ဆဲလ်တစ်နည်းပြအဖြစ် ဘင်နီတက်ဇ်ဖြစ်လာတာကြောင့် စကော့တလန်လိဂ်မှာ ဆရာတပည့်နှစ်ယောက် ထိပ်တိုက်တွေ့ ပြီ


လက်ရှိဘောလုံးရာသီမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ရိန်းဂျားစ်နဲ့ ၂၃ မှတ်အထိ ကွာဟနေတာကြောင့် ဆဲလ် တစ်အသင်းတာဝန်ရှိသူတွေဟာ နည်းပြဟောင်းနေးလ်လန်နွန်ကို ထုတ်ပယ်လိုက်ပြီး နည်းပြသစ်အဖြစ် လီဗာပူးနည်းပြ ဟောင်း ဘင်နီတက်ဇ်ကို ခန့်အပ်ခဲ့ပါတယ်။ ရိန်းဂျားစ်နဲ့ ဆဲလ်တစ်တို့ဟာ စကော့တလန်လိဂ်ရဲ့ ဒါဘီအသင်းတွေဖြစ်တာ ကြောင့် ရိန်းဂျားစ်နည်းပြ စတီဗင်ဂျရတ်နဲ့ ဘင်နီတက်ဇ်တို့ တွေ့ဆုံမှုကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။


The Mirror သတင်းစာရဲ့ ဖော်ပြချက်အရတော့ ဘင်နီတက်ဇ်ဟာ လက်ရှိမှာ တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ကနေ နုတ် ထွက်ပြီး ဆဲလ်တစ်နည်းပြ ရာထူးကို လက်ခံခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အသက် ၆၀ နှစ်ရှိပြီဖြစ်တဲ့ ဘင်နီ တက်ဇ်ဟာ အတွေ့အကြုံများတဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး နာမည်ကြီးကလပ်တွေဖြစ်တဲ့ လီဗာပူး၊ ရီးရဲလ်တို့နဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။


ဆဲလ်တစ်အသင်းနည်းပြ အဖြစ်ခန့်အပ်ခံရပြီးနောက်မှာတော့ ဘင်နီတက်ဇ်က “ ပရီးမီးယားလိဂ်မဟုတ်ရင် ဥရောပလိဂ်က အသင်းတစ်သင်းမှာ နည်းပြလုပ်ခွင့်ရဖို့ အမြဲအလိုရှိခဲ့တာပါ။ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကြောင့် အခက်အခဲတွေ အများကြီး ရှိပါတယ်။ ကိုဗစ်ကြောင့် ပြောင်းလဲမှုတွေအများကြီးဖြစ်ခဲ့တယ်” လို့ ပြောခဲ့ပါတယ်။ လီဗာပူးအသင်းမှာ ဆရာ တပည့်အဖြစ် အတူရှိခဲ့တဲ့ စတီဗင်ဂျရတ်နဲ့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရမှာဖြစ်တာကြောင့် စိတ်လှုပ်ရှားမိတယ်လို့လည်း ဘင်နီတက်ဇ်က ပြောခဲ့ပါတယ်။

zawgyi version

ဆဲလ္တစ္နည္းျပအျဖစ္ ဘင္နီတက္ဇ္ျဖစ္လာတာေၾကာင့္ စေကာ့တလန္လိဂ္မွာ ဆရာတပည့္ႏွစ္ေယာက္ ထိပ္တိုက္ေတြ႕ ၿပီ
လက္ရွိေဘာလံုးရာသီမွာ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ရိန္းဂ်ားစ္နဲ႔ ၂၃ မွတ္အထိ ကြာဟေနတာေၾကာင့္ ဆဲလ္ တစ္အသင္းတာဝန္ရွိသူေတြဟာ နည္းျပေဟာင္းေနးလ္လန္ႏြန္ကို ထုတ္ပယ္လိုက္ၿပီး နည္းျပသစ္အျဖစ္ လီဗာပူးနည္းျပ ေဟာင္း ဘင္နီတက္ဇ္ကို ခန္႔အပ္ခဲ့ပါတယ္။ ရိန္းဂ်ားစ္နဲ႔ ဆဲလ္တစ္တို႔ဟာ စေကာ့တလန္လိဂ္ရဲ႕ ဒါဘီအသင္းေတြျဖစ္တာ ေၾကာင့္ ရိန္းဂ်ားစ္နည္းျပ စတီဗင္ဂ်ရတ္နဲ႔ ဘင္နီတက္ဇ္တို႔ ေတြ႕ဆံုမႈကလည္း စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။
The Mirror သတင္းစာရဲ႕ ေဖာ္ျပခ်က္အရေတာ့ ဘင္နီတက္ဇ္ဟာ လက္ရွိမွာ တ႐ုတ္စူပါလိဂ္ကလပ္ ဒါလီယန္ကေန ႏုတ္ ထြက္ၿပီး ဆဲလ္တစ္နည္းျပ ရာထူးကို လက္ခံခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အသက္ ၆၀ ႏွစ္ရွိၿပီျဖစ္တဲ့ ဘင္နီ တက္ဇ္ဟာ အေတြ႕အၾကံဳမ်ားတဲ့ နည္းျပတစ္ေယာက္ျဖစ္ၿပီး နာမည္ႀကီးကလပ္ေတြျဖစ္တဲ့ လီဗာပူး၊ ရီးရဲလ္တို႔နဲ႔အတူ ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။
ဆဲလ္တစ္အသင္းနည္းျပ အျဖစ္ခန္႔အပ္ခံရၿပီးေနာက္မွာေတာ့ ဘင္နီတက္ဇ္က “ ပရီးမီးယားလိဂ္မဟုတ္ရင္ ဥေရာပလိဂ္က အသင္းတစ္သင္းမွာ နည္းျပလုပ္ခြင့္ရဖို႔ အၿမဲအလိုရွိခဲ့တာပါ။ တစ္ကမ႓ာလံုးမွာ ျဖစ္ပြားခဲ့တဲ့ ကိုဗစ္ေၾကာင့္ အခက္အခဲေတြ အမ်ားႀကီး ရွိပါတယ္။ ကိုဗစ္ေၾကာင့္ ေျပာင္းလဲမႈေတြအမ်ားႀကီးျဖစ္ခဲ့တယ္” လို႔ ေျပာခဲ့ပါတယ္။ လီဗာပူးအသင္းမွာ ဆရာ တပည့္အျဖစ္ အတူရွိခဲ့တဲ့ စတီဗင္ဂ်ရတ္နဲ႔ ၿပိဳင္ဘက္ေတြအျဖစ္ ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ စိတ္လႈပ္ရွားမိတယ္လို႔လည္း ဘင္နီတက္ဇ္က ေျပာခဲ့ပါတယ္။