံးသတင်းကတော့ ဘာစီလိုနာမှာ အဆင်မပြေမှုတွေဖြစ်နေတဲ့ မက်ဆီကို ၄နှစ်လုပ်ခလစာငွေ ပေါင် ၂၃၅ သန်းတန်ကြေးရှိတဲ့ စာချုပ်နဲ့ ကမ်းလှမ်းဖို့ ရှိနေတယ်လို့ သိရပါတယ်။ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ၁ နှစ် သာကျန်တော့ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေတော့ဘူးဆိုရင် မက်ဆီကို အင်တာမီလန်အနေနဲ့ အလွတ်ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ La Gazetta Dello Sport ကတော့ မက်ဆီအနေနဲ့ စာချုပ်သက်တမ်းကုန်ချိန်ထိ ဘာ စီလိုနာရှိနေနိုင်ပြီးမှ အင်တာမီလန်ကိုပြောင်းရွှေ့မှုရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုဟာ အံသြဖွယ်ရာအခြေအနေမှာ ရှိနေပြီး အသက် ၃၄ နှစ်အရွယ်ရှိနေမှာဖြစ်တဲ့ ကစားသမားတစ်ယောက်ကို တစ်နှစ်လုပ်ခ ပေါင်သန်း ၆၀ နီးပါးအထိပေးပြီး ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ကစားသမားဘဝ အဆုံးသတ်ကို အသင်းဟောင်းဖြစ်တဲ့ နယူးဝဲလ်အိုးဘွိုင်းစ် အသင်းမှာ ကစားချင်တယ်လို့ ပြောခဲ့တာကြောင့် အပြောင်းအရွှေ့သတင်းတွေက ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ မက်ဆီ အနေနဲ့ စီးရီးအေကို ပြောင်းရွှေ့ဖြစ်မယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံးဆုအတွက် အမြဲလိုလိုယှဉ်ပြိုင်နေရတဲ့ စီရော်နယ်ဒိုနဲ့ ပြန်လည် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

လာလီဂါချန်ပီယံဆုကို လက်လွှတ်ခဲ့ရပြီးနောက် ချန်ပီယံလိဂ်မှာ အောင်မြင်မှုရဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာဟာ မက်ဆီကို အသင်းမှာ ဆက်ရှိဖို့ထိန်းထားမှာဖြစ်ပေမယ့် ကလပ်အတွင်းအဆင်မပြေမှုတွေရှိနေတာကြောင့် ဆက်ထိန်းထားဖို့ခက်တဲ့ အနေအထားဖြစ်နေပါတယ်။ အင်တာမီလန်အသင်းစီအီးအို မာရော့တာကလည်း စီးရီးအေရဲ့ပုံရိပ်ကို မြှင့်တင်ဖို့ မက်ဆီ ကို ခေါ်ယူချင်လို့ ပြောခဲ့ပါတယ်။

 

zawgyi version

ေပါင္ ၂၃၅ သန္းတန္ ၄ ႏွစ္စာခ်ဳပ္နဲ႔ မက္ဆီကို ေခၚယူဖို႔ ျပင္ဆင္ေနတဲ့ အင္တာမီလန္

အင္တာမီလန္အသင္းဟာ ဘာစီလိုနာတိုက္စစ္မွဴးမက္ဆီကို ေခၚယူမယ့္ဆိုတဲ့သတင္းေတြ ေတာက္ေလွ်ာက္ထြက္ေပၚ ေနခ်ိန္မွာ အခုေနာက္ဆံုးသတင္းကေတာ့ ဘာစီလိုနာမွာ အဆင္မေျပမႈေတြျဖစ္ေနတဲ့ မက္ဆီကို ၄ႏွစ္လုပ္ခလစာေငြ ေပါင္ ၂၃၅ သန္းတန္ေၾကးရွိတဲ့ စာခ်ဳပ္နဲ႔ ကမ္းလွမ္းဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္ သာက်န္ေတာ့ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အဆင္မေျပေတာ့ဘူးဆိုရင္ မက္ဆီကို အင္တာမီလန္အေနနဲ႔ အလြတ္ေျပာင္းေရႊ႕ ေၾကးနဲ႔ ေခၚယူႏိုင္မွာျဖစ္ပါတယ္။
အီတလီသတင္းစာတစ္ေစာင္ျဖစ္တဲ့ La Gazetta Dello Sport ကေတာ့ မက္ဆီအေနနဲ႔ စာခ်ဳပ္သက္တမ္းကုန္ခ်ိန္ထိ ဘာ စီလိုနာရွိေနႏိုင္ၿပီးမွ အင္တာမီလန္ကိုေျပာင္းေရႊ႕မႈရွိလာႏိုင္တယ္လို႔ ခန္႔မွန္းထားပါတယ္။ အင္တာမီလန္ရဲ႕ကမ္းလွမ္းမႈဟာ အံၾသဖြယ္ရာအေျခအေနမွာ ရွိေနၿပီး အသက္ ၃၄ ႏွစ္အရြယ္ရွိေနမွာျဖစ္တဲ့ ကစားသမားတစ္ေယာက္ကို တစ္ႏွစ္လုပ္ခ ေပါင္သန္း ၆၀ နီးပါးအထိေပးၿပီး ေခၚယူဖို႔ ကမ္းလွမ္းခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ကစားသမားဘဝ အဆံုးသတ္ကို အသင္းေဟာင္းျဖစ္တဲ့ နယူးဝဲလ္အိုးဘြိဳင္းစ္ အသင္းမွာ ကစားခ်င္တယ္လို႔ ေျပာခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕သတင္းေတြက ထြက္ေပၚခဲ့တာျဖစ္ပါတယ္။ မက္ဆီ အေနနဲ႔ စီးရီးေအကို ေျပာင္းေရႊ႕ျဖစ္မယ္ဆိုရင္ ကမ႓ာ့အေကာင္းဆံုးဆုအတြက္ အၿမဲလိုလိုယွဥ္ၿပိဳင္ေနရတဲ့ စီေရာ္နယ္ဒိုနဲ႔ ျပန္လည္ ယွဥ္ၿပိဳင္ရဖို႔ ရွိေနပါတယ္။
လာလီဂါခ်န္ပီယံဆုကို လက္လႊတ္ခဲ့ရၿပီးေနာက္ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈရဖို႔ ႀကိဳးစားေနတဲ့ ဘာစီလိုနာဟာ မက္ဆီကို အသင္းမွာ ဆက္ရွိဖို႔ထိန္းထားမွာျဖစ္ေပမယ့္ ကလပ္အတြင္းအဆင္မေျပမႈေတြရွိေနတာေၾကာင့္ ဆက္ထိန္းထားဖို႔ခက္တဲ့ အေနအထားျဖစ္ေနပါတယ္။ အင္တာမီလန္အသင္းစီအီးအို မာေရာ့တာကလည္း စီးရီးေအရဲ႕ပံုရိပ္ကို ႁမွင့္တင္ဖို႔ မက္ဆီ ကို ေခၚယူခ်င္လို႔ ေျပာခဲ့ပါတယ္။