ဘာစီလိုနာ၊ မန်စီးတီး အပါအဝင် ဥရောပအသင်းကြီးတွေက ခေါ်ယူဖို့စောင့်ကြည့်နေတဲ့ တက်လီယာဖီကို,ကို စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ အေဂျက်


နယ်သာလန်ကလပ် အေဂျက်အသင်းဟာ ဘာစီလိုနာ၊ မန်စီးတီးအသင်းတို့အပါအဝင် ဥရောပထိပ်သီးအသင်းကြီး အများ စုက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ နောက်ခံလူ တက်လီယာဖီကို,ကို စာချုပ်သစ်ထပ်မံချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ တက်လီယာဖီကိုဟာ အစပိုင်းတုန်းက ၂၀၂၂ ခုနှစ်အထိစာချုပ်သက်တမ်းရှိနေသူဖြစ်ပေမယ့် စာချုပ်သစ်အရတော့ ၂၀၂၃ ခုနှစ်အထိ အေဂျက်မှာ ဆက်ရှိနေဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။


တက်လီယာဖီကိုရဲ့ ခြေစွမ်းကို စောင့်ကြည့်နေတဲ့အသင်းတွေထဲမှာ ဘာစီလိုနာ၊ မန်စီးတီးတို့အပြင် ယူနိုက်တက်၊ အင်တာ မီလန်၊ အက်သလက်တီကိုနဲ့ ချဲလ်ဆီးအသင်းတို့လည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ တက်လီယာဖီကို,ကို ခေါ်ယူဖို့အတွက် နွေရ ရာသီအပြောင်းအရွှေ့တုန်းက ချဲလ်ဆီးနဲ့ အက်သလက်တီကိုတို့က ကမ်းလှမ်းမှုတွေရှိခဲ့ပေမယ့် ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်မပြေတာကြောင့် ခေါ်ယူနိုင်ခဲ့ခြင်းမရှိတာလို့လည်း သိရပါတယ်။


၂၀၁၈ ခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အာဂျင်တီးနားကလပ် အင်ဒီပန်ဒီယန်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး ချန် ပီယံလိဂ်ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တဲ့ အေဂျက်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ တက်လီယာဖီကို,ကို အသင်းကြီးတွေက ရှာဖွေ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ အေဂျက်အသင်းဟာ အဓိက,ကစားသမားတစ်ဦးဖြစ်တဲ့ တက်လီယာဖီကို,ကို စာချုပ်သစ်ချုပ် ဆိုနိုင်ခဲ့သလို လက်ရှိရာသီ နယ်သာလန်လိဂ်မှာလည်း အမှတ်ပေးဇယားကို ဦးဆောင်နေတယ်လို့ သိရပါတယ်။

zawgyi version

ဘာစီလိုနာ၊ မန္စီးတီး အပါအဝင္ ဥေရာပအသင္းႀကီးေတြက ေခၚယူဖို႔ေစာင့္ၾကည့္ေနတဲ့ တက္လီယာဖီကို,ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တဲ့ ေအဂ်က္
နယ္သာလန္ကလပ္ ေအဂ်က္အသင္းဟာ ဘာစီလိုနာ၊ မန္စီးတီးအသင္းတို႔အပါအဝင္ ဥေရာပထိပ္သီးအသင္းႀကီး အမ်ား စုက ေခၚယူဖို႔ စိတ္ဝင္စားျခင္းခံေနရတဲ့ ေနာက္ခံလူ တက္လီယာဖီကို,ကို စာခ်ဳပ္သစ္ထပ္မံခ်ဳပ္ဆိုခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ တက္လီယာဖီကိုဟာ အစပိုင္းတုန္းက ၂၀၂၂ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းရွိေနသူျဖစ္ေပမယ့္ စာခ်ဳပ္သစ္အရေတာ့ ၂၀၂၃ ခုႏွစ္အထိ ေအဂ်က္မွာ ဆက္ရွိေနဖို႔ ေသခ်ာသြားခဲ့ၿပီျဖစ္ပါတယ္။
တက္လီယာဖီကိုရဲ႕ ေျခစြမ္းကို ေစာင့္ၾကည့္ေနတဲ့အသင္းေတြထဲမွာ ဘာစီလိုနာ၊ မန္စီးတီးတို႔အျပင္ ယူႏိုက္တက္၊ အင္တာ မီလန္၊ အက္သလက္တီကိုနဲ႔ ခ်ဲလ္ဆီးအသင္းတို႔လည္းပါဝင္ခဲ့တာျဖစ္ပါတယ္။ တက္လီယာဖီကို,ကို ေခၚယူဖို႔အတြက္ ေႏြရ ရာသီအေျပာင္းအေရႊ႕တုန္းက ခ်ဲလ္ဆီးနဲ႔ အက္သလက္တီကိုတို႔က ကမ္းလွမ္းမႈေတြရွိခဲ့ေပမယ့္ ေျပာင္းေရႊ႕ေၾကးညွိႏိႈင္းမႈ အဆင္မေျပတာေၾကာင့္ ေခၚယူႏိုင္ခဲ့ျခင္းမရွိတာလို႔လည္း သိရပါတယ္။
၂၀၁၈ ခုႏွစ္ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက အာဂ်င္တီးနားကလပ္ အင္ဒီပန္ဒီယန္အသင္းကေန ေျပာင္းေရႊ႕လာခဲ့ၿပီး ခ်န္ ပီယံလိဂ္ဆီမီးဖိုင္နယ္တက္ေရာက္ခဲ့တဲ့ ေအဂ်က္အသင္းမွာ ေျခစြမ္းျပခဲ့တဲ့ တက္လီယာဖီကို,ကို အသင္းႀကီးေတြက ရွာေဖြ ေတြ႕ရွိခဲ့တာပဲ ျဖစ္ပါတယ္။ ေအဂ်က္အသင္းဟာ အဓိက,ကစားသမားတစ္ဦးျဖစ္တဲ့ တက္လီယာဖီကို,ကို စာခ်ဳပ္သစ္ခ်ဳပ္ ဆိုႏိုင္ခဲ့သလို လက္ရွိရာသီ နယ္သာလန္လိဂ္မွာလည္း အမွတ္ေပးဇယားကို ဦးေဆာင္ေနတယ္လို႔ သိရပါတယ္။