နည်းပြတစ်ယောက်အဖြစ် ရှိနေတာမဟုတ်လို့ ညီဖြစ်သူရဲ့ ခံစားချက်ကို နားမလည်ဘူးလို့ ပြောခဲ့တဲ့ ဂယ်ရီနဗီးလ်


ဘောလုံးရေးရာနဲ့ ပွဲသုံးသပ်သူအဖြစ်လုပ်ကိုင်နေတဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က လက်ရှိ မှာ နည်းပြအဖြစ် လုပ်ကိုင်နေတဲ့သူတစ်ယောက် မဟုတ်တာကြောင့် ညီဖြစ်သူ ဖီးလ်နဗီးလ်ရဲ့ ခံစားရမှုမသိကြောင်း ပြော ခဲ့ပါတယ်။ ဖီးလ်နဗီးလ်ဟာ အင်္ဂလန်လက်ရွေးစင်အမျိုးသမီးဘောလုံးနည်းပြ ရာထူးကနေ နုတ်ထွက်ပြီး အင်္ဂလန်အသင်း ဖော်ဟောင်း ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်းကို နည်းပြအဖြစ်ကိုင်တွယ်ဖို့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ် ပါတယ်။


အင်တာမီယာမီအသင်းဟာ ဖီးလ်နဗီးလ်ရဲ့ နည်းပြဘဝမှာ နည်းပြချုပ်အဖြစ် ပထမဆုံးကိုင်တွယ်တဲ့ အမျိုးသားဘောလုံး အသင်းလည်း ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဖီးလ်နဗီးလ်ဟာ ယူနိုက်တက်အသင်းမှာ နည်းပြဟောင်း ဒေးဗစ်မိုယက်စ်ရဲ့ လက်ထောက်၊ ဗလင်စီယာအသင်းမှာ နူနိုဆန်းတို့စ်နဲ့ ဂယ်ရီနဗီးလ်တို့ရဲ့ လက်ထောက်အဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့သူတစ်ဦး လည်း ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကိုတော့ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ဖီးလ်နဗီးလ် က နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။


Sky Sports ကနေတဆင့် ဂယ်ရီနဗီးလ်က “ ဘောလုံးနဲ့ ပတ်သက်ပြီး ဖီးလ်နဗီးလ်အနေနဲ့ တစ်ရက်ကို ဘယ်လောက်စဉ်း စားတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အင်္ဂလန်အမျိုးသမီးနည်းပြနေရာကနေ ထွက်ပြီး အင်တာမီယာမီကို ပြောင်းပြီး နည်းပြလုပ်ဖြစ်တယ်ဆိုတာကိုတော့ မသိပါဘူး။ ကျွန်တော်အနေနဲ့ နည်းပြတစ်ယောက်မဟုတ်တာကြောင့် သူ ခံစားချက်ကို မသိနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ အသက်အရွယ်တူတဲ့ကစားသမားတွေလည်း ကလပ်အသင်းတွေမှာ အောင် မြင်တဲ့ နည်းပြတွေ ဖြစ်နေပါပြီ” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

နည္းျပတစ္ေယာက္အျဖစ္ ရွိေနတာမဟုတ္လို႔ ညီျဖစ္သူရဲ႕ ခံစားခ်က္ကို နားမလည္ဘူးလို႔ ေျပာခဲ့တဲ့ ဂယ္ရီနဗီးလ္
ေဘာလံုးေရးရာနဲ႔ ပြဲသံုးသပ္သူအျဖစ္လုပ္ကိုင္ေနတဲ့ ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီနဗီးလ္က လက္ရွိ မွာ နည္းျပအျဖစ္ လုပ္ကိုင္ေနတဲ့သူတစ္ေယာက္ မဟုတ္တာေၾကာင့္ ညီျဖစ္သူ ဖီးလ္နဗီးလ္ရဲ႕ ခံစားရမႈမသိေၾကာင္း ေျပာ ခဲ့ပါတယ္။ ဖီးလ္နဗီးလ္ဟာ အဂၤလန္လက္ေရြးစင္အမ်ိဳးသမီးေဘာလံုးနည္းျပ ရာထူးကေန ႏုတ္ထြက္ၿပီး အဂၤလန္အသင္း ေဖာ္ေဟာင္း ေဒးဗစ္ဘက္ခမ္းပိုင္ဆိုင္တဲ့ အင္တာမီယာမီအသင္းကို နည္းျပအျဖစ္ကိုင္တြယ္ဖို႔ ေျပာင္းေရႊ႕သြားခဲ့တာ ျဖစ္ ပါတယ္။
အင္တာမီယာမီအသင္းဟာ ဖီးလ္နဗီးလ္ရဲ႕ နည္းျပဘဝမွာ နည္းျပခ်ဳပ္အျဖစ္ ပထမဆံုးကိုင္တြယ္တဲ့ အမ်ိဳးသားေဘာလံုး အသင္းလည္း ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။ ဖီးလ္နဗီးလ္ဟာ ယူႏိုက္တက္အသင္းမွာ နည္းျပေဟာင္း ေဒးဗစ္မိုယက္စ္ရဲ႕ လက္ေထာက္၊ ဗလင္စီယာအသင္းမွာ ႏူႏိုဆန္းတို႔စ္နဲ႔ ဂယ္ရီနဗီးလ္တို႔ရဲ႕ လက္ေထာက္အျဖစ္လုပ္ကိုင္ခဲ့ဖူးတဲ့သူတစ္ဦး လည္း ျဖစ္ပါတယ္။ အဂၤလန္လက္ေရြးစင္အမ်ိဳးသမီးေဘာလံုးအသင္းကိုေတာ့ လြန္ခဲ့တဲ့ ၄ ႏွစ္ကတည္းက ဖီးလ္နဗီးလ္ က နည္းျပအျဖစ္ တာဝန္ယူေဆာင္ရြက္ခဲ့တာပဲ ျဖစ္ပါတယ္။
Sky Sports ကေနတဆင့္ ဂယ္ရီနဗီးလ္က “ ေဘာလံုးနဲ႔ ပတ္သက္ၿပီး ဖီးလ္နဗီးလ္အေနနဲ႔ တစ္ရက္ကို ဘယ္ေလာက္စဥ္း စားတယ္ဆိုတာ ကၽြန္ေတာ္သိပါတယ္။ ဒါေပမယ့္ အဂၤလန္အမ်ိဳးသမီးနည္းျပေနရာကေန ထြက္ၿပီး အင္တာမီယာမီကို ေျပာင္းၿပီး နည္းျပလုပ္ျဖစ္တယ္ဆိုတာကိုေတာ့ မသိပါဘူး။ ကၽြန္ေတာ္အေနနဲ႔ နည္းျပတစ္ေယာက္မဟုတ္တာေၾကာင့္ သူ ခံစားခ်က္ကို မသိႏိုင္ပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ အသက္အရြယ္တူတဲ့ကစားသမားေတြလည္း ကလပ္အသင္းေတြမွာ ေအာင္ ျမင္တဲ့ နည္းျပေတြ ျဖစ္ေနပါၿပီ” လို႔ ေျပာသြားခဲ့ပါတယ္။