၂၀၁၉ ခုနှစ် ဘောလွန်းဒီအောဆုရှင် မက်ဆီက သမိုင်းမှာ အကောင်းဆုံးတွေထဲတစ်ယောက်ဖြစ်တယ်လို့ ဆိုလိုက်တဲ့ လီဝန်ဒေါစကီး

  ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက မက်ဆီဟာ သမိုင်းထဲက အကောင်းဆုံးတစ်ယောက်လို့ (၆) ကြိမ်မြောက်ဘောလွန်းဒီအောဆုကို ဘာစီလိုနာကြယ်ပွင့် က ရရှိသွားပြီးနောက် ပြောသွားခဲ့ပါတယ်။ မက်ဆီဟာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်နဲ့ ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်ဒိုကို ကျော်လွန်ပြီး ပဲရစ်မှာ တနလာၤနေ့က အဆိုပါဆုကို ဆွတ်ခူးရရှိသွားပါတယ်။ ဘောလွန်းဒီအော ဆု စာရင်းမှာ လီဝန်ဒေါစကီးဟာ အဆင့် (၈) နေရာတွင် ရပ်တည်ခဲ့ပြီး မက်ဆီရဲ့ ဆယ်စုနှစ်ကြာ လွှမ်းမိုးနိုင်ခဲ့တဲ့ ခြေစွမ်းနဲ့ပတ်သတ်ပြီး ဂုဏ်ပြု ပြောသွားခဲ့တာ ဖြစ်ပါတယ်။

“ဟုတ်ပါတယ်။ သူဟာ ကြီးကျယ်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ သူ့ကို ဂုဏ်ပြုစကားပဲ ပြောနိုင်ပါတယ်။ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ မနှစ်ကကတည်းက အကောင်းဆုံးမဟုတ်ပါဘူး။ သမိုင်းထဲက အကောင်းဆုံးတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကစားသမားတွေ အများကြီး နဲ့ တွေ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ကွင်းထဲမှာ တွေ့ရတာကို ဝမ်းသာပါတယ်။ အခုကတော့ မတူတဲ့ တစ်ခုခုပေါ့။ သေချာတာကတော့ သူဟာ အကြီးကျယ်ဆုံး ကစားသမားတစ်ယောက်ပါ။ ဒါဟာ မနှစ်ကပဲ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်ကတည်းကပါ” လို့ သူက သတင်းထောက်များကို ပြောသွားခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ယခုနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၂၁ ဂိုး သွင်းထားပြီး အောင်မြင်တဲ့ ရာသီကို ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဂျာမန်ဘီလူးဟာ လက်ရှိဘွန်ဒါလီဂါတွင် အဆင့် (၄) နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးက မိုချင်ဂလက်ဘတ် နဲ့ (၄) မှတ်ကွာဟနေပါတယ်။ သို့သေ်ာလည်း လီဝန်ဒေါစကီးက သူ့အသင်းဟာ တိုးတက်နေဆဲဖြစ်တယ်လို့ ခံစားနေရပါတယ်။

“ကျွန်တော်တို့ ဒီနှစ်ဘောလုံးရာသီလုပ်နေတာတွေ နဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ တက်လှမ်းနိုင်ခဲ့တာတွေက နောက်နှစ်နဲ့ မတူဘူးလို့ ထင်ပါတယ်။ နောက်နှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီထက်ပိုကောင်းလာနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ ကျွန်တော့်အထင် နောက်နှစ်ဟာ ဒီထက် ပိုထူးခြားပြီး ဒီထက်ပိုကြီးမားတဲ့အရာ တွေလုပ်နိုင်မယ်လို့ ထင်ပါတယ်” လို့ လီဝန်ဒေါစကီးက ပြောသွားခဲ့ပါတယ်။


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344