ချဲလ်ဆီးမှာ လမ်းပတ်အနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပေမယ့် ထုတ်ပယ်ခံရတာအတွက်လည်း မအံသြဖူးလို့ ပြောခဲ့ တဲ့ ရူနီ


ဒါဘီအသင်းနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ဝိန်းရူနီက အင်္ဂလန်လက်ရွေးစင်အသင်းမှာ အတူတွဲကစားခဲ့ဖူးတဲ့ ချဲလ်ဆီး နည်းပြဟောင်းလမ်းပတ်အနေနဲ့ အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပေမယ့် ထုတ်ပယ်ခံခဲ့ရခြင်းအတွက် လည်း မအံသြခဲ့ဖူးလို့ ပြောခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နေ့က လမ်းပတ်ကို ထုတ်ပယ်ခဲ့ပြီး ပီအက်စ်ဂျီနည်းပြဟောင်း တူချယ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်။


လမ်းပတ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ကစားသမားသစ်ခေါ်ယူမှုပြုလုပ်ခဲ့ခြင်းမရှိဘဲ အသင်းကိုချန်ပီယံလိဂ်ဝင်ခွင့်ရ အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အသင်းရဲ့သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် နွေရာသီအပြောင်း အရွှေ့မှာ ပေါင်သန်း ၂၃၀ ကျော် သုံးစွဲပြီး ကစားသမားသစ်တွေခေါ်ယူခဲ့ပေမယ့် ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် အသင်း ပိုင်ရှင် ဖြစ်တဲ့ အေဘရာမိုဗစ်က ထုတ်ပယ်ခဲ့တာပဲ ဖြစ်ပါတယ်။


လမ်းပတ်ထုတ်ပယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရူနီက “ လမ်းပတ်ထုတ်ပယ်ခံရတာနဲ့ ပတ်သက်ပြီး ရိုးရိုးသားသားပြောရရင် ကျွန်တော်အနေနဲ့ မအံသြခဲ့ပါဘူး။ ချဲလ်ဆီးအသင်းက စီးပွားရေးဆန်ဆန်လုပ်ဆောင်တဲ့အသင်းပါ။ အေဘရာမိုဗစ်လက် ထက်မှာ ထုတ်ပယ်ခဲ့တဲ့နည်းပြတွေလည်း အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောချင်တာက လမ်းပတ်အနေနဲ့ ချဲလ်ဆီးမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အသင်းတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေဟာ သူကို အချိန်တစ်ခု လောက် ပေးခဲ့သင့်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ခ်ဲလ္ဆီးမွာ လမ္းပတ္အေနနဲ႔ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ခဲ့ေပမယ့္ ထုတ္ပယ္ခံရတာအတြက္လည္း မအံၾသဖူးလို႔ ေျပာခဲ့ တဲ့ ႐ူနီ
ဒါဘီအသင္းနည္းျပအျဖစ္ ေဆာင္ရြက္ေနတဲ့ ဝိန္း႐ူနီက အဂၤလန္လက္ေရြးစင္အသင္းမွာ အတူတြဲကစားခဲ့ဖူးတဲ့ ခ်ဲလ္ဆီး နည္းျပေဟာင္းလမ္းပတ္အေနနဲ႔ အသင္းအတြက္ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ခဲ့ေပမယ့္ ထုတ္ပယ္ခံခဲ့ရျခင္းအတြက္ လည္း မအံၾသခဲ့ဖူးလို႔ ေျပာခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ေန႔က လမ္းပတ္ကို ထုတ္ပယ္ခဲ့ၿပီး ပီအက္စ္ဂ်ီနည္းျပေဟာင္း တူခ်ယ္ကို နည္းျပသစ္အျဖစ္ ခန္႔အပ္ခဲ့တာပဲ ျဖစ္ပါတယ္။
လမ္းပတ္ဟာ ၿပီးခဲ့တဲ့ေဘာလံုးရာသီက ကစားသမားသစ္ေခၚယူမႈျပဳလုပ္ခဲ့ျခင္းမရွိဘဲ အသင္းကိုခ်န္ပီယံလိဂ္ဝင္ခြင့္ရ ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာေၾကာင့္ အသင္းရဲ႕သူရဲေကာင္းတစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္ ေႏြရာသီအေျပာင္း အေရႊ႕မွာ ေပါင္သန္း ၂၃၀ ေက်ာ္ သံုးစြဲၿပီး ကစားသမားသစ္ေတြေခၚယူခဲ့ေပမယ့္ ရလဒ္ပိုင္းဆိုးရြားမႈေတြေၾကာင့္ အသင္း ပိုင္ရွင္ ျဖစ္တဲ့ ေအဘရာမိုဗစ္က ထုတ္ပယ္ခဲ့တာပဲ ျဖစ္ပါတယ္။
လမ္းပတ္ထုတ္ပယ္ခံရတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ႐ူနီက “ လမ္းပတ္ထုတ္ပယ္ခံရတာနဲ႔ ပတ္သက္ၿပီး ႐ိုး႐ိုးသားသားေျပာရရင္ ကၽြန္ေတာ္အေနနဲ႔ မအံၾသခဲ့ပါဘူး။ ခ်ဲလ္ဆီးအသင္းက စီးပြားေရးဆန္ဆန္လုပ္ေဆာင္တဲ့အသင္းပါ။ ေအဘရာမိုဗစ္လက္ ထက္မွာ ထုတ္ပယ္ခဲ့တဲ့နည္းျပေတြလည္း အမ်ားႀကီးရွိခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ေျပာခ်င္တာက လမ္းပတ္အေနနဲ႔ ခ်ဲလ္ဆီးမွာ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ အသင္းတာဝန္ရွိသူေတြနဲ႔ ပရိသတ္ေတြဟာ သူကို အခ်ိန္တစ္ခု ေလာက္ ေပးခဲ့သင့္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။