မက္ကဆီကန် မက်ဆီလို့ ခေါ်နေကြတာက သူ့ကို စိတ်အနှောင့်ယှက်ဖြစ်တယ်လို့ လူကာရိုမဲရိုး ဝန်ခံပြောဆို

လူကာရိုမဲရိုးက မက်ဆီနဲ့ နှိုင်းယှဉ်ပြောဆိုနေတာက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေပြီး ဘောလုံးလောကမှ သူ့ရဲ့ ကိုယ်ပိုင်နာမည်ကိုပဲ လိုချင်တယ်လို့ ပြောသွားခဲ့ပါတယ်။ဇွန်လက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားပြီးနောက်ပိုင်း စပိန်လာလီဂါမှာ အသက်အငယ်ဆုံး ပွဲထွက်ကစားသူအဖြစ် မှတ်တမ်းဝင်ပြီး သူ့ရဲ့ ကျွမ်းကျင်မှုတွေက မက်ဆီနဲ့ ပုံစံတူနေတယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

အသက် ၁၅ နှစ်အရွယ်သာ ရှိသေးတဲ့ မာယော့ကာ ကွင်းလယ်လူဟာ ရီးရဲလ်မက်ဒရစ်အသင်းကို (၂-ဝ) နဲ့ ရှုံးနိမ့်ချိန် ပွဲကစားချိန် (၈၃) မိနစ်မှာ ဝင်ရောက်ကစားခဲ့ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ဟာ လူပြောများခဲ့ပါတယ်။ အဲ့နောက်ပိုင်း ရိုမဲရိုးကို သူ့ရဲ့ ဘောလုံးဆွဲပြေးတဲ့ကစားဟန်ဟာ မက်ဆီနဲ့ တူနေတဲ့အတွက် မက္ကဆီကန် မက်ဆီလို့ နာမည်တွင်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း လူငယ်ကြယ်ပွင့်ဟာ အာဂျင်တီးနား ဂန္တဝင် ရဲ့ အမှီအခိုမပါပဲ သူ့နာမည် နဲ့ ပဲ ရှိချင်တယ်လို့ ပြောသွားခဲ့ပါတယ်။ သူက “ သူတို့ တွေ ကျွန်တော့်ကို မက်ဆီ နဲ့ နှိုင်းယှဉ်နေတာက ကျွန်တော့်ကို စိတ်အနှောင့်အယှက် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မက်ဆီက တစ်ယောက်ပဲ ရှိပါတယ်။ ပြီးတော့ ဘောလုံးမှာ လူကာရိုမဲရိုးဆိုတဲ့ ကျွန်တော့် နာမည် ပဲ ကျွန်တော်လိုချင်ပါတယ်” လို့ Fox Sport ကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

လူငယ်ကြယ်ပွင့်ဟာ မက္ကဆီမှာ မွေးဖွားခဲ့တာဖြစ်ပြီး အာဂျင်တီးနား အသက် ၁၇ နှစ်အောက်မှာ ကစားခဲ့ပြီး စပိန်အတွက်လည်း ကိုယ်စားပြုကစားလို့ရပါတယ်။ သူဟာ စပိန်ကို အသက် (၃) နှစ်အရွယ်မှာ ရောက်ရှိလာသူဖြစ်ပြီး မာယော့ကာအသင်းနဲ့ (၁၀) နှစ်မှာ စာချုပ်ချုပ်ဆိုခဲ့ပြီး ပထမအသင်းနဲ့ ဇွန်လအစတုန်းက လေ့ကျင့်ရေး စဆင်းခဲ့တာဖြစ်ပါတယ်။

မကၠဆီကန္ မက္ဆီလို႕ ေခၚေနၾကတာက သူ႔ကို စိတ္အေႏွာင့္ယွက္ျဖစ္တယ္လို႔ လူကာ႐ိုမဲ႐ိုး ဝန္ခံေျပာဆို

လူကာရိုမဲရိုးက မက္ဆီနဲ႔ ႏိႈင္းယွဥ္ေျပာဆိုေနတာက သူ႔ကိုု စိတ္အေႏွာင့္အယွက္ ျဖစ္ေစျပီး ေဘာလံုးေလာကမွ သူ႔ရဲ႕ ကိုယ္ပိုင္နာမည္ကိုပဲ လုိခ်င္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ဇြန္လက ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ကစားျပီးေနာက္ပိုင္း စပိန္လာလီဂါမွာ အသက္အငယ္ဆံုး ပြဲထြက္ကစားသူအျဖစ္ မွတ္တမ္း၀င္ျပီး သူ႔ရဲ႕ ကၽြမ္းက်င္မႈေတြက မက္ဆီနဲ႔ ပံုစံတူေနတယ္လို႔ ေျပာဆိုေနၾကတာ ျဖစ္ပါတယ္။

အသက္ ၁၅ ႏွစ္အရြယ္သာ ရွိေသးတဲ့ မာေယာ့ကာ ကြင္းလယ္လူဟာ ရီးရဲလ္မက္ဒရစ္အသင္းကို (၂-၀) နဲ႔ ရႈံးနိမ့္ခ်ိန္ ပြဲကစားခ်ိန္ (၈၃) မိနစ္မွာ ၀င္ေရာက္ကစားခဲ့ေပမယ့္ သူ႔ရဲ႕ စြမး္ေဆာင္ရည္ဟာ လူေျပာမ်ားခဲ့ပါတယ္။ အဲ့ေနာက္ပိုင္း ရိုမဲရိုးကို သူ႔ရဲ႕ ေဘာလံုးဆြဲေျပးတဲ့ကစားဟန္ဟာ မက္ဆီနဲ႔ တူေနတဲ့အတြက္ မကၠဆီကန္ မက္ဆီလို ႔ နာမည္တြင္ခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း လူငယ္ၾကယ္ပြင့္ဟာ အာဂ်င္တီးနား ဂႏၱ၀င္ ရဲ႕ အမွီအခိုမပါပဲ သူ႔နာမည္ နဲ႔ ပဲ ရွိခ်င္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ သူက “ သူတို႔ ေတြ ကၽြန္ေတာ့္ကို မက္ဆီ နဲ႔ ႏိႈင္းယွဥ္ေနတာက ကၽြန္ေတာ့္ကို စိတ္အေႏွာင့္အယွက္ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မက္ဆီက တစ္ေယာက္ပဲ ရွိပါတယ္။ ျပီးေတာ့ ေဘာလံုးမွာ လူကာရိုမဲရိုးဆိုတဲ့ ကၽြန္ေတာ့္ နာမည္ ပဲ ကၽြန္ေတာ္လိုခ်င္ပါတယ္” လို႔ Fox Sport ကို ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

လူငယ္ၾကယ္ပြင့္ဟာ မကၠဆီမွာ ေမြးဖြားခဲ့တာျဖစ္ျပီး အာဂ်င္တီးနား အသက္ ၁၇ ႏွစ္ေအာက္မွာ ကစားခဲ့ျပီး စပိန္အတြက္လည္း ကိုယ္စားျပဳကစားလို႔ရပါတယ္။ သူဟာ စပိန္ကို အသက္ (၃) ႏွစ္အရြယ္မွာ ေရာက္ရွိလာသူျဖစ္ျပီး မာေယာ့ကာအသင္းနဲ႔ (၁၀) ႏွစ္မွာ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ျပီး ပထမအသင္းနဲ႔ ဇြန္လအစတုန္းက ေလ့က်င့္ေရး စဆင္းခဲ့တာျဖစ္ပါတယ္။