ဘာစီလိုနာ၊ လီဗာပူး၊ အာဂျင်တီးနားတို့ရဲ့ကစားသမားဟောင်း မာရှေယာနို ဘောလုံးကစားခြင်းမှ အနားယူပြီ


အသက် ၃၆ နှစ်ရှိနေပြီဖြစ်ပြီး ဘောလုံးကစားခြင်းကို တောင်အမေရိကနဲ့ ဥရောပတိုက်တွေမှာ ၁၇ နှစ်ကြာကစားခဲ့ပြီး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ မာရှေယာနိုဟာ ဘောလုံးကစားခြင်းကနေ အနားယူခဲ့ပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါ တယ်။ မာရှေယာနိုဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းက မွေးရပ်မြေဖြစ်တဲ့ အာဂျင်တီးနားကလပ် အက်စတူဒီယန့် အသင်းကို ပြန်ပြောင်းရွှေ့ပြီး ကစားခဲ့သူလည်း ဖြစ်ပါတယ်။


ကစားသမားဘဝမှာ ကွင်းလယ်အဖျက်နေရာမှာ အကောင်းဆုံးကစားခဲ့ပြီး ၂၀၀၃ ခုနှစ်က အာဂျင်းတီးနားနာမည်ကြီး ကလပ် ရေးဗားပလိတ်နဲ့ စတင်ခဲ့တဲ့ မာရှေယာနိုဟာ ဘရာဇီးကလပ် ကိုရင်သီယန်မှာ ကစားခဲ့ပြီးနောက် ဥရောပတိုက်ကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ပရီးမီးယားလိဂ်က ဝက်စ်ဟမ်းအသင်းကို နိုင်ငံအသင်းဖော် တီဗက်ဇ်နဲ့အတူ ရောက်ရှိလာခဲ့ပြီး နောက် ခြေစွမ်းပြနိုင်တာကြောင့် လီဗာပူးအသင်းရဲ့ခေါ်ယူခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။


လီဗာပူးမှာ သုံးနှစ်တာကစားပြီးနောက်မှာတော့ ဘာစီလိုနာအသင်းရဲ့ခေါ်ယူခြင်းခံခဲ့ရပြီးနောက် ကစားသမားဘဝ အ ကောင်းဆုံးအချိန်တွေကို မာရှေယာနို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ မာရှေယာနိုဟာ ဘာစီလိုနာနဲ့အတူ လာလီဂါချန်ပီယံ ၅ ကြိမ်နဲ့ ချန်ပီယံလိဂ် ၂ ကြိမ်ရရှိခဲ့ပါတယ်။မာရှေယာနိုက “ ကျွန်တော်အနေနဲ့ ဘဝမှာ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ဆိုရမှာပါ။ အခုလို အနားယူဖို့အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဘာစီလိုနာ၊ လီဗာပူး၊ အာဂ်င္တီးနားတို႕ရဲ႕ကစားသမားေဟာင္း မာေရွယာႏို ေဘာလံုးကစားျခင္းမွ အနားယူၿပီ
အသက္ ၃၆ ႏွစ္ရွိေနၿပီျဖစ္ၿပီး ေဘာလံုးကစားျခင္းကို ေတာင္အေမရိကနဲ႔ ဥေရာပတိုက္ေတြမွာ ၁၇ ႏွစ္ၾကာကစားခဲ့ၿပီး ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ မာေရွယာႏိုဟာ ေဘာလံုးကစားျခင္းကေန အနားယူခဲ့ၿပီလို႔ ထုတ္ျပန္ေၾကညာခဲ့ပါ တယ္။ မာေရွယာႏိုဟာ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက ေမြးရပ္ေျမျဖစ္တဲ့ အာဂ်င္တီးနားကလပ္ အက္စတူဒီယန္႔ အသင္းကို ျပန္ေျပာင္းေရႊ႕ၿပီး ကစားခဲ့သူလည္း ျဖစ္ပါတယ္။
ကစားသမားဘဝမွာ ကြင္းလယ္အဖ်က္ေနရာမွာ အေကာင္းဆံုးကစားခဲ့ၿပီး ၂၀၀၃ ခုႏွစ္က အာဂ်င္းတီးနားနာမည္ႀကီး ကလပ္ ေရးဗားပလိတ္နဲ႔ စတင္ခဲ့တဲ့ မာေရွယာႏိုဟာ ဘရာဇီးကလပ္ ကိုရင္သီယန္မွာ ကစားခဲ့ၿပီးေနာက္ ဥေရာပတိုက္ကို ေျပာင္းေရႊ႕ကစားခဲ့ပါတယ္။ ပရီးမီးယားလိဂ္က ဝက္စ္ဟမ္းအသင္းကို ႏိုင္ငံအသင္းေဖာ္ တီဗက္ဇ္နဲ႔အတူ ေရာက္ရွိလာခဲ့ၿပီး ေနာက္ ေျခစြမ္းျပႏိုင္တာေၾကာင့္ လီဗာပူးအသင္းရဲ႕ေခၚယူျခင္းကို ခံခဲ့ရသူလည္း ျဖစ္ပါတယ္။
လီဗာပူးမွာ သံုးႏွစ္တာကစားၿပီးေနာက္မွာေတာ့ ဘာစီလိုနာအသင္းရဲ႕ေခၚယူျခင္းခံခဲ့ရၿပီးေနာက္ ကစားသမားဘဝ အ ေကာင္းဆံုးအခ်ိန္ေတြကို မာေရွယာႏို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ မာေရွယာႏိုဟာ ဘာစီလိုနာနဲ႔အတူ လာလီဂါခ်န္ပီယံ ၅ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ ၂ ႀကိမ္ရရွိခဲ့ပါတယ္။မာေရွယာႏိုက “ ကြ်န္ေတာ္အေနနဲ႔ ဘဝမွာ အေကာင္းဆံုးလုပ္ႏိုင္ခဲ့တယ္လို႔ဆိုရမွာပါ။ အခုလို အနားယူဖို႔အတြက္ ခက္ခက္ခဲခဲ ဆံုးျဖတ္ခဲ့ရပါတယ္” လို႔ ေျပာခဲ့ပါတယ္။