ဒါဘီအသင်းနည်းပြနေရာမှာလုပ်ဆောင်နိုင်ဖို့အတွက် ဆရာဟောင်းတွေဖြစ်တဲ့ ဆာအဲလက်ဖာဂူဆန်၊ ဒေးဗစ်မိုယက်စ်တို့နဲ့ စကားပြောဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဝိန်းရူနီ


ဒါဘီအသင်းရဲ့ကစားသမားဘဝကနေ အနားယူသွားပြီး အသင်းနည်းပြအဖြစ်လုပ်ကိုင်ဖို့ရှိနေတဲ့ တိုက်စစ်မှူး ဝိန်းရူနီက နည်းပြရာထူးနေရာမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့အတွက် ဆရာဟောင်းတွေဖြစ်တဲ့ ဆာအဲလက်ဖာဂူဆန်နဲ့ ဒေးဗစ်မို ယက်စ်တို့ဆီက အကြံဉာဏ်တွေ တောင်းဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဝိန်းရူနီ ဟာ လာမယ့်စနေနေ့မှာ ကစားဖို့ရှိနေတဲ့ မီဝေါလ်အသင်းနဲ့ပွဲစဉ်မှာ ဒါဘီအသင်းရဲ့နည်းပြချုပ်အဖြစ် စတင်တာဝန်ယူမှာပဲ ဖြစ်ပါတယ်။


ဝိန်းရူနီက “ ကျွန်တော်အနေနဲ့ ကစားသမားဘဝမှာ အကောင်းဆုံးကစားခဲ့နိုင်သလိုမျိုး နည်းပြဘဝမှာလည်း အကောင်း ဆုံးလုပ်နိုင်ဖို့အတွက် လုပ်ဆောင်သွားမှာပါ။ ဒါကြောင့်လည်း အတွေ့အကြုံများပြီး ဆရာအရင်းတွေဖြစ်တဲ့ ဆာအဲလက် ဖာဂူဆန်၊ ဒေးဗစ်မိုယက်စ်တို့အပြင် အခြားသူတွေနဲ့ပါ စကားပြောခဲ့တာပါ။ သူတို့တွေဆီကနေ အကြံဉာဏ်ကောင်းတွေရ ခဲ့တာကြောင့် နည်းပြဘဝအစကို ခက်ခဲမှုမရှိဘဲ အကောင်းဆုံးလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။


ဝိန်းရူနီနဲ့ ဆက်စပ်တဲ့ အခြားသတင်းတစ်ခုကတော့ ယူနိုက်တက်အသင်းမှာ အတူတွဲကစားခဲ့ဖူးပြီး အသက်အတူတူဖြစ်တဲ့ စီရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်အသင်းမှာ ခြေစွမ်းပြနေပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝ သွင်းဂိုး ၇၅၀ သွင်းယူနိုင် တာနဲ့ ပတ်သက်ပြီးတော့လည်း ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။ ဝိန်းရူနီက “ စီရော်နယ်ဒိုက အံအားဖွယ်ကောင်းလောက်တဲ့ ကစားသမားတစ်ယောက်ပါ။ သူနဲ့ မက်ဆီတို့က ဘောလုံးကစားနေသရွှေ့ ဂိုးတွေဆက်သွင်းယူနိုင်မယ့် ကစားသမားတွေ ပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဒါဘီအသင္းနည္းျပေနရာမွာလုပ္ေဆာင္ႏိုင္ဖို႔အတြက္ ဆရာေဟာင္းေတြျဖစ္တဲ့ ဆာအဲလက္ဖာဂူဆန္၊ ေဒးဗစ္မိုယက္စ္တို႔နဲ႔ စကားေျပာျဖစ္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့ ဝိန္း႐ူနီ
ဒါဘီအသင္းရဲ႕ကစားသမားဘဝကေန အနားယူသြားၿပီး အသင္းနည္းျပအျဖစ္လုပ္ကိုင္ဖို႔ရွိေနတဲ့ တိုက္စစ္မွဴး ဝိန္း႐ူနီက နည္းျပရာထူးေနရာမွာ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ဖို႔အတြက္ ဆရာေဟာင္းေတြျဖစ္တဲ့ ဆာအဲလက္ဖာဂူဆန္နဲ႔ ေဒးဗစ္မို ယက္စ္တို႔ဆီက အၾကံဉာဏ္ေတြ ေတာင္းျဖစ္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ ဝိန္း႐ူနီ ဟာ လာမယ့္စေနေန႔မွာ ကစားဖို႔ရွိေနတဲ့ မီေဝါလ္အသင္းနဲ႔ပြဲစဥ္မွာ ဒါဘီအသင္းရဲ႕နည္းျပခ်ဳပ္အျဖစ္ စတင္တာဝန္ယူမွာပဲ ျဖစ္ပါတယ္။
ဝိန္း႐ူနီက “ ကြ်န္ေတာ္အေနနဲ႔ ကစားသမားဘဝမွာ အေကာင္းဆံုးကစားခဲ့ႏိုင္သလိုမ်ိဳး နည္းျပဘဝမွာလည္း အေကာင္း ဆံုးလုပ္ႏိုင္ဖို႔အတြက္ လုပ္ေဆာင္သြားမွာပါ။ ဒါေၾကာင့္လည္း အေတြ႕အၾကံဳမ်ားၿပီး ဆရာအရင္းေတြျဖစ္တဲ့ ဆာအဲလက္ ဖာဂူဆန္၊ ေဒးဗစ္မိုယက္စ္တို႔အျပင္ အျခားသူေတြနဲ႔ပါ စကားေျပာခဲ့တာပါ။ သူတို႔ေတြဆီကေန အၾကံဉာဏ္ေကာင္းေတြရ ခဲ့တာေၾကာင့္ နည္းျပဘဝအစကို ခက္ခဲမႈမရွိဘဲ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္မယ္လို႔ ယံုၾကည္ခ်က္ရွိပါတယ္” ဆိုၿပီး ေျပာခဲ့ပါတယ္။
ဝိန္း႐ူနီနဲ႔ ဆက္စပ္တဲ့ အျခားသတင္းတစ္ခုကေတာ့ ယူႏိုက္တက္အသင္းမွာ အတူတြဲကစားခဲ့ဖူးၿပီး အသက္အတူတူျဖစ္တဲ့ စီေရာ္နယ္ဒိုအေနနဲ႔ ဂ်ဴဗင္တပ္အသင္းမွာ ေျခစြမ္းျပေနၿပီး ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ သြင္းဂိုး ၇၅၀ သြင္းယူႏိုင္ တာနဲ႔ ပတ္သက္ၿပီးေတာ့လည္း ခ်ီးက်ဴးမႈျပဳလုပ္ခဲ့ပါတယ္။ ဝိန္း႐ူနီက “ စီေရာ္နယ္ဒိုက အံအားဖြယ္ေကာင္းေလာက္တဲ့ ကစားသမားတစ္ေယာက္ပါ။ သူနဲ႔ မက္ဆီတို႔က ေဘာလံုးကစားေနသေရႊ႕ ဂိုးေတြဆက္သြင္းယူႏိုင္မယ့္ ကစားသမားေတြ ပါ” လို႔ ေျပာခဲ့ပါတယ္။