အိုဇေးလ်အတွက် လစာကိုပေးချေဖို့ ပရိသတ်တွေကို တောင်းဆိုခဲ့တဲ့ ဖီနာဘာချီဥက္ကဌ အလီကော့ပ်


အာဆင်နယ်အသင်းကနေ တူရကီကလပ် ဖီနာဘာချီကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရထားတဲ့ အိုဇေးလ်ရဲ့ လစာအ တွက် ပေးချေဖို့ အသင်းဥက္ကဌဖြစ်တဲ့ အလီကော့ပ်က ပရိတ်သတ်တွေထံ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဖီနာဘာချီ အသင်းအနေနဲ့ အိုဇေးလ်ကို ၂၀၂၄ ခုနှစ်အထိရှိပြီး စာချုပ်တစ်ရပ်နဲ့ ချုပ်ဆိုပြီး ခေါ်ယူနိုင်ခဲ့ပြီလို့လည်း ကြေညာခဲ့တယ် ဆိုပြီး သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။


ဖီနာဘာချီအသင်းအနေနဲ့ အိုဇေးလ်ရဲ့လစာအတွက် ၈၀ ရာခိုင်နှုန်းသာ ပေးချေခဲ့ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းပေးချေဖို့ အလီ ကော့ပ်အနေနဲ့ ပရိသတ်တွေကို တောင်းဆိုခဲ့ရာမှာ ပရိသတ်တွေကလည်း လက်ခံခဲ့တယ်လို့ သိရပါတယ်။ အိုဇေးလ်ရဲ့ လစာ ၂၀ ရာခိုင်နှုန်းဟာ တစ်ပတ်ကို ပေါင် ၆၇၀၀၀ ရှိတာကြောင့်တစ်နှစ်ကို ပေါင် ၃.၅ သန်းနဲ့ ညီမျှပေမယ့် ပရိသတ်တွေ က ပေးချေဖို့ သဘောတူခဲ့တာပဲ ဖြစ်ပါတယ်။


အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ အလီကော့ပ် က “ ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေကို တောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ အသင်းကို အားပေးတဲ့ပရိသတ်တွေရဲ့ မက်ဆေ့ချ်ပေါင်း သုံးသိန်းကနေ ငါးသိန်းအထိလက်ခံရရှိခဲ့ပြီး ပရိသတ်တစ် ယောက်ကို ၂ ပေါင်နှုန်းနဲ့ အိုဇေးလ်ရဲ့ လစာကိုပေးချေဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အသင်းကို အားပေးတဲ့ပရိသတ်တွေရဲ့ ထောက်ပံမှုကြောင့် တကယ်ကို ပျော်ရွှင်မိပါတယ်” ဆိုပြီး ပြောသွားခဲ့ပါတယ်။

zawgyi version

အိုေဇးလ္အတြက္ လစာကိုေပးေခ်ဖို႔ ပရိသတ္ေတြကို ေတာင္းဆိုခဲ့တဲ့ ဖီနာဘာခ်ီဥကၠဌ အလီေကာ့ပ္
အာဆင္နယ္အသင္းကေန တူရကီကလပ္ ဖီနာဘာခ်ီကို ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈရထားတဲ့ အိုေဇးလ္ရဲ႕ လစာအ တြက္ ေပးေခ်ဖို႔ အသင္းဥကၠဌျဖစ္တဲ့ အလီေကာ့ပ္က ပရိတ္သတ္ေတြထံ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ ဖီနာဘာခ်ီ အသင္းအေနနဲ႔ အိုေဇးလ္ကို ၂၀၂၄ ခုႏွစ္အထိရွိၿပီး စာခ်ဳပ္တစ္ရပ္နဲ႔ ခ်ဳပ္ဆိုၿပီး ေခၚယူႏိုင္ခဲ့ၿပီလို႔လည္း ေၾကညာခဲ့တယ္ ဆိုၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
ဖီနာဘာခ်ီအသင္းအေနနဲ႔ အိုေဇးလ္ရဲ႕လစာအတြက္ ၈၀ ရာခိုင္ႏႈန္းသာ ေပးေခ်ခဲ့ၿပီး က်န္တဲ့ ၂၀ ရာခိုင္ႏႈန္းေပးေခ်ဖို႔ အလီ ေကာ့ပ္အေနနဲ႔ ပရိသတ္ေတြကို ေတာင္းဆိုခဲ့ရာမွာ ပရိသတ္ေတြကလည္း လက္ခံခဲ့တယ္လို႔ သိရပါတယ္။ အိုေဇးလ္ရဲ႕ လစာ ၂၀ ရာခိုင္ႏႈန္းဟာ တစ္ပတ္ကို ေပါင္ ၆၇၀၀၀ ရွိတာေၾကာင့္တစ္ႏွစ္ကို ေပါင္ ၃.၅ သန္းနဲ႔ ညီမွ်ေပမယ့္ ပရိသတ္ေတြ က ေပးေခ်ဖို႔ သေဘာတူခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၅၃ ႏွစ္ရွိၿပီျဖစ္တဲ့ အလီေကာ့ပ္ က “ ကြ်န္ေတာ္တို႔အေနနဲ႔ ပရိသတ္ေတြကို ေတာင္းဆိုမႈတစ္ခုျပဳလုပ္ခဲ့ပါတယ္။ အသင္းကို အားေပးတဲ့ပရိသတ္ေတြရဲ႕ မက္ေဆ့ခ်္ေပါင္း သံုးသိန္းကေန ငါးသိန္းအထိလက္ခံရရွိခဲ့ၿပီး ပရိသတ္တစ္ ေယာက္ကို ၂ ေပါင္ႏႈန္းနဲ႔ အိုေဇးလ္ရဲ႕ လစာကိုေပးေခ်ဖို႔ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ အသင္းကို အားေပးတဲ့ပရိသတ္ေတြရဲ႕ ေထာက္ပံမႈေၾကာင့္ တကယ္ကို ေပ်ာ္ရႊင္မိပါတယ္” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။