၂၀၂၀ ခုနှစ် ဖီဖာအကောင်းဆုံးအမျိုးသားဘောလုံးအတွက် ဆန်ကာတင် ၃ ဦးမှာ အကောင်းဆုံးဆုကို ဘယ်သူရမှာလဲ


၂၀၂၀ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်မယ့် ကမ္ဘာ့အကောင်းဆုံး အမျိုးသားဘောလုံးသမားဆုအတွက် နောက်ဆုံးဆန်ကာ တင် ကစားသမား ၃ဦးစာရင်းကို ဖီဖာက ထုတ်ပြန်ခဲ့ရာမှာတော့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီ ဝန်ဒေါစကီးနဲ့အတူ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒို ၊ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဖီဖာအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့တုန်းက ဆန်ကာတင် ၁၁ ယောက်စာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ နောက်ဆုံး ၃ ယောက်ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။


ဆန်ကာတင် ၁၁ ယောက်စာရင်းမှာ ပါဝင်ခဲ့ပြီးမှ နောက်ဆုံးရွေးချယ်မှုအဆင့်ထဲ မပါခဲ့တဲ့ကစားသမားတွေ့တော့ ဒီဘရူနီ၊ မာနေး၊ အမ်ဘတ်ပီ၊နေမာ၊ ရာမို့စ်၊ ဆာလက်၊ အဲလ်ကန်တာရာနဲ့ ဗန်ဒိုက်ခ်တို့ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံး သမားတွေဖြစ်တဲ့ စီရော်နယ်ဒို ၊မက်ဆီတို့နဲ့အတူ ရွေးချယ်ခံထားရပေမယ့် ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်နဲ့အတူ တစ်ရာ သီအတွင်း ချန်ပီယံလိဂ်အပါအဝင် ဖလား ၃လုံးရယူနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးကတော့ အကောင်းဆုံးဆုရဖို့အတွက် ရေပန်း အစားဆုံး ဖြစ်နေပါတယ်။


အကောင်းဆုံး ၃ဦးစာရင်းဝင်မှာ ရွေးချယ်ခံရပြီးနောက် လီဝန်ဒေါစကီးက “ တစ်နှစ်အတွင်းမှာ ဂိုးတွေအများကြီးသွင်းယူ နိုင်မယ်ဆိုရင် အခုလိုရွေးချယ်ခံရမှာပါ။ ကျွန်တော်အနေနဲ့ အခြားသူတွေနဲ့ ယှဉ်ပြိုင်စရာမလိုဘဲ ကိုယ်ကိုယ်ကိုပဲ ယှဉ်ပြိုင် ရမှာပါ။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အသင်းအနေနဲ့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ဖီဖာအကောင်းဆုံးဘောလုံးသမား ဆု ရဖို့အတွက်က အိပ်မက်တစ်ခုဖြစ်ပေမယ့် အများကြီး မမျှော်လင့်ရဲပါဘူး” ဆိုပြီး ပြောခဲ့ပါတယ်။

zawgyi version

၂၀၂၀ ခုႏွစ္ ဖီဖာအေကာင္းဆံုးအမ်ိဳးသားေဘာလံုးအတြက္ ဆန္ကာတင္ ၃ ဦးမွာ အေကာင္းဆံုးဆုကို ဘယ္သူရမွာလဲ
၂၀၂၀ ခုႏွစ္အတြက္ ေရြးခ်ယ္ခ်ီးႁမွင့္မယ့္ ကမ႓ာ့အေကာင္းဆံုး အမ်ိဳးသားေဘာလံုးသမားဆုအတြက္ ေနာက္ဆံုးဆန္ကာ တင္ ကစားသမား ၃ဦးစာရင္းကို ဖီဖာက ထုတ္ျပန္ခဲ့ရာမွာေတာ့ ေရပန္းအစားဆံုးျဖစ္ေနတဲ့ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မွဴး လီ ဝန္ေဒါစကီးနဲ႔အတူ ဂ်ဴဗင္တပ္တိုက္စစ္မွဴး စီေရာ္နယ္ဒို ၊ ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီတို႔ ပါဝင္လာခဲ့တာပဲ ျဖစ္ပါတယ္။ ဖီဖာအေနနဲ႔ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၂၅ ရက္ေန႔တုန္းက ဆန္ကာတင္ ၁၁ ေယာက္စာရင္းကို ထုတ္ျပန္ခဲ့တာျဖစ္ၿပီး ဒီဇင္ဘာ ၁၁ ရက္ေန႔မွာေတာ့ ေနာက္ဆံုး ၃ ေယာက္ကို ေရြးခ်ယ္ခဲ့တာပဲ ျဖစ္ပါတယ္။
ဆန္ကာတင္ ၁၁ ေယာက္စာရင္းမွာ ပါဝင္ခဲ့ၿပီးမွ ေနာက္ဆံုးေရြးခ်ယ္မႈအဆင့္ထဲ မပါခဲ့တဲ့ကစားသမားေတြ႕ေတာ့ ဒီဘ႐ူနီ၊ မာေနး၊ အမ္ဘတ္ပီ၊ေနမာ၊ ရာမို႔စ္၊ ဆာလက္၊ အဲလ္ကန္တာရာနဲ႔ ဗန္ဒိုက္ခ္တို႔ပဲ ျဖစ္ပါတယ္။ ကမ႓ာ့အေကာင္းဆံုးေဘာလံုး သမားေတြျဖစ္တဲ့ စီေရာ္နယ္ဒို ၊မက္ဆီတို႔နဲ႔အတူ ေရြးခ်ယ္ခံထားရေပမယ့္ ၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္ျမဴးနစ္နဲ႔အတူ တစ္ရာ သီအတြင္း ခ်န္ပီယံလိဂ္အပါအဝင္ ဖလား ၃လံုးရယူႏိုင္ခဲ့တဲ့ လီဝန္ေဒါစကီးကေတာ့ အေကာင္းဆံုးဆုရဖို႔အတြက္ ေရပန္း အစားဆံုး ျဖစ္ေနပါတယ္။
အေကာင္းဆံုး ၃ဦးစာရင္းဝင္မွာ ေရြးခ်ယ္ခံရၿပီးေနာက္ လီဝန္ေဒါစကီးက “ တစ္ႏွစ္အတြင္းမွာ ဂိုးေတြအမ်ားႀကီးသြင္းယူ ႏိုင္မယ္ဆိုရင္ အခုလိုေရြးခ်ယ္ခံရမွာပါ။ ကြ်န္ေတာ္အေနနဲ႔ အျခားသူေတြနဲ႔ ယွဥ္ၿပိဳင္စရာမလိုဘဲ ကိုယ္ကိုယ္ကိုပဲ ယွဥ္ၿပိဳင္ ရမွာပါ။ ၿပီးခဲ့တဲ့ရာသီက ကြ်န္ေတာ္တို႔အသင္းအေနနဲ႔ အေကာင္းဆံုးလုပ္ႏိုင္ခဲ့ပါတယ္။ ဖီဖာအေကာင္းဆံုးေဘာလံုးသမား ဆု ရဖို႔အတြက္က အိပ္မက္တစ္ခုျဖစ္ေပမယ့္ အမ်ားႀကီး မေမွ်ာ္လင့္ရဲပါဘူး” ဆိုၿပီး ေျပာခဲ့ပါတယ္။