အသက် ၂၀ နဲ့အောက် လူငယ်ကစားသမားစာရင်းမှာ တန်ကြေးအမြင့်ဆုံးကစားသမားက ဘိုင်ယန်မြူးနစ်နောက်ခံလူ အယ်ဖွန်ဆိုဒေးဗီးစ် ဖြစ်ပြီး ပေါင် ၁၆၂ သန်းနဲ့ ဦးဆောင်နေ


အချက်အလက်စစ်တမ်းတွေကို ကောက်ယူတဲ့ CIES ရဲ့ ဖော်ပြချက်အရ ဥရောပထိပ်သီးလိဂ်တွေမှာ ကစားနေတဲ့ လူငယ် ကစားသမားတွေကို စစ်တမ်းကောက်ခဲ့ပြီး အသက် ၂၀ နှစ်နဲ့ အောက်ကစားသမားတွေရဲ့ တန်ကြေးကို တွက်ချက်ရာမှာ တော့ ဘိုင်ယန်မြူးနစ်နောက်ခံလူ အယ်ဖွန်ဆိုဒေးဗီးစ်က ပေါင် ၁၆၂ သန်းနဲ့ ထိပ်ဆုံးက ဦးဆောင်နေတယ်လို့ ဖော်ပြခြင်း ခံခဲ့ရတာပဲ ဖြစ်ပါတယ်။


အယ်ဖွန်ဆိုဒေးဗီးစ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်အပါအဝင် တစ်ရာသီတည်း ဖလားသုံးလုံးရခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းမှာ ခြေစွမ်းပြနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံ ၄၃ ပွဲမှာ သုံးဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၉ ကြိမ်အထိပြုလုပ်နိုင်ခဲ့ သူ ဖြစ်ပါတယ်။ အယ်ဖွန်ဆိုဒေးဗီးစ်ရဲ့ နောက်မှာတော့ နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်နေတဲ့ ဒေါ့မန်ကစားသမား ဆန်ချိုက ပေါင် ၁၁၂ သန်းနဲ့ ရပ်တည်နေတယ်လို့ သိရပါတယ်။


တတိယနေရာမှာတော့ ဒီရာသီမှာ ဘာစီလိုနာအတွက် ခြေစွမ်းပြနေတဲ့ အန်ဆုဖာတီက ပေါင်သန်း ၁၁၀ နဲ့ရှိနေတာဖြစ်ပြီး ဒေါ့မန်တိုက်စစ်မှူး ဟာလန်းကတော့ ပေါင် ၁၀၈ သန်းနဲ့ စတုတ္ထနေရာမှာ ရှိနေတာဖြစ်ပါတယ်။ တန်ကြေးအမြင့်ဆုံး လူငယ်ကစားသမား ၁၀ ဦးစာရင်းမှာ ပရီးမီးယားလိဂ်က လူငယ်ကစားသမားလေးဦးအထိပါဝင်ခဲ့ပြီး ယူနိုက်တက်က ဂရင်း ဝုဒ် ပေါင် ၁၀၄ သန်း၊ မန်စီးတီးက ဖာရန်တောရက်စ် ပေါင် ၉၅သန်း၊အာဆင်နယ်က ဆာကာ ပေါင် ၈၄ သန်းနဲ့ မန်စီးတီး က ဖိုဒန် ပေါင် ၆၃ သန်းတို့နဲ့ ပါဝင်နေတာပဲ ဖြစ်ပါတယ်။

zawgyi version

အသက္ ၂၀ နဲ႔ေအာက္ လူငယ္ကစားသမားစာရင္းမွာ တန္ေၾကးအျမင့္ဆံုးကစားသမားက ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ အယ္ဖြန္ဆိုေဒးဗီးစ္ ျဖစ္ၿပီး ေပါင္ ၁၆၂ သန္းနဲ႔ ဦးေဆာင္ေန
အခ်က္အလက္စစ္တမ္းေတြကို ေကာက္ယူတဲ့ CIES ရဲ႕ ေဖာ္ျပခ်က္အရ ဥေရာပထိပ္သီးလိဂ္ေတြမွာ ကစားေနတဲ့ လူငယ္ ကစားသမားေတြကို စစ္တမ္းေကာက္ခဲ့ၿပီး အသက္ ၂၀ ႏွစ္နဲ႔ ေအာက္ကစားသမားေတြရဲ႕ တန္ေၾကးကို တြက္ခ်က္ရာမွာ ေတာ့ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ အယ္ဖြန္ဆိုေဒးဗီးစ္က ေပါင္ ၁၆၂ သန္းနဲ႔ ထိပ္ဆံုးက ဦးေဆာင္ေနတယ္လို႔ ေဖာ္ျပျခင္း ခံခဲ့ရတာပဲ ျဖစ္ပါတယ္။
အယ္ဖြန္ဆိုေဒးဗီးစ္ဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္အပါအဝင္ တစ္ရာသီတည္း ဖလားသံုးလံုးရခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ အသင္းမွာ ေျခစြမ္းျပႏိုင္တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး ၿပိဳင္ပြဲစံု ၄၃ ပြဲမွာ သံုးဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၉ ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့ သူ ျဖစ္ပါတယ္။ အယ္ဖြန္ဆိုေဒးဗီးစ္ရဲ႕ ေနာက္မွာေတာ့ ေႏြရာသီအေျပာင္းအေရႊ႕မွာ ယူႏိုက္တက္ကို ေျပာင္းေရႊ႕ဖို႔အတြက္ သတင္းေတြထြက္ေနတဲ့ ေဒါ့မန္ကစားသမား ဆန္ခ်ိဳက ေပါင္ ၁၁၂ သန္းနဲ႔ ရပ္တည္ေနတယ္လို႔ သိရပါတယ္။
တတိယေနရာမွာေတာ့ ဒီရာသီမွာ ဘာစီလိုနာအတြက္ ေျခစြမ္းျပေနတဲ့ အန္ဆုဖာတီက ေပါင္သန္း ၁၁၀ နဲ႔ရွိေနတာျဖစ္ၿပီး ေဒါ့မန္တိုက္စစ္မွဴး ဟာလန္းကေတာ့ ေပါင္ ၁၀၈ သန္းနဲ႔ စတုတၳေနရာမွာ ရွိေနတာျဖစ္ပါတယ္။ တန္ေၾကးအျမင့္ဆံုး လူငယ္ကစားသမား ၁၀ ဦးစာရင္းမွာ ပရီးမီးယားလိဂ္က လူငယ္ကစားသမားေလးဦးအထိပါဝင္ခဲ့ၿပီး ယူႏိုက္တက္က ဂရင္း ဝုဒ္ ေပါင္ ၁၀၄ သန္း၊ မန္စီးတီးက ဖာရန္ေတာရက္စ္ ေပါင္ ၉၅သန္း၊အာဆင္နယ္က ဆာကာ ေပါင္ ၈၄ သန္းနဲ႔ မန္စီးတီး က ဖိုဒန္ ေပါင္ ၆၃ သန္းတို႔နဲ႔ ပါဝင္ေနတာပဲ ျဖစ္ပါတယ္။