မက်ဆီက သံသယဝင်စရာမလိုတဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားပါ-ဘာတိုမြူ

ဘာစီလိုနာအသင်းဥက္ကဌ ဂျိုးဆပ်မာရီယာ ဘာတိုမြူက လီယွန်နယ်မက်ဆီက သမိုင်းတစ်လျှောက်ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိ မက်ဆီဟာ ကစားသမားဘဝအောင်မြင်တဲ့ နှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ပြီးနောက် တနလာၤနေ့တွင် (၆) ကြိမ်မြော်က စံချိန်တင် ဘောလွန်းဒီအောဆုကို ရရှိမယ်လို့ ခန့်မှန်းပေးထားကြပါတယ်။

အာဂျင်တီးနား တိုက်စစ်ကစားသမားဟာ မကြာခဏဆိုသလို ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် မာရာဒိုနာ၊ ပီလီ နဲ့ ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်ပြောဆိုမှုတွေ ခံနေရပါတယ်။ သို့သော်လည်း ဘာတိုမြူက မက်ဆီက ထာဝရအကောင်းဆုံ ကစားသမားဖြစ်တယ်ဆိုတာကို လုံး၀ သံသယမဖြစ်မိဘူးလို့ သောကြာနေ့က ကလပ်အသင်းရဲ့ ၁၂၀ နှစ်ပြည့် အခမ်းအနားတါင် ပြောသွားခဲ့ပါတယ်။

“မက်ဆီက ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားဆိုတာ လုံး၀ သံသယမရှိပါဘူး။ သူဟာ ကမ္ဘာ့ဘောလုံးနဲ့ပတ်သတ်တဲ့ ကြီးမားတဲ့ အမှတ်အသားလုပ်ထားသူပါ။ ဘာစီလိုနာမှာ ရွှေဖိနပ်ဆု (၆) ဆု နဲ့ ဘောလွန်းဒီအောဆု (၅) ဆုပိုင်ဆိုင်ထားတဲ့ ကစားသမားနဲ့ အောင်မြင်နေတဲ့ ကလပ်အသင်း ကမ္ဘာမှာ မရှိပါဘူး။ သူဟာ တစ်ကယ့်ကို ထူးခြားပါတယ်။ ပွဲကို အပြောင်းအလဲလုပ်နိုင်စွမ်းရှိပြီး မယုံနိုင်စရာကောင်းတဲ့ အခိုက်အတန့်တွေကို ဖန်တီးနိုင်သူဖြစ်ပါတယ်။

ဒါတွေဟာ ကျွန်တော်တို့ကို အများကြီး ကူညီပေးခဲ့တာပါ။ အကြိမ်များစွာ အခြားအရာတွေနဲ့ နှိုင်းယှဉ်ခံရတာတွေ၊ ကောင်းမွန်တဲ့ ခေတ်တစ်ခေတ်ကို ဖန်တီးပြီး ကျွန်တော်တို့တိုဟာ ဒီခေတ်ကို အသင်းနဲ့ မက်ဆီ အတူ ပြောင်းလဲနိုင်ခဲ့ပါပြီ” လို့ အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပြီး တနင်္ဂနွေနေ့တွင် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။