အင်တာမီလန်အသင်းက ဆက်သွယ်နေတဲ့ ဟာကီမီအသင်းက ထွက်ခွာမယ်လို့ အတည်ပြုခဲ့တဲ့ ဒေါ့မွန်အသင်း

အင်တာမီလန်အသင်းက ဆက်သွယ်မှုတွေလုပ်နေတဲ့ အသင်းရဲ့ ညာနောက်ခံလူ ဟာကီမီ ဟာ ဒီနွေရာသီမှာ အသင်းက ထွက်ခွာမယ်လို့ ဒေါ့မွန်အသင်းက အတည်ပြုပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကနေ ဒေါ့မွန်အသင်းဆီမှာ လွန်ခဲ့တဲ့ (၂) နှစ်ကတည်းက အငှားနဲ့ လာရောက်ကစားနေတဲ့ မော်ရိုကိုလက်ရွေးစင်ကစားသမားဟာ ဆန်စီရိုကလပ် အင်တာမီလန်အသင်းကို ပြောင်းရွှေ့ရန် နီးစပ်နေတာဖြစ်ပါတယ်။

အီတလီကို ဆေးစစ်မှု ခံယူရန် ရောက်လာတယ်လို့ သတင်းထွက်နေတဲ့ ဟာကီမီဟာ ဒေါ့မွန်အသင်းပရိသတ်တွေကို နှုတ်ဆက်စကားပြောဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ဟာကီမီအတွက် အင်တာမီလန်အသင်း နဲ့ ပေါင် ၃၆ သန်း နဲ့ သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။

စပိန်သတင်းစာ AS က အဆိုအရ လည်း ဟာကီမီဟာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရန် အခွင့်အရေးရရှိခဲ့တယ်လို့ သိရပါတယ်။ဘိုင်ယန်မြူးနစ်အသင်းကလည်း ရီးရဲလမက်ဒရစ်အသင်းမှာ (၁၇) ပွဲသာ ကစားခွင့်ရခဲ့တဲ့ အသက် ၂၁ နှစ်အရွယ်ကစားသမားကို ခေါ်ယူရန် စိတ်ဝင်စားတဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။

 

အင္တာမီလန္အသင္းက ဆက္သြယ္ေနတဲ့ ဟာကီမီအသင္းက ထြက္ခြာမယ္လို႔ အတည္ျပဳခဲ့တဲ့ ေဒါ့မြန္အသင္း

အင္တာမီလန္အသင္းက ဆက္သြယ္မႈေတြလုပ္ေနတဲ့ အသင္းရဲ႕ ညာေနာက္ခံလူ ဟာကီမီ ဟာ ဒီေႏြရာသီမွာ အသင္းက ထြက္ခြာမယ္လို႔ ေဒါ့မြန္အသင္းက အတည္ျပဳေျပာၾကားသြားခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းကေန ေဒါ့မြန္အသင္းဆီမွာ လြန္ခဲ့တဲ့ (၂) ႏွစ္ကတည္းက အငွားနဲ႕ လာေရာက္ကစားေနတဲ့ ေမာ္ရိုကိုလက္ေရြးစင္ကစားသမားဟာ ဆန္စီရိုကလပ္ အင္တာမီလန္အသင္းကို ေျပာင္းေရႊ႕ရန္ နီးစပ္ေနတာျဖစ္ပါတယ္။

အီတလီကို ေဆးစစ္မႈ ခံယူရန္ ေရာက္လာတယ္လို႔ သတင္းထြက္ေနတဲ့ ဟာကီမီဟာ ေဒါ့မြန္အသင္းပရိသတ္ေတြကို ႏႈတ္ဆက္စကားေျပာဆိုခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ရီးရဲလ္မက္ဒရစ္အသင္းဟာ ဟာကီမီအတြက္ အင္တာမီလန္အသင္း နဲ႔ ေပါင္ ၃၆ သန္း နဲ႔ သေဘာတူညီမႈ ရခဲ့တယ္လို႔ သိရပါတယ္။

စပိန္သတင္းစာ AS က အဆိုအရ လည္း ဟာကီမီဟာ ယူႏိုက္တက္အသင္းကို ေျပာင္းေရႊ႕ရန္ အခြင့္အေရးရရွိခဲ့တယ္လို႔ သိရပါတယ္။ဘိုင္ယန္ျမဴးနစ္အသင္းကလည္း ရီးရဲလမက္ဒရစ္အသင္းမွာ (၁၇) ပြဲသာ ကစားခြင့္ရခဲ့တဲ့ အသက္ ၂၁ ႏွစ္အရြယ္ကစားသမားကို ေခၚယူရန္ စိတ္၀င္စားတဲ့အသင္းေတြထဲက တစ္သင္းျဖစ္ပါတယ္။