ဖီဖာ ဥက္ကဌ အင်ဖာတီနို ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

ဖီဖာဥက္ကဌ အင်ဖာတီနိုမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အသက် ၅၀ အရွယ်ဥက္ကဌကြီးက ကိုဗစ် ရောဂါပိုး ကူးစက်ခံထားရပြီလို့ အတည်ပြုခဲ့ပြီး အခု သီးသန့်နေထိုင်နေပြီဖြစ်ပါတယ်။ အင်ဖာတီနိုမှာ ကိုဗစ် လက္ခဏ အနံ့ပျောက်တာကလွဲပြီး ကျန်တာ အကုန်ကောင်းမွန်နေပါတယ်လို့ သိရပါတယ်။

အင်္ဂါနေ့က ဖီဖာရဲ့ သတင်းထုတ်ပြန်ချက်မှာ အင်ဖာတီနိုဟာ အနည်းဆုံး (၁၀) ရက် သီးသန့်နေထိုင်သွားရမှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ ဘောလုံးလောကမှာလည်း ဆက်လက်ပြန့်ပွားနေပါတယ်။


