ရီးရဲလ်မှာရှိတုန်းက ဗော်ကာအရက်က အကောင်းဆုံးသူယ်ချင်းဖြစ်ခဲ့တယ်လို့ ပြောတဲ့ ဆနိုက်ဒါ

ရီးရဲလ်အသင်းမှာ ရှိစဉ်တုန်းက သူအတွက်အကောင်းဆုံးသူငယ်ချင်းက ဗော်ကာအရက်ဖြစ်ခဲ့ကြောင်း ကွင်းလယ်လူ ဆနိုက်ဒါက သူရဲ့အတ္ထုပ္ပတ္တိ မှာရေးသားဖော်ပြခဲ့ပါတယ်။ ၂၀၀၇-၀၈ ဘောလုံးရာသီတုန်းက ဆနိုက်ဒါဟာ ရီးရဲလ်အသင်း ကခေါ်ယူခဲ့တဲ့ နယ်သာလန်ကစားသမား ၃ယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ဒေးဗစ်ဘက်ခမ်းဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၃ ဂျာစီကို ဝတ်ဆင်ကစားခဲ့သူလည်းဖြစ်ပါတယ်။


ဆနိုက်ဒါဟာ ရီးရဲလ်အတွက် သူရဲ့ပထမဆုံးဘောလုံးရာသီမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး သွင်းဂိုး ၉ဂိုးအထိသွင်းယူခဲ့ကာ ရာသီ အကုန်မှာ ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ရီးရဲလ်အသင်းမှာ ၃ရာသီကြာကစားခဲ့တဲ့ ဆနိုက်ဒါဟာ နောက်ထပ်နှစ်ရာသီမှာ တော့ ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန်ပွဲထွက်ခွင့် မရခဲ့ဘဲ ၂၀၀၉ ခုနှစ်မှာ စီးရီးအေကလပ် အင်တာမီလန်အသင်းထံကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

လက်ရှိမှာ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဆနိုက်ဒါက “ အဲ့ဒီတုန်းက အသက်လည်းငယ်သေးသလို အောင်မြင်မှုအတွက် လည်း ပျော်ရွှင်ခဲ့ရပါတယ်။ မူးယစ်ဆေးဝါးမသုံးစွဲခဲ့ဘူးဆိုပေမယ့် အရက်နဲ့ ရော့ခ်သီချင်းတွေက ကျွန်တော်အတွက် အကောင်းဆုံးအဖော်တွေဖြစ်ခဲ့ပါတယ်။ဇနီးသည်နဲ့လည်း ကွဲခဲ့တဲ့အနေအထားမှာ ဗော်ကာအရက်က အကောင်းဆုံး သူငယ်ချင်းဖြစ်ခဲ့ပါတယ်။” လို့ ပြောခဲ့ပါတယ်။

ဆနိုက်ဒါက “ ရီးရဲလ်အတွက်ပွဲတွေအများကြီးကစားပေးနိုင်ခဲ့ပေမယ့် ခြေစွမ်းက အကောင်းဆုံးအနေအထားမှာ ရှိမနေခဲ့ပါ ဘူး။ နောက်ဆုံးမှာ ကျွန်တော်ရဲ့ ခြေစွမ်းဟာ ရီးရဲလ်အသင်းမှာကစားဖို့ မထိုက်တန်လာတာကြောင့် အသင်းပြောင်းခဲ့ပါ တယ်” လို့ ရေးသားခဲ့ပါတယ်။ ဆနိုက်ဒါဟာ ရီးရဲလ်ကနေ ထွက်သွားပြီးနောက်မှာ အင်တာမီလန်၊ ဂါလာတာစာရေး၊ နိုက်စ်နဲ့ ကာတာကလပ် အယ်ဂါရာဖာအသင်းတွေမှာ ကစားခဲ့ပါတယ်။