နည်းပြဆက်တီယန်ကို ရာသီအကုန်မှာ ထုတ်ပယ်ရန် စီစဉ်နေတဲ့ ဘာစီလိုနာအသင်းဘုတ်အဖွဲ့

ဘာစီလိုနာအသင်းဟာ နည်းပြ ဆက်တီယန်ကို ရာသီအကုန်မှာ ထုတ်ပယ်ရန် စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၆၁ နှစ်အရွယ် နည်းပြကြီးဟာ ဇန်နဝါရီလက ဗယ်ဗာဒီနေရာမှာ ဝင်ရောက်လာသူဖြစ်ပေမယ့် အသင်းရဲ့ နာမည်ကျော်ကစားသမားတွေကို တာဝန်ယူထိန်းကျောင်းရာမှာ လိုအပ်ချက်တွေ ရှိနေပြီး ရုန်းကန်နေရသူဖြစ်ပါတယ်။ အသင်းဘုတ်အဖွဲ့ကလည်း ဘာစီလိုနာအသင်းရဲ့ နောက်ပိုင်းရလဒ်တွေကို သိပ်သဘောမကျဘူးလို့ သိရပါတယ်။

Goal က အဆိုအရ ဆက်တီယန် အနေနဲ့ အသင်းရဲ့ လာလီဂါ အမှတ်ပေးဖလား ကို ကာကွယ်ရန် မှ ကျဆုံးမှု ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလား ကနေ ထွက်ခွာခဲ့ရတာတွေဖြစ်လာခဲ့ရင် ဒီနွေရာသီမှာ ထွက်ခွာရမယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ဆက်တီယန်ကို ဒီနှစ်မှ (၂) နှစ် ခွဲစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် အလိုချင်ဆုံးနည်းပြ မဟုတ်ခဲ့ပါဘူး။

ဘက်တစ် နည်းပြဟောင်းဟာ အသင်းရဲ့ နာမည်ကျော်ကစားသမားတွေကို လွှမ်းမိုးရာမှာ ယုံကြည်မှု ပျောက်ဆုံးနေဟန်ရှိနေပါတယ်။သို့သော်လည်း စပိန်လူမျိုးနည်းပြအနေနဲ့ ဘာစီလိုနာအသင်းကို ဥရောပ နဲ့ ပြည်တွင်းမှာပါ အောင်မြင်မှု ရရှိအောင် လုပ်လို့ ရပါသေးတယ်။

ကာတာလန်ကလပ်အသင်းဟာ နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ် ပထမအကျော့မှာ သရေကျခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် ဘောလုံးပွဲများ ရပ်နားခဲ့ရတာဖြစ်ပါတယ်။ သိပ်မကြာခင်တုန်းက အသင်းဂန္တဝင် ဇာဗီကလည်း အနာဂတ်မှာ ဘာစီလိုနာအသင်းနည်းပြရာထူးကို ရယူရန် ပြင်ဆင်နေတယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။

 

နည္းျပဆက္တီယန္ကို ရာသီအကုန္မွာ ထုတ္ပယ္ရန္ စီစဥ္ေနတဲ့ ဘာစီလိုနာအသင္းဘုတ္အဖြဲ႔

ဘာစီလိုနာအသင္းဟာ နည္းျပ ဆက္တီယန္ကို ရာသီအကုန္မွာ ထုတ္ပယ္ရန္ စီစဥ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၆၁ ႏွစ္အရြယ္ နည္းျပၾကီးဟာ ဇန္န၀ါရီလက ဗယ္ဗာဒီေနရာမွာ ၀င္ေရာက္လာသူျဖစ္ေပမယ့္ အသင္းရဲ႕ နာမည္ေက်ာ္ကစားသမားေတြကို တာ၀န္ယူထိန္းေက်ာင္းရာမွာ လိုအပ္ခ်က္ေတြ ရွိေနျပီး ရုန္းကန္ေနရသူျဖစ္ပါတယ္။ အသင္းဘုတ္အဖြဲ႔ကလည္း ဘာစီလိုနာအသင္းရဲ႕ ေနာက္ပိုင္းရလဒ္ေတြကို သိပ္သေဘာမက်ဘူးလို႔ သိရပါတယ္။

Goal က အဆိုအရ ဆက္တီယန္ အေနနဲ႔ အသင္းရဲ႕ လာလီဂါ အမွတ္ေပးဖလား ကို ကာကြယ္ရန္ မွ က်ဆံုးမႈ ဒါမွမဟုတ္ ခ်န္ပီယံလိဂ္ဖလား ကေန ထြက္ခြာခဲ့ရတာေတြျဖစ္လာခဲ့ရင္ ဒီေႏြရာသီမွာ ထြက္ခြာရမယ္လို႔ သိရပါတယ္။ ဘာစီလိုနာအသင္းဟာ ဆက္တီယန္ကို ဒီႏွစ္မွ (၂) ႏွစ္ ခြဲစာခ်ဳပ္နဲ႔ ေခၚယူခဲ့တာျဖစ္ေပမယ့္ အလိုခ်င္ဆံုးနည္းျပ မဟုတ္ခဲ့ပါဘူး။

ဘက္တစ္ နည္းျပေဟာင္းဟာ အသင္းရဲ႕ နာမည္ေက်ာ္ကစားသမားေတြကို လႊမ္းမိုးရာမွာ ယံုၾကည္မႈ ေပ်ာက္ဆံုးေနဟန္ရွိေနပါတယ္။သို႔ေသာ္လည္း စပိန္လူမ်ိဳးနည္းျပအေနနဲ႔ ဘာစီလိုနာအသင္းကို ဥေရာပ နဲ႔ ျပည္တြင္းမွာပါ ေအာင္ျမင္မႈ ရရွိေအာင္ လုပ္လို႔ ရပါေသးတယ္။

ကာတာလန္ကလပ္အသင္းဟာ နာပိုလီအသင္းန႔ဲ ခ်န္ပီယံလိဂ္ ပထမအေက်ာ့မွာ သေရက်ခဲ့ျပီး ကိုဗစ္-၁၉ ေၾကာင့္ ေဘာလံုးပြဲမ်ား ရပ္နားခဲ့ရတာျဖစ္ပါတယ္။ သိပ္မၾကာခင္တုန္းက အသင္းဂႏၱ၀င္ ဇာဗီကလည္း အနာဂတ္မွာ ဘာစီလိုနာအသင္းနည္းျပရာထူးကို ရယူရန္ ျပင္ဆင္ေနတယ္လို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။