မိုနာကို က ဗာရာနီ လက်သစ် ကို ခေါ်ယူရန် ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်း

ရီးရဲလ်မက်ဒရစ်အသင်းဟာ မိုနာအသင်းက ခံစစ်ကြယ်ပွင့်ဘက်ဒီယာရှီးလ် ကို ခေါ်ယူရန် ပြင်ဆင်နေတယ်လို့ စပိန်က သတင်းများအရ သိရပါတယ်။ ပြင်သစ်ဆယ်ကျော်သက်ကစားသမားရဲ့ တန်ကြေးဟာ ယူရို ၃၅ သန်း ဖြစ်ပြီး လီဂူး ၁ အသင်းအတွက် ဒီရာသီမှာ (၁၆) ပွဲကစားထားပေးထားခဲ့သူ ဖြစ်ပါတယ်။AS က သတင်းအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက် ၁၉ နှစ်အရွယ်ကစားသမားခေါ်ယူရန် မျက်စိကျနေပြီး နည်းပြဇီဒန်းကလည်း အမြဲတမ်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်ကလည်း ဒီနှစ်အတွက် နာမည်ကြီး ကစားသမား ခေါ်ယူတာ မျိုး မရှိဘူးလို့ ပြောသွားခဲ့လို့ ဆယ်ကျော်သက်ကစားသမားကို ခေါ်ယူသွားဖွယ်ရှိတာ ဖြစ်ပါတယ်။ဘက်ဒီယာရှီးလ်ဟာ ဟာ မိုနာကိုအသင်းရဲ့ အလားအလာရှိတဲ့ ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ထားပြီး သူ့ရဲ့ စာချုပ်သက်တမ်းကလည်း ၂၀၂၄ ဒီဇင်ဘာလအထိ ကျန်ရှိသေးပေမယ့် ဇီဒန်းက ဘာနေဗျူးကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေတယ်လို့ သတင်းများအရ သိရပါတယ်။

ပြင်သစ်နည်းပြဟာ ဒီရာသီမှာ နာချိုဖာနန်ဒက်ဇ်အသင်းက ထွက်ခွာသွားပါက အသင်းအတွက် ရာမိုစ့်၊ ဗာရာနီ နဲ့ မီလီတာအို တို့ (၃) ယောက်ကိုသာ အသုံးပြုနေရလို့ စိုးရိမ်စရာဖြစ်နေလို့ ဘက်ဒီယာရှီးလ်ကို ခေါ်ယူနိုင်ပါက အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ သူ့ကို လီဂူး ၁ ကနေ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ တစ်နိုင်ငံတည်းသား ဗာရာနီ နဲ့ နှိုင်းယဉ်ပြောဆိုနေကြပါတယ်။

မိုနာကို က ဗာရာနီ လက္သစ္ ကို ေခၚယူရန္ ျပင္ဆင္ေနတဲ့ ရီးရဲလ္မက္ဒရစ္အသင္း

ရီးရဲလ္မက္ဒရစ္အသင္းဟာ မိုနာအသင္းက ခံစစ္ၾကယ္ပြင့္ဘက္ဒီယာရွီးလ္ ကို ေခၚယူရန္ ျပင္ဆင္ေနတယ္လို႔ စပိန္က သတင္းမ်ားအရ သိရပါတယ္။ ျပင္သစ္ဆယ္ေက်ာ္သက္ကစားသမားရဲ႕ တန္ေၾကးဟာ ယူရို ၃၅ သန္း ျဖစ္ျပီး လီဂူး ၁ အသင္းအတြက္ ဒီရာသီမွာ (၁၆) ပြဲကစားထားေပးထားခဲ့သူ ျဖစ္ပါတယ္။AS က သတင္းအရ ရီးရဲလ္မက္ဒရစ္အသင္းဟာ အသက္ ၁၉ ႏွစ္အရြယ္ကစားသမားေခၚယူရန္ မ်က္စိက်ေနျပီး နည္းျပဇီဒန္းကလည္း အျမဲတမ္း ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္ ဥကၠဌ ပီရက္ဇ္ကလည္း ဒီႏွစ္အတြက္ နာမည္ၾကီး ကစားသမား ေခၚယူတာ မ်ိဳး မရွိဘူးလို႔ ေျပာသြားခဲ့လို႔ ဆယ္ေက်ာ္သက္ကစားသမားကို ေခၚယူသြားဖြယ္ရွိတာ ျဖစ္ပါတယ္။ဘက္ဒီယာရွီးလ္ဟာ ဟာ မိုနာကိုအသင္းရဲ႕ အလားအလာရွိတဲ့ ကစားသမားတစ္ေယာက္အျဖစ္ သတ္မွတ္ထားျပီး သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းကလည္း ၂၀၂၄ ဒီဇင္ဘာလအထိ က်န္ရွိေသးေပမယ့္ ဇီဒန္းက ဘာေနဗ်ဴးကို ေခၚယူႏိုင္မယ္လို႔ ယံုၾကည္မႈ ရွိေနတယ္လို႔ သတင္းမ်ားအရ သိရပါတယ္။

ျပင္သစ္နည္းျပဟာ ဒီရာသီမွာ နာခ်ိဳဖာနန္ဒက္ဇ္အသင္းက ထြက္ခြာသြားပါက အသင္းအတြက္ ရာမိုစ့္၊ ဗာရာနီ နဲ႔ မီလီတာအို တို႔ (၃) ေယာက္ကိုသာ အသံုးျပဳေနရလို႔ စိုးရိမ္စရာျဖစ္ေနလို႔ ဘက္ဒီယာရွီးလ္ကို ေခၚယူႏိုင္ပါက အဆင္ေျပသြားမွာ ျဖစ္ပါတယ္။ သူ႔ကို လီဂူး ၁ ကေန ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ခဲ့တဲ့ တစ္ႏိုင္ငံတည္းသား ဗာရာနီ နဲ႔ ႏိႈင္းယဥ္ေျပာဆိုေနၾကပါတယ္။