ဖာဂူဆန်က အကြံဉာဏ်ယူခဲ့ပြီးနောက် အောင်မြင်နေတဲ့ စတီဗင်ဂျရတ်က ဒုတိယကလော့ပ်ဖြစ်လာနိုင်တယ်လို့ ဖော်ပြခံရ


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ရိန်းဂျားစ်အနေနဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံဆုအတွက် အဓိကယှဉ်ပြိုင် ဘက်ဖြစ်တဲ့ ဆဲလ်တစ်ကို ၂၃ မှတ်အထိ ဖြတ်ထားနိုင်တယ်လို့ သိရပါတယ်။ လီဗာပူးကစားသမားဟောင်း စတီဗင်ဂျရတ် ကိုင်တွယ်နေတဲ့ ရိန်းဂျားစ်အသင်းဟာ ဒီရာသီခြေစွမ်းကောင်းရနေပြီး စကော့တလန်လိဂ်ရဲ့ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ဖို့များနေသလို ဆဲလ်တစ်အသင်းရဲ့ စကော့တလန်လိဂ် ၁၀ နှစ်ဆက်ချန်ပီယံဖြစ်ရေး အိပ်မက်ကိုလည်း တားဆီး နိုင်ဖို့ များနေတယ်ဆိုပြီး သတင်းတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။


၂၀၁၈ ခုနှစ်နွေရာသီမှာ ရိန်းဂျားစ်အသင်းကို ကိုင်တွယ်ခဲ့ပြီးနောက် အောင်မြင်မှုမရသေးပေမယ့် အသင်းကောင်းတစ်သင်း ကို တည်ဆောက်နိုင်ခဲ့တာကြောင့် စတီဗင်ဂျရတ်အနေနဲ့ နည်းပြကောင်းတစ်ယောက်အဖြစ် ဖော်ပြခံနေရတာလည်းဖြစ်ပါ တယ်။ ကစားသမားဘဝတုန်းက နာမည်ကျော်ခဲ့ပြီး အောင်မြင်မှုတွေရခဲ့တဲ့ ဂျရတ်အနေနဲ့ နည်းပြအဖြစ် မလုပ်ကိုင်ခင်မှာ နည်းပြတွေဆီက အကြံဉာဏ်တွေ ယူခဲ့ပြီး ယူနိုက်တက်အသင်းနည်းပြဟောင်းကြီး ဆာအဲလက်ဖာဂူဆန်ဆီကလည်း ယူခဲ့ တယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


ပြီးခဲ့တဲ့ရာသီကတည်းက ရိန်းဂျားစ်အသင်းကို အကောင်းဆုံး ဖြစ်အောင်တည်ဆောက်လာနိုင်ပြီးနောက်မှာ ဂျရတ်အနေနဲ့ အနာဂတ်မှာ လီဗာပူးအသင်းကို ကိုင်တွယ်လာနိုင်ခဲ့ပြီး လက်ရှိနည်းပြ ကလော့ပ်လိုမျိုး အသင်းကို အောင်မြင်မှုတွေရ အောင် စွမ်းဆောင်နိုင်မယ့်သူလို့ ဖော်ပြခံခဲ့ရပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီးတော့ ဂျရတ်က “ ဘောလုံးလောကမှာ အပြောင်းအလဲတွေ အများကြီးဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အားလုံးလက်ရှိအချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ပါ။ ပြိုင်ပွဲမပြီးသေးတာကြောင့် ပြိုင်ဘက်အသင်းတွေကို လေးစားမှု ရှိရပါမယ်” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ဖာဂူဆန္က အၾကံဉာဏ္ယူခဲ့ၿပီးေနာက္ ေအာင္ျမင္ေနတဲ့ စတီဗင္ဂ်ရတ္က ဒုတိယကေလာ့ပ္ျဖစ္လာႏိုင္တယ္လို႔ ေဖာ္ျပခံရ
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ ရိန္းဂ်ားစ္အေနနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ခ်န္ပီယံဆုအတြက္ အဓိကယွဥ္ၿပိဳင္ ဘက္ျဖစ္တဲ့ ဆဲလ္တစ္ကို ၂၃ မွတ္အထိ ျဖတ္ထားႏိုင္တယ္လို႔ သိရပါတယ္။ လီဗာပူးကစားသမားေဟာင္း စတီဗင္ဂ်ရတ္ ကိုင္တြယ္ေနတဲ့ ရိန္းဂ်ားစ္အသင္းဟာ ဒီရာသီေျခစြမ္းေကာင္းရေနၿပီး စေကာ့တလန္လိဂ္ရဲ႕ အမွတ္ေပးခ်န္ပီယံဆုကို ရယူႏိုင္ဖို႔မ်ားေနသလို ဆဲလ္တစ္အသင္းရဲ႕ စေကာ့တလန္လိဂ္ ၁၀ ႏွစ္ဆက္ခ်န္ပီယံျဖစ္ေရး အိပ္မက္ကိုလည္း တားဆီး ႏိုင္ဖို႔ မ်ားေနတယ္ဆိုၿပီး သတင္းေတြက ေရးသားေဖာ္ျပခဲ့ၾကပါတယ္။
၂၀၁၈ ခုႏွစ္ေႏြရာသီမွာ ရိန္းဂ်ားစ္အသင္းကို ကိုင္တြယ္ခဲ့ၿပီးေနာက္ ေအာင္ျမင္မႈမရေသးေပမယ့္ အသင္းေကာင္းတစ္သင္း ကို တည္ေဆာက္ႏိုင္ခဲ့တာေၾကာင့္ စတီဗင္ဂ်ရတ္အေနနဲ႔ နည္းျပေကာင္းတစ္ေယာက္အျဖစ္ ေဖာ္ျပခံေနရတာလည္းျဖစ္ပါ တယ္။ ကစားသမားဘဝတုန္းက နာမည္ေက်ာ္ခဲ့ၿပီး ေအာင္ျမင္မႈေတြရခဲ့တဲ့ ဂ်ရတ္အေနနဲ႔ နည္းျပအျဖစ္ မလုပ္ကိုင္ခင္မွာ နည္းျပေတြဆီက အၾကံဉာဏ္ေတြ ယူခဲ့ၿပီး ယူႏိုက္တက္အသင္းနည္းျပေဟာင္းႀကီး ဆာအဲလက္ဖာဂူဆန္ဆီကလည္း ယူခဲ့ တယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
ၿပီးခဲ့တဲ့ရာသီကတည္းက ရိန္းဂ်ားစ္အသင္းကို အေကာင္းဆံုး ျဖစ္ေအာင္တည္ေဆာက္လာႏိုင္ၿပီးေနာက္မွာ ဂ်ရတ္အေနနဲ႔ အနာဂတ္မွာ လီဗာပူးအသင္းကို ကိုင္တြယ္လာႏိုင္ခဲ့ၿပီး လက္ရွိနည္းျပ ကေလာ့ပ္လိုမ်ိဳး အသင္းကို ေအာင္ျမင္မႈေတြရ ေအာင္ စြမ္းေဆာင္ႏိုင္မယ့္သူလို႔ ေဖာ္ျပခံခဲ့ရပါတယ္။ ဒီသတင္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဂ်ရတ္က “ ေဘာလံုးေလာကမွာ အေျပာင္းအလဲေတြ အမ်ားႀကီးျဖစ္ႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔ အားလံုးလက္ရွိအခ်ိန္မွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတာ ပါ။ ၿပိဳင္ပြဲမၿပီးေသးတာေၾကာင့္ ၿပိဳင္ဘက္အသင္းေတြကို ေလးစားမႈ ရွိရပါမယ္” လို႔ ေျပာသြားခဲ့ပါတယ္။