ဘီးတပ်ကုလားထိုင်ပေါ်ကနေ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝ ဖြစ်လာခဲ့တဲ့ ဒီကလန် သွန်ပဆင်


ဘောလုံးအားကစားနည်းဆိုတာ ခန္ဓာကိုယ်ကြံခိုင်မှုကို ဦးစားပေးပြီး ကစားရတဲ့ အားကစားနည်းတစ်မျိုးဖြစ်တာကြောင့် ဘီးတပ်ကုလားထိုင်ပေါ်ကသူတစ်ယောက်အနေနဲ့ ပြင်းပြတဲ့စိတ်ဆန္ဒသာ မရှိခဲ့ဘူးဆိုရင် ပရော်ဖက်ရှင်နယ်ဘောလုံး သမားတစ်ယောက် ဘယ်လိုမှဖြစ်မလာနိုင်ပါဘူး။ အခု ဒီလိုပြင်းပြတဲ့စိတ်ကြောင့် အောင်မြင်မှုရရှိခဲ့တဲ့သူတစ်ဦးတော့ ရှိပါတယ်။ အဲ့ဒီသူကတော့ ပြီးခဲ့တဲ့အက်ဖ်အေဖလားပြိုင်ပွဲတုန်းက ရှက်ဖီးဝမ့်နက်ဒေးအသင်းအတွက် ကစားခွင့်ရ သွားတဲ့နောက်ခံလူ သွန်ပဆင် ပဲ ဖြစ်ပါတယ်။


အသက် ၁၈ နှစ်သာရှိသေးတဲ့ သွန်ပဆင်ဟာ သူရဲ့ အသက် ၅ နှစ်အရွယ်တုန်းက ကလေးတွေမှာ ဖြစ်တောင့်ဖြစ်ခဲ့တဲ့ တင်ပါးမှာ ရှိတဲ့ကြွက်သားဆီကို သွေးမရောက်တဲ့ ရောဂါကို ခံစားခဲ့ရပါတယ်။ ဒီရောဂါကို ခွဲစိတ်မှုပြုလုပ်ခဲ့ရတာကြောင့် သွန်ပဆင်ဟာ တစ်နှစ်ခွဲအချိန်ကြာတဲ့ အထိ လမ်းမလျှောက်နိုင်ခဲ့ဘဲ ဘီးတပ်ကုလားထိုင်ကို အသုံးပြုပြီး သွားလာခဲ့ရ ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်က ဘောလုံးသမားဖြစ်ချင်သလို မိဘတွေကလည်း ကျန်းမာရေးပြန်ကောင်းရင် ကစားခွင့် ပြုထားတာကြောင့် အခုချိန်မှာတော့ သွန်ပဆင်ဟာ ပရော်ဖက်ရှင်ဘောလုံးသမားတစ်ယောက် ဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။


ရှက်ဖီးဝမ့်နက်စ်ဒေးအတွက် ပထမဆုံးကစားခွင့်ရပြီးနောက်မှာတော့ သွန်ပဆင်က “ အခြားကလေးတွေ ကစားကွင်းထဲမှာ ပျော်ရွှင်စွာနဲ့ ကစားနေချိန်မှာ ကျွန်တော်က ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်ပြီး ကြည့်နေရပါတယ်။ အဲ့လောက်နာကျင်စ ရာကောင်းတာ ကျွန်တော်အတွက်မရှိခဲ့ပါဘူး။ ဘောလုံးသမားဖြစ်ချင်ခဲ့တဲ့အတွက် ဒဏ်ရာကို ခွဲစိတ်မှုခံယူပြီး အကောင်း ဆုံးလုပ်ဆောင်ခဲ့တာကြောင့် အခုတော့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက် ဖြစ်လာခဲ့ပါပြီ” လို့ပြောခဲ့ပါတယ်။

zawgyi version

ဘီးတပ္ကုလားထိုင္ေပၚကေန ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားဘဝ ျဖစ္လာခဲ့တဲ့ ဒီကလန္ သြန္ပဆင္
ေဘာလံုးအားကစားနည္းဆိုတာ ခႏၶာကိုယ္ၾကံခိုင္မႈကို ဦးစားေပးၿပီး ကစားရတဲ့ အားကစားနည္းတစ္မ်ိဳးျဖစ္တာေၾကာင့္ ဘီးတပ္ကုလားထိုင္ေပၚကသူတစ္ေယာက္အေနနဲ႔ ျပင္းျပတဲ့စိတ္ဆႏၵသာ မရွိခဲ့ဘူးဆိုရင္ ပေရာ္ဖက္ရွင္နယ္ေဘာလံုး သမားတစ္ေယာက္ ဘယ္လိုမွျဖစ္မလာႏိုင္ပါဘူး။ အခု ဒီလိုျပင္းျပတဲ့စိတ္ေၾကာင့္ ေအာင္ျမင္မႈရရွိခဲ့တဲ့သူတစ္ဦးေတာ့ ရွိပါတယ္။ အဲ့ဒီသူကေတာ့ ၿပီးခဲ့တဲ့အက္ဖ္ေအဖလားၿပိဳင္ပြဲတုန္းက ရွက္ဖီးဝမ့္နက္ေဒးအသင္းအတြက္ ကစားခြင့္ရ သြားတဲ့ေနာက္ခံလူ သြန္ပဆင္ ပဲ ျဖစ္ပါတယ္။
အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ သြန္ပဆင္ဟာ သူရဲ႕ အသက္ ၅ ႏွစ္အရြယ္တုန္းက ကေလးေတြမွာ ျဖစ္ေတာင့္ျဖစ္ခဲ့တဲ့ တင္ပါးမွာ ရွိတဲ့ႂကြက္သားဆီကို ေသြးမေရာက္တဲ့ ေရာဂါကို ခံစားခဲ့ရပါတယ္။ ဒီေရာဂါကို ခြဲစိတ္မႈျပဳလုပ္ခဲ့ရတာေၾကာင့္ သြန္ပဆင္ဟာ တစ္ႏွစ္ခြဲအခ်ိန္ၾကာတဲ့ အထိ လမ္းမေလွ်ာက္ႏိုင္ခဲ့ဘဲ ဘီးတပ္ကုလားထိုင္ကို အသံုးျပဳၿပီး သြားလာခဲ့ရ ပါတယ္။ ဒါေပမယ့္ သူကိုယ္တိုင္က ေဘာလံုးသမားျဖစ္ခ်င္သလို မိဘေတြကလည္း က်န္းမာေရးျပန္ေကာင္းရင္ ကစားခြင့္ ျပဳထားတာေၾကာင့္ အခုခ်ိန္မွာေတာ့ သြန္ပဆင္ဟာ ပေရာ္ဖက္ရွင္ေဘာလံုးသမားတစ္ေယာက္ ျဖစ္လာခဲ့ၿပီပဲ ျဖစ္ပါတယ္။
ရွက္ဖီးဝမ့္နက္စ္ေဒးအတြက္ ပထမဆံုးကစားခြင့္ရၿပီးေနာက္မွာေတာ့ သြန္ပဆင္က “ အျခားကေလးေတြ ကစားကြင္းထဲမွာ ေပ်ာ္ရႊင္စြာနဲ႔ ကစားေနခ်ိန္မွာ ကၽြန္ေတာ္က ဘီးတပ္ကုလားထိုင္ေပၚမွာ ထိုင္ၿပီး ၾကည့္ေနရပါတယ္။ အဲ့ေလာက္နာက်င္စ ရာေကာင္းတာ ကၽြန္ေတာ္အတြက္မရွိခဲ့ပါဘူး။ ေဘာလံုးသမားျဖစ္ခ်င္ခဲ့တဲ့အတြက္ ဒဏ္ရာကို ခြဲစိတ္မႈခံယူၿပီး အေကာင္း ဆံုးလုပ္ေဆာင္ခဲ့တာေၾကာင့္ အခုေတာ့ ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားတစ္ေယာက္ ျဖစ္လာခဲ့ပါၿပီ” လို႔ေျပာခဲ့ပါတယ္။