ဂျူဗင်တပ်စ် နဲ့ လက်တွဲမယ့် အာသာ ဘာစီလိုနာအသင်းမှာပဲ ချန်ပီယံလိဂ်ပြီးတဲ့အထိ ဆက်ကစားမယ်

ပြီးခဲ့တဲ့အပတ်က ဆေးစစ်မှု ခံယူပြီးနောက် ဘာစီလိုနာ ကွင်းလယ်ကစားသမား အာသာဟာ ဂျူဗင်တပ်စ်ကွင်းလယ်လူ ပီယာနစ် နဲ့ အပြောင်းအရွှေ့ကိစ္စ အလဲအထပ် လုပ်ရတော့မှာ ဖြစ်ပါတယ်။ သို့သော်လည်း စပိန်က သတင်းများအရ အာသာဟာ ၂၀၁၉-၂၀ ဘောလုံးရာသီကုန်တဲ့အထိ ဘာစီလိုနာအသင်းမှာပဲ ဆက်ရှိနေမယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ကာတာလန်ကလပ်အသင်းဟာ အသက် ၂၃ နှစ်အရွယ်ကစားသမား လာလီဂါ လက်ကျန်ရာသီ နဲ့ ချန်ပီယံလိဂ် ပြီးတဲ့အထိ ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ကို သြဂုတ်လအထိ ရွှေ့ဆိုင်းထားပါတယ်။ အာသာဟာ အင်္ဂါ့နေ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားမယ့် ဘာစီလိုနာအသင်းရဲ့ (၂၃) ယောက်လူစာရင်းမှာ ရွေးချယ်ခြင်း ခံထားရသူဖြစ်ပါတယ်။

နည်းပြ ဆက်တီယန်ရဲ့အသင်းဟာ ပိတ်ရက်က ကစားခဲ့တဲ့ စပိန်လာလီဂါ ပွဲမှာ ဆဲလ်တာဗီဂိုအသင်း နဲ့ (၂-၂) သရေကျခဲ့လို့ အမှတ်ပေးဇယား ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းထက် (၂) မှတ်လျော့နည်းသွားပါပြီ။နောက်ပိုင်းရလဒ်တွေ မကောင်းလို့ အသင်းဘုတ်အဖွဲ့ဟာ နည်းပြ ဆက်တီယန်ကို ရာသီအကုန်မှာ ရာထူးကနေ ဖယ်ရှားရန် စီစဉ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

 

ဂ်ဴဗင္တပ္စ္ နဲ႔ လက္တြဲမယ့္ အာသာ ဘာစီလိုနာအသင္းမွာပဲ ခ်န္ပီယံလိဂ္ျပီးတဲ့အထိ ဆက္ကစားမယ္

ျပီးခဲ့တဲ့အပတ္က ေဆးစစ္မႈ ခံယူျပီးေနာက္ ဘာစီလိုနာ ကြင္းလယ္ကစားသမား အာသာဟာ ဂ်ဴဗင္တပ္စ္ကြင္းလယ္လူ ပီယာနစ္ နဲ႔ အေျပာင္းအေရႊ႕ကိစၥ အလဲအထပ္ လုပ္ရေတာ့မွာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း စပိန္က သတင္းမ်ားအရ အာသာဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီကုန္တဲ့အထိ ဘာစီလိုနာအသင္းမွာပဲ ဆက္ရွိေနမယ္လို႔ သိရပါတယ္။

ဒါ့ေၾကာင့္ ကာတာလန္ကလပ္အသင္းဟာ အသက္ ၂၃ ႏွစ္အရြယ္ကစားသမား လာလီဂါ လက္က်န္ရာသီ နဲ႔ ခ်န္ပီယံလိဂ္ ျပီးတဲ့အထိ ဆက္လက္အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ကို ၾသဂုတ္လအထိ ေရႊ႕ဆိုင္းထားပါတယ္။ အာသာဟာ အဂၤါ့ေန႔ အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ ကစားမယ့္ ဘာစီလိုနာအသင္းရဲ႕ (၂၃) ေယာက္လူစာရင္းမွာ ေရြးခ်ယ္ျခင္း ခံထားရသူျဖစ္ပါတယ္။

နည္းျပ ဆက္တီယန္ရဲ႕အသင္းဟာ ပိတ္ရက္က ကစားခဲ့တဲ့ စပိန္လာလီဂါ ပြဲမွာ ဆဲလ္တာဗီဂိုအသင္း နဲ႔ (၂-၂) သေရက်ခဲ့လို႔ အမွတ္ေပးဇယား ဦးေဆာင္ေနတဲ့ ရီးရဲလ္မက္ဒရစ္အသင္းထက္ (၂) မွတ္ေလ်ာ့နည္းသြားပါျပီ။ေနာက္ပိုင္းရလဒ္ေတြ မေကာင္းလို႔ အသင္းဘုတ္အဖြဲ႔ဟာ နည္းျပ ဆက္တီယန္ကို ရာသီအကုန္မွာ ရာထူးကေန ဖယ္ရွားရန္ စီစဥ္ေနတယ္လို႔လည္း သတင္းေတြ ထြက္ေပၚလာပါတယ္။