သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေကို ငြင်းပယ်ပြီး ဘာစီလိုနာ မှာပဲ ဆက်နေမယ်လို့ တုံ့ပြန်လိုက်တဲ့ ဗီဒယ်

ဘာစီလိုနာ အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဗီဒယ် က ဒီနွေရာသီကုန်မှာ နူးကမ့် ကနေထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကိုငြင်းဆန်သွားခဲ့ပြီး ဒီမှာ ဆက်ရှိနေမယ်လို့ ပြောကြားလိုက်ပါတယ်။ဘာစီလိုနာ အသင်းနဲ့ ဗီဒယ် တို့ဟာ ဒီနွေရာသီမှာ လမ်းခွဲဖို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး စီးရီးအေကို ရောက်နိုင်တဲ့အခြေအနေတွေရှိနေခဲ့တာပါ။ဘာစီလိုနာ အသင်းဟာ အစောပိုင်းတုန်းက ဂျုဗင်တပ်စ် ကွင်းလယ်လူ ပီယာနစ် ကို ခေါ်ယူဖို့ အတွက် ဗီဒယ် ကို အလိုက်ပေးကမ်းလှမ်းဖို့ပြင်ဆင်ထားနေတာပါ။


ဒါပေမဲ့ AS သတင်းဌာနနဲ့တွေ့ဆုံရာမှာတော့ ဗီဒယ် က ‘ ကျွန်တော်ဒီမှာ ပျော်ရွှင်နေပါတယ်၊ နေရတာလည်း အဆင်ပြေတာကြောင့်မို့ ကျွန်တော် ဘာစီလိုနာ မှာပဲ ဆက်ရှိနေမယ်ဆိုတာ သေချာပါတယ်ပြီးတော့အခု အရင်ကထက်ပိုပြီးကောင်းမွန်ဖို့ပြင်ဆင်ထားတယ်ကျွန်တော်တို့အစုအဖွဲ့ဟာ အရမ်းရင်းနှီးကြပြီးတော့ အဝတ်လဲခန်းအတွင်းမှာလည်းကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိနေပါတယ်လက်ရှိမှာ ရုပ်ပိုင်းဆိုင်ရာအရမ်းကောင်းမွန်တယ်လို့ ခံစားရပြီးတော့ နောက်ဒီထက်ပိုကောင်းလာဦးမှာပါကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ ကိုယ့်ကိုကို ပြင်ဆင်ဖို့အချိန်တွေအများကြီးမရှိခဲ့ဘူးအခုဒီအတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေ ချထားပြီပြီဖြစ်လို့ လာမယ့် ချန်ပီယံလိဂ် နဲ့ လာလီဂါ အတွက် အဆင်သင့်ဖြစ်နေပါပြီ ’ လို့ ပြောကြားသွားခဲ့ပါတယ်။

ဗီဒယ် ဟာ ဒီရာသီမှာ ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရပြီး ဒီဂျောင် နဲ့ အာသာ တို့ရဲ့နောက်မှာ သာ ရှိနေခဲ့ရတာပါ။ဒါကြောင့် အစောပိုင်းတုန်းက နူးကမ့်မှာ အဆင်မပြေတဲ့အခြေအနေတွေကြုံခဲ့ပြီး ဘာစီလိုနာ ဘက်ကလည်းစာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ရာကီတစ် နဲ့ ဗီဒယ် တို့နှစ်ဦးကို ရောင်းချချင်နေတာဖြစ်ပါတယ်။

Zawgyi

သူ႕ရဲ႕အေျပာင္းအေရႊ႕သတင္းေတြကို ျငင္းပယ္ျပီး ဘာစီလိုနာ မွာပဲ ဆက္ေနမယ္လို႔ တုံ႔ျပန္လိုက္တဲ႔ ဗီဒယ္

ဘာစီလိုနာ အသင္းရဲ႕ ကြင္းလယ္ကစားသမားျဖစ္သူ ဗီဒယ္ က ဒီေႏြရာသီကုန္မွာ ႏူးကမ္႔ ကေနထြက္ခြာေတာ႔မယ္ဆိုတဲ႔ သတင္းေတြကိုျငင္းဆန္သြားခဲ႔ျပီး ဒီမွာ ဆက္ရွိေနမယ္လို႔ ေျပာၾကားလိုက္ပါတယ္။ဘာစီလိုနာ အသင္းနဲ႔ ဗီဒယ္ တုိ႔ဟာ ဒီေႏြရာသီမွာ လမ္းခြဲဖို႔ သတင္းေတြထြက္ေပၚေနတာျဖစ္ျပီး စီးရီးေအကို ေရာက္ႏုိင္တဲ႔အေျခအေနေတြရွိေနခဲ႔တာပါ။ဘာစီလိုနာ အသင္းဟာ အေစာပိုင္းတုန္းက ဂ်ဳဗင္တပ္စ္ ကြင္းလယ္လူ ပီယာနစ္ ကို ေခၚယူဖို႔ အတြက္ ဗီဒယ္ ကို အလိုက္ေပးကမ္းလွမ္းဖို႔ျပင္ဆင္ထားေနတာပါ။

ဒါေပမဲ႔ AS သတင္းဌာနနဲ႔ေတြ႕ဆံုရာမွာေတာ႔ ဗီဒယ္ က ‘ ကြ်န္ေတာ္ဒီမွာ ေပ်ာ္ရႊင္ေနပါတယ္၊ ေနရတာလည္း အဆင္ေျပတာေၾကာင္႔မို႔ ကြ်န္ေတာ္ ဘာစီလိုနာ မွာပဲ ဆက္ရွိေနမယ္ဆိုတာ ေသခ်ာပါတယ္ျပီးေတာ႔အခု အရင္ကထက္ပုိျပီးေကာင္းမြန္ဖို႔ျပင္ဆင္ထားတယ္ကြ်န္ေတာ္တို႔အစုအဖြဲ႔ဟာ အရမ္းရင္းႏွီးၾကျပီးေတာ႔ အ၀တ္လဲခန္းအတြင္းမွာလည္းေကာင္းမြန္တဲ႔ဆက္ဆံေရးေတြရွိေနပါတယ္လက္ရွိမွာ ရုပ္ပိုင္းဆိုင္ရာအရမ္းေကာင္းမြန္တယ္လို႔ ခံစားရျပီးေတာ႔ ေနာက္ဒီထက္ပိုေကာင္းလာဦးမွာပါကြ်န္ေတာ္႔ရဲ႕ ကစားသမားဘ၀တစ္ေလွ်ာက္မွာ ကိုယ္႔ကိုကို ျပင္ဆင္ဖို႔အခ်ိန္ေတြအမ်ားၾကီးမရွိခဲ႔ဘူးအခုဒီအတြက္ ေကာင္းမြန္တဲ႔ အစီအစဥ္ေတြ ခ်ထားျပီျပီျဖစ္လို႔ လာမယ္႔ ခ်န္ပီယံလိဂ္ န႔ဲ လာလီဂါ အတြက္ အဆင္သင္႔ျဖစ္ေနပါျပီ ’ လို႔ ေျပာၾကားသြားခဲ႔ပါတယ္။

ဗီဒယ္ ဟာ ဒီရာသီမွာ ပြဲထြက္ခြင္႔အတြက္ ရုန္းကန္ေနရျပီး ဒီေဂ်ာင္ နဲ႔ အာသာ တို႔ရဲ႕ေနာက္မွာ သာ ရွိေနခဲ႔ရတာပါ။ဒါေၾကာင္႔ အေစာပိုင္းတုန္းက ႏူးကမ္႔မွာ အဆင္မေျပတဲ႔အေျခအေနေတြၾကံဳခဲ႔ျပီး ဘာစီလိုနာ ဘက္ကလည္းစာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ႔မယ္႔ ရာကီတစ္ နဲ႔ ဗီဒယ္ တို႔ႏွစ္ဦးကို ေရာင္းခ်ခ်င္ေနတာျဖစ္ပါတယ္။

#Vidal #Barcelona #Myanball