ဘာစီလိုနာ နဲ့ ဒုတိယအကျော့ ချန်ပီယံလိဂ်ပွဲကို စပိန်မှာ မကစားပဲ ပေါ်တူဂီမှာ ကစားရန် တောင်းဆိုလိုက်တဲ့ နာပိုလီအသင်းဥက္ကဌ

နာပိုလီအသင်းဥက္ကဌ ဒီလော်ရန်တစ်စ်ဟာ ကာတလန်မြို့က ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနှုန်းမြင့်တက်လာတာကြောင့် ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို ပေါ်တူဂီမှာ ကစားရန် ပြောဆိုသွားခဲ့ပါတယ်။ ဖေဖော်ဝါရီလက နေပယ်မှာ ကစားခဲ့တဲ့ ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့တုန်းက နှစ်သင်း (၁-၁) သရေကျခဲ့ပြီး ဒုတိယအကျော့ကို သြဂုတ်လ (၈) ရက်နေ့ နူးကမ့်မှာ ကစားရမှာ ဖြစ်ပါတယ်။

သို့သော်လည်း စပိန်မှာ ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်မှာ ကာတလန် ဒေသမှာ အမြင့်မားဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီး နေ့စဉ် ရောဂါရှိသူ (၉၄၄) ယောက် ပြီးခဲ့တဲ့အပတ်က သတင်းများအရ သိရပါတယ်။ဗြိတိန်အစိုးရဆိုရင် စပိန်ကနေ ယူကေ ကို ရောက်လာတဲ့ ခရီးသွားတွေကို ကွာရာတင်း (၁၄) ရက် ဝင်ရောက်စေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် နာပိုလီအသင်းဟာ ဘာစီလိုနာ အသင်းနဲ့ ကစားရမယ့်ပွဲအတွက် ဒီလော်ရန်တစ်စ်က စိုးရိမ်နေပြီး ပေါ်တူဂီကို ပြောင်းရွှေ့ကစားသင့်တယ်လို့ အကြံပေးသွားခဲ့တာပါ။

“စပိန်က အကြောင်းတွေ အများကြီး ကြားပါတယ်။ သူတို့ က ဘာမှ မဖြစ်သလို လုပ်နေတာ မှားပါတယ်။ ဘာစီလိုနာ ကို မသွားပဲ ပေါ်တူဂီကို သွားသင့်ပါတယ်။ ဒါမှမဟုတ် ဂျာမနီ နဲ့ ဂျနီဗာ ဆိုရင်ရော? သူတို့ သာ ချန်ပီယံလိဂ် ကို ပေါ်တူဂီ ၊ ယူရိုပါလိဂ်ကို ဂျာမနီမှာ ကစားဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ကျွန်တော်တို့ အနေနဲ့ ပေါ်တူဂီ ဒါမှမဟုတ် ဂျာမနီမှာပဲ (၁၆) သင်းအဆင့် ကစားသင့်ပါတယ်” လို့ နာပိုလီအသင်းဥက္ကဌ က The Sun ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

နာပိုလီအသင်းဟာ ပထမအကျော့တုန်းက ဒရိုင်းစ်မာတင်စ် ရဲ့ ဂိုး နဲ့ ဦးဆောင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းဘက်က ဂရစ်ဇ်မန်းက ခြေပဂိုး သွင်းပေးခဲ့ပါတယ်။ ဒုတိယအကျော့မှာ အနိုင်ရမယ့် အသင်းဟာ ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် ချဲလ်ဆီးအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ နဲ႔ ဒုတိယအေက်ာ့ ခ်န္ပီယံလိဂ္ပြဲကို စပိန္မွာ မကစားပဲ ေပၚတူဂီမွာ ကစားရန္ ေတာင္းဆိုလိုက္တဲ့ နာပိုလီအသင္းဥကၠဌ

နာပိုလီအသင္းဥကၠဌ ဒီေလာ္ရန္တစ္စ္ဟာ ကာတလန္ျမိဳ႕က ကိုရိုနာဗိုင္းရပ္စ္ ျဖစ္ပြားႏႈန္းျမင့္တက္လာတာေၾကာင့္ ဘာစီလိုနာအသင္းနဲ႔ ခ်န္ပီယံလိဂ္ ပြဲစဥ္ကို ေပၚတူဂီမွာ ကစားရန္ ေျပာဆုိသြားခဲ့ပါတယ္။ ေဖေဖာ္၀ါရီလက ေနပယ္မွာ ကစားခဲ့တဲ့ ရႈံးထြက္ (၁၆) သင္းအဆင့္ ပထမအေက်ာ့တုန္းက ႏွစ္သင္း (၁-၁) သေရက်ခဲ့ျပီး ဒုတိယအေက်ာ့ကို ၾသဂုတ္လ (၈) ရက္ေန႔ ႏူးကမ့္မွာ ကစားရမွာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း စပိန္မွာ ျဖစ္ပြားခဲ့တဲ့ ကိုရိုနာဗိုင္းရပ္စ္မွာ ကာတလန္ ေဒသမွာ အျမင့္မားဆံုးျဖစ္ပြားခဲ့တာျဖစ္ျပီး ေန႔စဥ္ ေရာဂါရွိသူ (၉၄၄) ေယာက္ ျပီးခဲ့တဲ့အပတ္က သတင္းမ်ားအရ သိရပါတယ္။ျဗိတိန္အစိုးရဆိုရင္ စပိန္ကေန ယူေက ကို ေရာက္လာတဲ့ ခရီးသြားေတြကို ကြာရာတင္း (၁၄) ရက္ ၀င္ေရာက္ေစခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ နာပိုလီအသင္းဟာ ဘာစီလိုနာ အသင္းနဲ႔ ကစားရမယ့္ပြဲအတြက္ ဒီေလာ္ရန္တစ္စ္က စိုးရိမ္ေနျပီး ေပၚတူဂီကို ေျပာင္းေရႊ႕ကစားသင့္တယ္လို႔ အၾကံေပးသြားခဲ့တာပါ။

“စပိန္က အေၾကာင္းေတြ အမ်ားၾကီး ၾကားပါတယ္။ သူတို႔ က ဘာမွ မျဖစ္သလို လုပ္ေနတာ မွားပါတယ္။ ဘာစီလိုနာ ကို မသြားပဲ ေပၚတူဂီကို သြားသင့္ပါတယ္။ ဒါမွမဟုတ္ ဂ်ာမနီ နဲ႔ ဂ်နီဗာ ဆိုရင္ေရာ? သူတို႔ သာ ခ်န္ပီယံလိဂ္ ကို ေပၚတူဂီ ၊ ယူရိုပါလိဂ္ကို ဂ်ာမနီမွာ ကစားဖို႔ ဆံုးျဖတ္လိုက္ျပီဆိုရင္ ကၽြန္ေတာ္တို႔ အေနနဲ႔ ေပၚတူဂီ ဒါမွမဟုတ္ ဂ်ာမနီမွာပဲ (၁၆) သင္းအဆင့္ ကစားသင့္ပါတယ္” လို႔ နာပိုလီအသင္းဥကၠဌ က The Sun ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

နာပိုလီအသင္းဟာ ပထမအေက်ာ့တုန္းက ဒရိုင္းစ္မာတင္စ္ ရဲ႕ ဂိုး နဲ႔ ဦးေဆာင္ခဲ့ေပမယ့္ ဘာစီလိုနာအသင္းဘက္က ဂရစ္ဇ္မန္းက ေျခပဂိုး သြင္းေပးခဲ့ပါတယ္။ ဒုတိယအေက်ာ့မွာ အႏိုင္ရမယ့္ အသင္းဟာ ဘိုင္ယန္ျမဴးနစ္ ဒါမွမဟုတ္ ခ်ဲလ္ဆီးအသင္းနဲ႔ ကစားရမွာ ျဖစ္ပါတယ္။