အသင်းပိုင်ရှင်ဖြစ်ပေမယ့် အကယ်ဒမီကလူငယ်ကစားသမားတွေကို လေ့ကျင့်မှု ပြုလုပ်ပေးနေတဲ့ ဒေးဗစ်ဘက်ခမ်း


အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ဘောလုံးပရိသတ်တွေရဲ့ ချစ်ခင်ခြင်းကိုခံခဲ့ရတဲ့ ဒေးဗစ်ဘက်ခမ်းဟာ ၂၀၁၃ ခုနှစ်က ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကနေ အနားယူသွားခဲ့ပေမယ့် ဘောလုံးကိုချစ်တဲ့စိတ်နဲ့ မေဂျာလိဂ် ကလပ် အင်တာမီယာမီကို ဝယ်ယူပြီး ဘောလုံးနဲ့ ပတ်သက်တာတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ နာမည်ကျော် ကစားသမားတွေကို အသင်းထံလာရောက်ကစားပေးဖို့ ဖိတ်ခေါ်ထားသလို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယူနိုက်တက်မှာ အတူတွဲက စားဖူးတဲ့ အသင်းဖော် ဖီးနဗီးလ်ကိုလည်း အသင်းရဲ့နည်းပြအဖြစ် ဒေးဗစ်ဘက်ခမ်းက ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။


မေဂျာလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားတဲ့ အင်တာမီယာမီအသင်းဟာ လေ့ကျင့်ခန်းအစီအစဉ်တွေပြုလုပ်ရာမှာ တော့ ဒေးဗစ်ဘက်ခမ်းကိုယ်တိုင် ပါဝင်ပြီး အသင်းရဲ့လူငယ်အကယ်ဒမီက ကစားသမားတွေနဲ့အတူလေ့ကျင့်ရင်း ဘောလုံးနဲ့ ပတ်သက်တဲ့ပညာရပ်တွေကို သင်ကြားပေးခဲ့တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ အသက် ၄၅ နှစ်ရှိနေပြီဖြစ်ပေမယ့် ဒေးဗစ်ဘက်ခမ်းဟာ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ်လို့ လည်း အသင်းတာဝန်ရှိသူတွေက အသင်းရဲ့ဝက်ဘ်ဆိုဒ်မှာဖော်ပြခဲ့ကြပါတယ်။


ဒေးဗစ်ဘက်ခမ်းဟာ ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး အိုင်ဟာလိုကိုလည်း အင်တာမီယာမီမှာ လာရောက်ကစားဖို့အတွက် ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ အိုင်ဟာလို အနေနဲ့ လည်း ယူနိုက်တက်မှာ ပွဲကစားခွင့်ပျောက်ဆုံးနေတာကြောင့် အသင်းပြောင်းရွှေ့ဖို့ရှိနေပြီး ဒေးဗစ်ဘက်ခမ်းရဲ့ ကမ်းလှမ်း မှုကို လက်ခံသွားဖို့ ရှိနေတယ်လို့လည်း ESPN သတင်းစာက ဖော်ပြခဲ့ပါတယ်။

zawgyi version

အသင္းပိုင္ရွင္ျဖစ္ေပမယ့္ အကယ္ဒမီကလူငယ္ကစားသမားေတြကို ေလ့က်င့္မႈ ျပဳလုပ္ေပးေနတဲ့ ေဒးဗစ္ဘက္ခမ္း
အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္ၿပီး ေဘာလံုးပရိသတ္ေတြရဲ႕ ခ်စ္ခင္ျခင္းကိုခံခဲ့ရတဲ့ ေဒးဗစ္ဘက္ခမ္းဟာ ၂၀၁၃ ခုႏွစ္က ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားဘဝကေန အနားယူသြားခဲ့ေပမယ့္ ေဘာလံုးကိုခ်စ္တဲ့စိတ္နဲ႔ ေမဂ်ာလိဂ္ ကလပ္ အင္တာမီယာမီကို ဝယ္ယူၿပီး ေဘာလံုးနဲ႔ ပတ္သက္တာေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္။ နာမည္ေက်ာ္ ကစားသမားေတြကို အသင္းထံလာေရာက္ကစားေပးဖို႔ ဖိတ္ေခၚထားသလို ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ယူႏိုက္တက္မွာ အတူတြဲက စားဖူးတဲ့ အသင္းေဖာ္ ဖီးနဗီးလ္ကိုလည္း အသင္းရဲ႕နည္းျပအျဖစ္ ေဒးဗစ္ဘက္ခမ္းက ခန္႔အပ္ခဲ့တယ္လို႔ သိရပါတယ္။
ေမဂ်ာလိဂ္ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရထားတဲ့ အင္တာမီယာမီအသင္းဟာ ေလ့က်င့္ခန္းအစီအစဥ္ေတြျပဳလုပ္ရာမွာ ေတာ့ ေဒးဗစ္ဘက္ခမ္းကိုယ္တိုင္ ပါဝင္ၿပီး အသင္းရဲ႕လူငယ္အကယ္ဒမီက ကစားသမားေတြနဲ႔အတူေလ့က်င့္ရင္း ေဘာလံုးနဲ႔ ပတ္သက္တဲ့ပညာရပ္ေတြကို သင္ၾကားေပးခဲ့တယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ အသက္ ၄၅ ႏွစ္ရွိေနၿပီျဖစ္ေပမယ့္ ေဒးဗစ္ဘက္ခမ္းဟာ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ လည္း အသင္းတာဝန္ရွိသူေတြက အသင္းရဲ႕ဝက္ဘ္ဆိုဒ္မွာေဖာ္ျပခဲ့ၾကပါတယ္။
ေဒးဗစ္ဘက္ခမ္းဟာ ယူႏိုက္တက္မွာ ပံုမွန္ေနရာရဖို႔ ႐ုန္းကန္ေနရတဲ့ တိုက္စစ္မွဴး အိုင္ဟာလိုကိုလည္း အင္တာမီယာမီမွာ လာေရာက္ကစားဖို႔အတြက္ ကမ္းလွမ္းထားတယ္လို႔လည္း သိရပါတယ္။ အသက္ ၃၁ ႏွစ္ရွိၿပီျဖစ္တဲ့ အိုင္ဟာလို အေနနဲ႔ လည္း ယူႏိုက္တက္မွာ ပြဲကစားခြင့္ေပ်ာက္ဆံုးေနတာေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔ရွိေနၿပီး ေဒးဗစ္ဘက္ခမ္းရဲ႕ ကမ္းလွမ္း မႈကို လက္ခံသြားဖို႔ ရွိေနတယ္လို႔လည္း ESPN သတင္းစာက ေဖာ္ျပခဲ့ပါတယ္။