အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ကစားမယ့် ဂျူဗင်တပ်စ်အသင်းလူစာရင်းမှာ ပါဝင်လာတဲ့ ရော်နယ်ဒို

ခရစ္စတီယာနို ရော်နယ်ဒိုဟာ အင်္ဂါနေ့ညမှာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ကစားမယ့် ဂျူဗင်တပ်စ်အသင်းလူစာရင်းမှာ ပါဝင်လာပြီဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်း ယခုတစ်ပတ်ကစားခဲ့တဲ့ အတ္တလန္တာအသင်းနဲ့ စီးရီးအေ ပွဲမှာ ပါဝင်ခဲ့ခြင်းမရှိလို့ တူရင်မှာ ကစားမယ့် ချန်ပီယံလိဂ် အုပ်စု (D ) ပွဲကို ပါဝင်ကစားနိုင်ပါ့မလားလို့ သံသတွေရှိခဲ့ပါတယ်။

သို့သော် နည်းပြဆာရီက အသင်းရဲ့ လူစာရင်းကို မျှတသုံးစွဲဖို့ လိုအပ်တယ်လို့ ပြောသွားခဲ့ပြီးနောက် ပေါ်တူဂီ စူပါကြယ်ပွင့်ဟာ ဂျူဗင်တပ်စ်အသင်းရဲ့ အယောက် (၂၀) စာရင်းမှာ ဒီလစ်၊ ဘာနာဒက်ချီ တို့နဲ့အတူ ပါဝင်လာပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ နိုင်ငံတကာပွဲများ မကစားစဉ်က ဂျူဗင်တပ်စအသင်းရဲ့ လိဂ်ပွဲ (၂) ပွဲမှာ လူစားလဲဝင်ရောက်ကစားခဲ့ရပြီးနောက် သူ နဲ့ ဆာရီတို့ (၂) ယောက်စလုံးက သူတို့ကြားဆက်ဆံရေးမှာ ဘာပြဿနာမှ မရှိကြောင်း နှစ်ဖက်စလုံးက ငြင်းဆန်သွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ဟက်ထရစ် (၄) ကြိမ်အပါဝင် ပြိုင်ပွဲစုံ (၂၅) ဂိုးအထိ သွင်းယူထားသူဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တုန်းကလည်း အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ နောက်တစ်ဆင့်တက်မယ့် အဆုံးအဖြတ်ပွဲတွင် (၃) ဂိုး ဟက်ထရစ်သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ အုပ်စု ( D ) တွင် အက်သလက်တီကို မက်ဒရစ်အသင်းထက် (၃) မှတ်အသာနဲ့ ဇယားထိပ်ဆုံးတွင် ရပ်တည်နေပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေကော်ငးများ ပိုင်ဆိုင်ထားပါတယ်။


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344