အွန်နရီကို အနာဂတ်နည်းပြအဖြစ် စဉ်းစားနေတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ အာဆင်နယ်နဲ့ သူတို့အသင်းရဲ့ ကစားသမားဟောင်း အွန်နီရီကို အနာဂတ် နည်းပြအဖြစ် စဉ်းစားနေတယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ ကာတာလန်အသင်းဟာ လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေသော်လည်း လက်ရှိ နည်းပြ ဗယ်ဗာဒီဟာ နူးကမ့်မှာ ကာလရှည်ကိုင်တွယ်နိုင်မယ့် ကိစ္စနဲ့ ပတ်သတ်ပြီး ဖိအားတွေ ရှိနေသူဖြစ်ပါတယ်။ဗယ်ဗာဒီလက်ထက်မှာ ဘာစီလိုနာအသင်းဟာ ပြည်တွင်းမှာ အောင်မြင်မှုတွေ အထိုက်အလျောက်ရရှိနေခဲ့သော်လည်း ဥရောပမှာ အောင်မြင်မှု ကြီးကြီးမားမား မရခဲ့တာကြာပါပြီ။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်တုန်းကလည်း လီဗာပူးအသင်းကို အိမ်ကွင်းမှာ ဂိုး ပြတ် အနိုင်ရခဲ့သော်လည်း အဝေးကွင်းမှာ ဂိုးပြတ်ပြန်လည်အရှုံးပေးခဲ့ရလို့ ဆီမီးဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ဘာစီလိုနာအသင်းဟာ ရလဒ်တွေ မတည်မငြိမ် ဖြစ်တဲ့အခါတိုင်း နည်းပြအပြောင်းအလဲ လုပ်မလားလို့ ပရိသတ်တွေက ထင်နေခဲ့သော်လည်း အသင်းဟာ သူတို့ရဲ့ လမ်းစဉ်အတိုင်း ဖြစ်နိုင်ဖွယ်လောက်တဲ့ အစားထိုးမှုကို မတွေ့ပဲ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။

Image result for henry barcelona

အွန်နရီဟာ မနှစ်က မိုနာကိုအသင်းကို ကိုင်တွယ်ခဲ့သော်လည်း ရလဒ်တွေ အလွန်ဆုးိရွားခဲ့လို့ ထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ။် ပြင်သစ်လူမျိုးနည်းပြဟာ ဘယ်လ်ဂျီယံနည်းပြ ရော်ဘတ်တို မာတီနက်ဇ်ရဲ့ လက်ထောက်အဖြစ်လည်း ဘယ်လ်ဂျီယံအသင်းမှာ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။သတင်းများရဲ့ အဆိုအရ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ နောက်ထပ်နည်းပြကို အသင်းရဲ့ အရည်အသွေးဖြစ်တဲ့ တိုက်စစ်ဦးစားပေး ကစားဟန်ကို အသုံးပြုမယ့် နည်းပြမျိုးကို လိုချင်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။