ဂျိမ်းစ်ရိုဒရီဂွက်ဇ်အပြင် ပေါင်သန်း ၇၀ အလိုက်ပေးပြီး အူဘာမီယန်းကို ကမ်းလှမ်းဖို့ ရီးရဲလ် ပြင်ဆင်

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့အတွက် ရီးရဲလ်အသင်းက ဂျိမ်းစ်ရိုဒရီဂွက်ဇ်အပြင် ပေါင်သန်း ၇၀ အလိုက်ပေးပြီး ကမ်းလှမ်းဖို့ ရှိနေတယ်လို့ စပိန်မီဒီယာတစ်ခုက ဖော်ပြပါတယ်။ ကိုလံဘီယာကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ လှပတဲ့သွင်းဂိုးတွေနဲ့အတူ ရွှေဖိနပ်ဆု ဆွတ်ခူးခဲ့သူပါ။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ရီးရဲလ်ကို ရောက်လာချိန်မှာ ခြေစွမ်းမပြနိုင်ခဲ့သလို နည်းပြတော်တော်များများကလည်း သူ့ကို အကြိုက်မတွေ့ခဲ့ပါဘူး။

သူဟာ ဘိုင်ယန်မြူးနစ်မှာ ၂ ရာသီကြာ အငှားသွားရောက်ကစားခဲ့ပြီး ဒီရာသီမှာတော့ ရီးရဲလ်ကို ပြန်ရောက်နေပါတယ်။ ဒါပေမဲ့ ရီးရဲလ်နည်းပြ ဇီဒန်းက အူဘာမီယန်းကို ခေါ်ယူဖို့အတွက် ဂျိမ်းစ်ကို အသုံးချဖို့ ပြင်ဆင်နေပါတယ်။ အသက် ၃၀ အရွယ်ရှိတဲ့ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းကို ၂၀၁၈ ခုနှစ်မှာ နည်းပြ(ဟောင်း)အာစင်ဝင်းဂါးက ခေါ်ယူခဲ့တာပါ။ သူဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ(၁၆)ပွဲ ကစားပြီး (၁၀)ဂိုးသွင်းနိုင်ခဲ့သူပါ။

ပရီးမီးယားလိဂ်မှာ ပွဲစဉ်(၅၅)ပွဲ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ဂိုး(၄၀)ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းက သူ့ကို အသင်းခေါင်းဆောင် ခန့်အပ်ခဲ့ပေမဲ့ အူဘာမီယန်းက လာမယ့်နွေရာသီမှာ အသင်းပြောင်းချင်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ဖရန့်ဖတ်တိုက်စစ်မှူး လူကာဂျိုဗစ်ကလည်း ရီးရဲလ်မှာ ပုံမှန်ခြေစွမ်း မပြနိုင်သေးပါဘူး။ အဲဒီအတွက် ဇီဒန်းက တိုက်စစ်ပိုင်း အပြောင်းအလဲလုပ်ချင်နေပြီး လီဗာပူးအသင်းရဲ့ (၃)ယောက်တွဲ တိုက်စစ်ကို ပခုံးချင်းယှဉ်နိုင်မယ့် တိုက်စစ် တည်ဆောက်ချင်နေပါတယ်။

ဇီဒန်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ဟာဇက်၊ အူဘာမီယန်း၊ ပီအက်စ်ဂျီ တောင်ပံကစားသမား အမ်ဘာပေတို့နဲ့အတူ ကမ္ဘာကျော် ၃ ယောက်တွဲ တိုက်စစ်ဖန်တီးဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ရီးရဲလ်မှာ ဆက်နေပြီး ပွဲထွက်ကစားခွင့်ရအောင် ကြိုးစားချင်နေတယ်လို့ မာကာသတင်းစာက ဖော်ပြပါတယ်။

ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္အျပင္ ေပါင္သန္း ၇၀ အလုိက္ေပးၿပီး အူဘာမီယန္းကုိ ကမ္းလွမ္းဖုိ႔ ရီးရဲလ္ ျပင္ဆင္

အာဆင္နယ္တုိက္စစ္မွဴး အူဘာမီယန္းကုိ ေခၚယူဖုိ႔အတြက္ ရီးရဲလ္အသင္းက ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္အျပင္ ေပါင္သန္း ၇၀ အလုိက္ေပးၿပီး ကမ္းလွမ္းဖုိ႔ ရွိေနတယ္လုိ႔ စပိန္မီဒီယာတစ္ခုက ေဖာ္ျပပါတယ္။
ကုိလံဘီယာကြင္းလယ္လူ ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္ဟာ ၂၀၁၄ ဘရာဇီးကမာၻ႔ဖလားၿပိဳင္ပြဲမွာ လွပတဲ့သြင္းဂုိးေတြနဲ႔အတူ ေရႊဖိနပ္ဆု ဆြတ္ခူးခဲ့သူပါ။ ဒါေပမဲ့ အဲဒီေနာက္ပုိင္း ရီးရဲလ္ကုိ ေရာက္လာခ်ိန္မွာ ေျခစြမ္းမျပႏုိင္ခဲ့သလုိ နည္းျပေတာ္ေတာ္မ်ားမ်ားကလည္း သူ႔ကုိ အႀကိဳက္မေတြ႕ခဲ့ပါဘူး။

သူဟာ ဘုိင္ယန္ျမဴးနစ္မွာ ၂ ရာသီၾကာ အငွားသြားေရာက္ကစားခဲ့ၿပီး ဒီရာသီမွာေတာ့ ရီးရဲလ္ကုိ ျပန္ေရာက္ေနပါတယ္။ ဒါေပမဲ့ ရီးရဲလ္နည္းျပ ဇီဒန္းက အူဘာမီယန္းကုိ ေခၚယူဖုိ႔အတြက္ ဂ်ိမ္းစ္ကုိ အသုံးခ်ဖုိ႔ ျပင္ဆင္ေနပါတယ္။ အသက္ ၃၀ အရြယ္ရွိတဲ့ ဂါဘြန္တုိက္စစ္မွဴး အူဘာမီယန္းကုိ ၂၀၁၈ ခုႏွစ္မွာ နည္းျပ(ေဟာင္း)အာစင္ဝင္းဂါးက ေခၚယူခဲ့တာပါ။ သူဟာ ဒီရာသီမွာ အာဆင္နယ္အတြက္ ၿပိဳင္ပြဲစုံ(၁၆)ပြဲ ကစားၿပီး (၁၀)ဂုိးသြင္းႏုိင္ခဲ့သူပါ။

ပရီးမီးယားလိဂ္မွာ ပြဲစဥ္(၅၅)ပြဲ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး ဂုိး(၄၀)ဂုိးသြင္းႏုိင္ခဲ့ပါတယ္။ အာဆင္နယ္အသင္းက သူ႔ကုိ အသင္းေခါင္းေဆာင္ ခန္႔အပ္ခဲ့ေပမဲ့ အူဘာမီယန္းက လာမယ့္ေႏြရာသီမွာ အသင္းေျပာင္းခ်င္ေနတယ္လုိ႔ သတင္းေတြက ေဖာ္ျပပါတယ္။ ေႏြရာသီ အေျပာင္းအေရႊ႕မွာ ေခၚယူထားတဲ့ ဖရန္႔ဖတ္တုိက္စစ္မွဴး လူကာဂ်ဳိဗစ္ကလည္း ရီးရဲလ္မွာ ပုံမွန္ေျခစြမ္း မျပႏုိင္ေသးပါဘူး။ အဲဒီအတြက္ ဇီဒန္းက တုိက္စစ္ပုိင္း အေျပာင္းအလဲလုပ္ခ်င္ေနၿပီး လီဗာပူးအသင္းရဲ႕ (၃)ေယာက္တြဲ တုိက္စစ္ကုိ ပခုံးခ်င္းယွဥ္ႏုိင္မယ့္ တုိက္စစ္ တည္ေဆာက္ခ်င္ေနပါတယ္။

ဇီဒန္းဟာ ေႏြရာသီ အေျပာင္းအေရႊ႕မွာ ေခၚယူထားတဲ့ ဟာဇက္၊ အူဘာမီယန္း၊ ပီအက္စ္ဂ်ီ ေတာင္ပံကစားသမား အမ္ဘာေပတုိ႔နဲ႔အတူ ကမာၻေက်ာ္ ၃ ေယာက္တြဲ တုိက္စစ္ဖန္တီးဖုိ႔ ဆႏၵရွိေနပါတယ္။ ဒါေပမဲ့ ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္က ရီးရဲလ္မွာ ဆက္ေနၿပီး ပြဲထြက္ကစားခြင့္ရေအာင္ ႀကိဳးစားခ်င္ေနတယ္လုိ႔ မာကာသတင္းစာက ေဖာ္ျပပါတယ္။