လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းဖော်ဟောင်း ရာမို့စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေ တဲ့ ဒေးဗစ်ဘက်ခမ်း


ရီးရဲလ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းရဲ့ ရှယ်ယာရှင် တစ်ဦးဖြစ်ပြီး အသင်းအတွက် အသင်းဖော်ဖြစ်ခဲ့ဖူးတဲ့ ရာမို့စ်ကို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ရာမို့စ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန် မှာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။


ဒေးဗစ်ဘက်ခမ်းနဲ့ ရာမို့စ်တို့က ၂၀၀၅ ကနေ ၂၀၀၇ ခုနှစ်အထိ ရီးရဲလ်အသင်းမှာ အတူတွဲကစားခဲ့ဖူးသူတွေဖြစ်ပြီး ဒေးဗစ် ဘက်ခမ်းက သူပူးတွဲပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်းကလည်း ဒီနှစ်မှာမှ မေဂျာလိဂ်ကို ဝင်ရောက်ယှဉ်ပြိုင်နေတာ ကြောင့် ကစားသမားကောင်းတွေကို ခေါ်ယူဖို့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ အင်တာမီယာမီအသင်းဟာ နွေရာသီ အပြောင်းအရွှေ့တုန်းက ဂျူဗင်တပ်ကစားသမားတွေဖြစ်တဲ့ မာတူဒီနဲ့ ဟီဂူအင်တို့ကိုလည်း ခေါ်ယူထားပါတယ်။


ဒေးဗစ်ဘက်ခမ်းအနေနဲ့ အင်တာမီယာမီအသင်းကို နာမည်ကျော်ကစားသမားအများစုကို လာရောက်ကစားဖို့အတွက် ဖိတ်ခေါ်ထားပြီး စီရော်နယ်ဒို၊ မက်ဆီတို့ကိုတောင် ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ရာမို့စ်ကလည်း အင်တာမီယာမီအသင်းကို အားပေးတဲ့ပရိသတ်တစ်ယောက်ဖြစ်ပြီး မေဂျာ လိဂ်မှာ သူငယ်ချင်းအများအပြားရှိနေတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်နိုင်တယ်လို့လည်း သိရပါတယ်။

zawgyi version

လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းေဖာ္ေဟာင္း ရာမို႔စ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖို႔ လုပ္ေဆာင္ေန တဲ့ ေဒးဗစ္ဘက္ခမ္း
ရီးရဲလ္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္းဟာ ေမဂ်ာလိဂ္ကလပ္ အင္တာမီယာမီအသင္းရဲ႕ ရွယ္ယာရွင္ တစ္ဦးျဖစ္ၿပီး အသင္းအတြက္ အသင္းေဖာ္ျဖစ္ခဲ့ဖူးတဲ့ ရာမို႔စ္ကို လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ အလြတ္ေျပာင္းေရႊ႕ ေၾကးနဲ႔ ေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ ရာမို႔စ္ဟာ ဒီႏွစ္ေဘာလံုးရာသီအကုန္ မွာ ရီးရဲလ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာလည္း ျဖစ္ပါတယ္။
ေဒးဗစ္ဘက္ခမ္းနဲ႔ ရာမို႔စ္တို႔က ၂၀၀၅ ကေန ၂၀၀၇ ခုႏွစ္အထိ ရီးရဲလ္အသင္းမွာ အတူတြဲကစားခဲ့ဖူးသူေတြျဖစ္ၿပီး ေဒးဗစ္ ဘက္ခမ္းက သူပူးတြဲပိုင္ဆိုင္တဲ့ အင္တာမီယာမီအသင္းကလည္း ဒီႏွစ္မွာမွ ေမဂ်ာလိဂ္ကို ဝင္ေရာက္ယွဥ္ၿပိဳင္ေနတာ ေၾကာင့္ ကစားသမားေကာင္းေတြကို ေခၚယူဖို႔ လုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။ အင္တာမီယာမီအသင္းဟာ ေႏြရာသီ အေျပာင္းအေရႊ႕တုန္းက ဂ်ဴဗင္တပ္ကစားသမားေတြျဖစ္တဲ့ မာတူဒီနဲ႔ ဟီဂူအင္တို႔ကိုလည္း ေခၚယူထားပါတယ္။
ေဒးဗစ္ဘက္ခမ္းအေနနဲ႔ အင္တာမီယာမီအသင္းကို နာမည္ေက်ာ္ကစားသမားအမ်ားစုကို လာေရာက္ကစားဖို႔အတြက္ ဖိတ္ေခၚထားၿပီး စီေရာ္နယ္ဒို၊ မက္ဆီတို႔ကိုေတာင္ ေခၚယူဖို႔အတြက္ ကမ္းလွမ္းမႈေတြျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ရာမို႔စ္ကလည္း အင္တာမီယာမီအသင္းကို အားေပးတဲ့ပရိသတ္တစ္ေယာက္ျဖစ္ၿပီး ေမဂ်ာ လိဂ္မွာ သူငယ္ခ်င္းအမ်ားအျပားရွိေနတာေၾကာင့္ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ႏိုင္တယ္လို႔လည္း သိရပါတယ္။