၂၀၂၁ ခုနှစ်အတွင်းမှာ ရက်ပ်သီချင်း ၈ ပုဒ်အထိ ဆိုဖို့ အစီအစဉ်ရှိတယ်လို့ ပြောခဲ့တဲ့ ရော်နယ်ဒင်ဟို


တစ်ချိန်က ဘောလုံးလောကမှာ ပရိသတ်တွေအားလုံးရဲ့ ချစ်ခင်ခြင်းကို ခံခဲ့ရတဲ့ ရော်နယ်ဒင်ဟို ဟာ လက်ရှိမှာအသက် ၄၀ နှစ်ရှိနေပြီဖြစ်တာကြောင့် ဘောလုံးသမားဘဝကနေ အနားယူပြီး နောက်ထပ် ပရော်ဖက်ရှင်ဘဝတစ်ခုကို စတင်ဖို့ လုပ်ဆောင်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ရော်နယ်ဒင်ဟိုရဲ့ နောက်ထပ် ပရော်ဖက်ရှင်နယ်ဘဝ တစ်ခုကတော့ သီချင်းဆို တဲ့ အလုပ်ဖြစ်ပြီး ရော်နယ်ဒင်ဟိုဟာ ၂၀၂၁ ခုနှစ်မှာ ရက်ပ်သီချင်း ၈ ပုဒ်အထိ ဆိုဖို့ အစီအစဉ်ရှိတယ်လို့ ထုတ်ဖော်ပြော ကြားခဲ့ပါတယ်။


ပြီးခဲ့တဲ့ ဧပြီလတုန်းက အကျဉ်းချခံရမှုကနေ လွတ်မြောက်လာတဲ့ ရော်နယ်ဒင်ဟို ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးလည်း ကူးစက်ခံ ရတယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ရော်နယ်ဒင်ဟိုအနေနဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ရက်ပ်သီချင်း ၈ ပုဒ်အထိ သီဆိုသွားဖို့ရှိနေတယ်လို့ သိရပြီး အခုနောက်ဆုံးသီချင်းပြီး ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင်ကလည်း ပရိသတ်တွေရဲ့ နှစ်ခြိုက်အားပေးခြင်းကို ခံခဲ့ရတယ်လို့လည်း သိရပါတယ်။


ရော်နယ်ဒင်ဟိုက “ နောက်ပိုင်းနှစ်တွေမှာ ကျွန်တော်ကို ပျော်ရွှင်မှုပေးနိုင်တာက သီချင်းတွေပါ။ အထူးသဖြင့်တော့ ရက်ပ်သီချင်း၊ R&B နဲ့ ဟစ်ဟော့သီချင်းတွေက ပျော်ရွှင်စေပါတယ်။ ကျွန်တော်ရဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ သီချင်းဆိုတာနဲ့ အတူ ပရိသတ်တွေရဲ့ အသဲနှလုံးကို နောက်တစ်ကြိမ် သိမ်းပိုက်နိုင်ဖို့ လုပ်ဆောင်သွားပါမယ်။ ဒီနှစ်ထဲမှာ သီချင်း ၈ ပုဒ် သီဆိုသွားဖို့ ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

၂၀၂၁ ခုႏွစ္အတြင္းမွာ ရက္ပ္သီခ်င္း ၈ ပုဒ္အထိ ဆိုဖို႔ အစီအစဥ္ရွိတယ္လို႔ ေျပာခဲ့တဲ့ ေရာ္နယ္ဒင္ဟို
တစ္ခ်ိန္က ေဘာလံုးေလာကမွာ ပရိသတ္ေတြအားလံုးရဲ႕ ခ်စ္ခင္ျခင္းကို ခံခဲ့ရတဲ့ ေရာ္နယ္ဒင္ဟို ဟာ လက္ရွိမွာအသက္ ၄၀ ႏွစ္ရွိေနၿပီျဖစ္တာေၾကာင့္ ေဘာလံုးသမားဘဝကေန အနားယူၿပီး ေနာက္ထပ္ ပေရာ္ဖက္ရွင္ဘဝတစ္ခုကို စတင္ဖို႔ လုပ္ေဆာင္ေနၿပီလို႔ ဆိုရမွာျဖစ္ပါတယ္။ ေရာ္နယ္ဒင္ဟိုရဲ႕ ေနာက္ထပ္ ပေရာ္ဖက္ရွင္နယ္ဘဝ တစ္ခုကေတာ့ သီခ်င္းဆို တဲ့ အလုပ္ျဖစ္ၿပီး ေရာ္နယ္ဒင္ဟိုဟာ ၂၀၂၁ ခုႏွစ္မွာ ရက္ပ္သီခ်င္း ၈ ပုဒ္အထိ ဆိုဖို႔ အစီအစဥ္ရွိတယ္လို႔ ထုတ္ေဖာ္ေျပာ ၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ဧၿပီလတုန္းက အက်ဥ္းခ်ခံရမႈကေန လြတ္ေျမာက္လာတဲ့ ေရာ္နယ္ဒင္ဟို ဟာ ကို႐ိုနာဗိုင္းရပ္စ္ပိုးလည္း ကူးစက္ခံ ရတယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ေရာ္နယ္ဒင္ဟိုအေနနဲ႔ ၂၀၂၁ ခုႏွစ္အတြင္းမွာ ရက္ပ္သီခ်င္း ၈ ပုဒ္အထိ သီဆိုသြားဖို႔ရွိေနတယ္လို႔ သိရၿပီး အခုေနာက္ဆံုးသီခ်င္းၿပီး ထုတ္လႊင့္ခဲ့တဲ့ ဗီဒီယိုဖိုင္ကလည္း ပရိသတ္ေတြရဲ႕ ႏွစ္ၿခိဳက္အားေပးျခင္းကို ခံခဲ့ရတယ္လို႔လည္း သိရပါတယ္။
ေရာ္နယ္ဒင္ဟိုက “ ေနာက္ပိုင္းႏွစ္ေတြမွာ ကၽြန္ေတာ္ကို ေပ်ာ္ရႊင္မႈေပးႏိုင္တာက သီခ်င္းေတြပါ။ အထူးသျဖင့္ေတာ့ ရက္ပ္သီခ်င္း၊ R&B နဲ႔ ဟစ္ေဟာ့သီခ်င္းေတြက ေပ်ာ္ရႊင္ေစပါတယ္။ ကၽြန္ေတာ္ရဲ႕ အိပ္မက္တစ္ခုျဖစ္တဲ့ သီခ်င္းဆိုတာနဲ႔ အတူ ပရိသတ္ေတြရဲ႕ အသဲႏွလံုးကို ေနာက္တစ္ႀကိမ္ သိမ္းပိုက္ႏိုင္ဖို႔ လုပ္ေဆာင္သြားပါမယ္။ ဒီႏွစ္ထဲမွာ သီခ်င္း ၈ ပုဒ္ သီဆိုသြားဖို႔ ရွိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။