မက်ဆီထက် ဖရီးကစ်ကန်တာကောင်းတဲ့ အော်စကာ ကိုခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ဗီလာရီးရဲလ်

ဗီလာရီးရဲလ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ လီဂါနက်စ်အသင်းကို အဌားချထားပြီး ခြေစွမ်းပြနေတဲ့ ကွင်းလယ် လူ အော်စကာကို ပေါင် ၁၀သန်းနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အော် စကာ ဟာ ဒီရာသီမှာ လီဂါနက်စ်အသင်းအတွက် ခြေစွမ်းပြကစားနေတဲ့သူဖြစ်ပြီး လက်ရှိမှာ သွင်းဂိုး ၉ဂိုးအထိသွင်းယူ ထားနိုင်ပြီး အသင်းအတွက် ဂိုးသွင်းအများဆုံးကစားအဖြစ် ရပ်တည်နေပါတယ်။


ဒီရာသီမှာ လီဂါနက်စ်အသင်းအတွက် ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူပေးနေတဲ့ အော်စကာကို မီဒီယာတွေက ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပြီး စစ်တမ်းတစ်ခုရဲ့ ဖော်ပြချက်အရဆိုရင် အော်စကာဟာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီထက် ပြစ်ဒဏ် ဘောကနေတဆင့် ဂိုးသွင်းယူတာ ပိုကောင်းတယ်လို့ သိရပါတယ်။ အော်စကာဟာ ပြစ်ဒဏ်ဘော ၁၆ ကြိမ် ကန်သွင်းခဲ့ ရာမှာ ၄ဂိုးအထိ ရရှိခဲ့ပြီး မက်ဆီကတော့ ၂၇ ကြိမ်ကန်သွင်းရာမှာ ၄ဂိုးဝင်ခဲ့ပေမယ့် ရာခိုင်နှုန်းအရ အော်စကာက ပိုပြီး စွမ်းဆောင်ရည် ကောင်းတယ်လို့ ဖော်ပြခံရတာဖြစ်ပါတယ်။

လီဂါနက်စ်အသင်းဟာ တိုက်စစ်မှူးတွေဖြစ်တဲ့ ဘရေဝေ့ချ်ကို ဘာစီလိုနာ၊ ယူဆက်အန်နက်စရီကို ဆီဗီလာအသင်းတွေ ထံရောင်းချခဲ့ပြီးနောက် ကွင်းလယ်ကစားသမားဖြစ်တဲ့ အော်စကာကို တိုက်စစ်မှာ ကစားစေခဲ့တာဖြစ်ပါတယ်။ အော်စကာ ဟာ လီဂါနက်အသင်းကို ၂၀၁၇ ခုနှစ်ကတည်းက ရီးရဲလ်မက်ဒရစ်အသင်းထံကနေ အဌားချထားခြင်းခံရသူလည်း ဖြစ်ပါတယ်။

လီဂါနက်စ်ဟာ လက်ရှိလာလီဂါပွဲစဉ် ၃၁ ကစားပြီးချိန်မှာ အမှတ်ပေးဇယားအဆင့်-၁၉ နေရာမှာရောက်ရှိနေပြီး တန်းမ ဆင်းရဖို့အတွက် ရုန်းကန်နေရတဲ့အနေအထားပါ။ဒီလိုအနေအထားတွေကြောင့် အော်စကာရဲ့ အသင်းပြောင်းမယ့်သတင်း တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ အော်စကာကတော့ မိခင်ကလပ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာပုံမှန်ပွဲထွက်ခွင့် ရဖို့ မလွယ်တာကြောင့် အခြားအသင်းကို ပြောင်းရွှေ့ချင်တယ်လို့ သိရပါတယ်။