ချန်ပီယံလိဂ်ကစားရမယ့် ဘာစီလိုနာတိုက်စစ်အတွက် ဂရစ်ဇ်မန်းနဲ့ ဒမ်ဘီလီတို့ ဒဏ်ရာက သက်သာပြီး လေ့ကျင့်ခန်း ပြန်ဆင်းနေ

လာလီဂါချန်ပီယံဆုကို လက်လွှတ်ခဲ့ရပြီးနောက် ချန်ပီယံလိဂ်ကို ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာအတွက် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဂရစ်ဇ်မန်းနဲ့ ဒမ်ဘီလီတို့ ဒဏ်ရာကသက်သာလာပြီးနောက် လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ သိရပါတယ်။ ဂရစ်ဇ်မန်း နဲ့ ဒမ်ဘီလီတို့လို တိုက်စစ်ကစားသမားတွေ ဒဏ်ရာကသက်သာလာပြီး လေကျင့်ခန်းပြန်ဆင်းနိုင်တာဟာ ဘာစီလိုနာ နည်းပြ ဆက်တီယန် အတွက် ဖိအားတွေလျော့ကျစေခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဂရစ်ဇ်မန်ဟာ ဗယ်လာဒိုးလစ်ကို အနိုင်ရရှိခဲ့တဲ့ပွဲတုန်းက ပေါင်ခြံဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့နောက်ဆုံးပွဲ စဉ် ၂ပွဲကို လွဲချော်ခဲ့သူလည်းဖြစ်ပါတယ်။ ဒမ်ဘီလီကတော့ တံကောက်ကြောဒဏ်ရာကြောင့် ဖေဖော်ဝါရီလကတည်းက အနားယူခဲ့ရသူပါ။တိုက်စစ်မှူးတွေဖြစ်တဲ့ ဂရစ်ဇ်မန်းနဲ့ ဒမ်ဘီလီတို့ လေ့ကျင့်ခန်းပြန်ဆင်းနေနပြီ ဆိုပေမယ့် နောက်ခံလူ တစ်ဦးဖြစ်တဲ့ လန်ဂျီလက်ကတော့ ဒဏ်ရာပြဿနာကြောင့် ဘာစီလိုနာရဲ့ချန်ပီယံလိဂ်ပွဲစဉ်တွေကို လွဲချော်ဖို့ရှိနေပါတယ်။

ဘာစီလိုနာဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်းမှာ နာပိုလီကိုလက်ခံကစားရမှာ ဖြစ်ပါတယ်။ ပထမအကျော့က တစ်ဂိုးစီသရေကျခဲ့တာကြောင့် ဘာစီလိုနာအနေနဲ့ ကွာတားအဆင့်တက်ရောက်နိုင်ဖို့ ရေ ပန်းစားနေပါတယ်။ ကိုဗစ်ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကျင်းပပုံကို ပြောင်းလဲခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကနေ ဗိုလ်လုပွဲအ ထိ ပွဲစဉ်တွေကို ပေါ်တူဂီနိုင်ငံမှာ ရှုံးထွက်ပုံစံမျိုးနဲ့ ကျင်းပမှာပဲ ဖြစ်ပါတယ်။

နာပိုလီအသင်းနဲ့ကစားရမယ့်ပွဲအတွက် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီကို သတင်းထောက်တွေကမေးမြန်းခဲရာမှာတော့ မက်ဆီက “ ရီးရဲလ်ကို ကျွန်တော်တို့ ကြည့်နေမှာမဟုတ်ပါဘူး။ သူတို့က သူတို့အလုပ်ကို အကောင်းဆုံးလုပ်သွားမှာပါ။ သူတို့ကို ကျွန်တော်တို့ ကူညီလို့မရပါဘူး။ ချန်ပီယံလိဂ်ရချင်တယ်ဆိုရင်တော့ ပြောင်းလဲမှုတွေအများကြီးပြုလုပ်ဖို့ လိုအပ် ပါတယ်။ အရေးအကြီးဆုံးကတော့ နာပိုလီကို ရှုံးလို့ မရတာပါ” လို့ ပြောခဲ့ပါတယ်။

 

zawgyi version

ခ်န္ပီယံလိဂ္ကစားရမယ့္ ဘာစီလိုနာတိုက္စစ္အတြက္ ဂရစ္ဇ္မန္းနဲ႔ ဒမ္ဘီလီတို႔ ဒဏ္ရာက သက္သာၿပီး ေလ့က်င့္ခန္း ျပန္ဆင္းေန

လာလီဂါခ်န္ပီယံဆုကို လက္လႊတ္ခဲ့ရၿပီးေနာက္ ခ်န္ပီယံလိဂ္ကို ပစ္မွတ္ထားေနတဲ့ ဘာစီလိုနာအတြက္ တိုက္စစ္မွဴးေတြ ျဖစ္တဲ့ ဂရစ္ဇ္မန္းနဲ႔ ဒမ္ဘီလီတို႔ ဒဏ္ရာကသက္သာလာၿပီးေနာက္ ေလ့က်င့္ခန္းျပန္ဆင္းေနၿပီလို႔ သိရပါတယ္။ ဂရစ္ဇ္မန္း နဲ႔ ဒမ္ဘီလီတို႔လို တိုက္စစ္ကစားသမားေတြ ဒဏ္ရာကသက္သာလာၿပီး ေလက်င့္ခန္းျပန္ဆင္းႏိုင္တာဟာ ဘာစီလိုနာ နည္းျပ ဆက္တီယန္ အတြက္ ဖိအားေတြေလ်ာ့က်ေစခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။
ဂရစ္ဇ္မန္ဟာ ဗယ္လာဒိုးလစ္ကို အႏိုင္ရရွိခဲ့တဲ့ပြဲတုန္းက ေပါင္ျခံဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ဘာစီလိုနာအသင္းရဲ႕ေနာက္ဆံုးပြဲ စဥ္ ၂ပြဲကို လြဲေခ်ာ္ခဲ့သူလည္းျဖစ္ပါတယ္။ ဒမ္ဘီလီကေတာ့ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ေဖေဖာ္ဝါရီလကတည္းက အနားယူခဲ့ရသူပါ။တိုက္စစ္မွဴးေတြျဖစ္တဲ့ ဂရစ္ဇ္မန္းနဲ႔ ဒမ္ဘီလီတို႔ ေလ့က်င့္ခန္းျပန္ဆင္းေနနၿပီ ဆိုေပမယ့္ ေနာက္ခံလူ တစ္ဦးျဖစ္တဲ့ လန္ဂ်ီလက္ကေတာ့ ဒဏ္ရာျပႆနာေၾကာင့္ ဘာစီလိုနာရဲ႕ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကို လြဲေခ်ာ္ဖို႔ရွိေနပါတယ္။
ဘာစီလိုနာဟာ ခ်န္ပီယံလိဂ္ရႈံးထြက္ ၁၆ သင္းအဆင့္ဒုတိယအေက်ာ့ပြဲစဥ္ကို အိမ္ကြင္းမွာ နာပိုလီကိုလက္ခံကစားရမွာ ျဖစ္ပါတယ္။ ပထမအေက်ာ့က တစ္ဂိုးစီသေရက်ခဲ့တာေၾကာင့္ ဘာစီလိုနာအေနနဲ႔ ကြာတားအဆင့္တက္ေရာက္ႏိုင္ဖို႔ ေရ ပန္းစားေနပါတယ္။ ကိုဗစ္ေၾကာင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက်င္းပပံုကို ေျပာင္းလဲခဲ့ၿပီး ကြာတားဖိုင္နယ္အဆင့္ကေန ဗိုလ္လုပြဲအ ထိ ပြဲစဥ္ေတြကို ေပၚတူဂီႏိုင္ငံမွာ ရႈံးထြက္ပံုစံမ်ိဳးနဲ႔ က်င္းပမွာပဲ ျဖစ္ပါတယ္။
နာပိုလီအသင္းနဲ႔ကစားရမယ့္ပြဲအတြက္ ဘာစီလိုနာတိုက္စစ္မွဴးမက္ဆီကို သတင္းေထာက္ေတြကေမးျမန္းခဲရာမွာေတာ့ မက္ဆီက “ ရီးရဲလ္ကို ကြ်န္ေတာ္တို႔ ၾကည့္ေနမွာမဟုတ္ပါဘူး။ သူတို႔က သူတို႔အလုပ္ကို အေကာင္းဆံုးလုပ္သြားမွာပါ။ သူတို႔ကို ကြ်န္ေတာ္တို႔ ကူညီလို႔မရပါဘူး။ ခ်န္ပီယံလိဂ္ရခ်င္တယ္ဆိုရင္ေတာ့ ေျပာင္းလဲမႈေတြအမ်ားႀကီးျပဳလုပ္ဖို႔ လိုအပ္ ပါတယ္။ အေရးအႀကီးဆံုးကေတာ့ နာပိုလီကို ရႈံးလို႔ မရတာပါ” လို႔ ေျပာခဲ့ပါတယ္။