စီရော်နယ်ဒိုနဲ့ မက်ဆီ အရင် ပီလီနဲ့ မာရာဒိုနာက ဘယ်သူပိုကောင်းလဲဆိုပြီး Goal သတင်းဌာနက ဖော်ပြခဲ့

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် လက်ရှိအချိန်မှာ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ ယှဉ်ပြိုင်နေကြပေမယ့် အကောင်းဆုံး ကစားသမားဆုဟာ အရင်ကတည်းက ယှဉ်ပြိုင်မှုတွေရှိခဲ့တာပဲ ဖြစ်ပါတယ်။ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ အရင်က အကောင်း ဆုံးကစားသမားဆုအတွက် ပီလီ ၊ မာရာဒိုနာတို့ ရှိခဲ့တယ်လို့ သိရပြီး သူတို့နှစ်ယောက်မှာ ဘယ်သူပိုကောင်းတယ် ဆိုတာ ကို Goal သတင်းဌာနက သုံးသပ်ဖော်ပြခဲ့ပါတယ်။


ဘရာဇီးအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်ပြီး အားလုံးက ချစ်စနိုးနဲ့ ပုလဲနက် လို့ ခေါ်တဲ့ ပီလီကတော့ ၁၉၅၀ ခုနှစ် ကနေ ၁၉၇၀ ခုနှစ်လောက်အထိကစားသမားတွေထဲမှာ အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခံရသူလည်းဖြစ်ပါတယ်။ ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ၃ ကြိမ်ရယူထားနိုင်တဲ့ ပီလီက ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦး ဆိုတာတော့ ငြင်းလို့ရမှာမဟုတ်တာဘဲ ဖြစ်ပါတယ်။


အာဂျင်တီးနားဂန္တဝင်ကစားသမား မာရာဒိုနာကတော့ ၁၉၈၀နဲ့ ၁၉၉၀ ခုနှစ်ကြားမှာ ထင်ပေါ်ခဲ့တဲ့ ကစားသမားဖြစ်ပြီး အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံတစ်ကြိမ်ဖြစ်ခဲ့တာကြောင့် လက်ရှိတိုက်စစ်မှူးဖြစ်တဲ့ မက်ဆီထက်စွမ်းဆောင် ရည်ကောင်းသူအဖြစ် သတ်မှတ်ခံရသူလည်းဖြစ်ပါတယ်။ ပီလီနဲ့ မာရာဒိုနာတို့ဟာ စီရော်နယ်ဒိုနဲ့ မက်ဆီတို့လို တစ်ခေတ် တည်းမှာ ကစားနေတဲ့သူတွေ မဟုတ်တာကြောင့် ဘယ်သူပိုကောင်းလဲဆိုတာထက် သူတို့စွမ်းဆောင်ရည်ကိုပဲ အသိအ မှတ် ပြုရမယ်လို့ Goal က ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

စီေရာ္နယ္ဒိုနဲ႔ မက္ဆီ အရင္ ပီလီနဲ႔ မာရာဒိုနာက ဘယ္သူပိုေကာင္းလဲဆိုၿပီး Goal သတင္းဌာနက ေဖာ္ျပခဲ့
ကမၻာ့အေကာင္းဆံုးေဘာလံုးသမားအျဖစ္ လက္ရွိအခ်ိန္မွာ စီေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ ယွဥ္ၿပိဳင္ေနၾကေပမယ့္ အေကာင္းဆံုး ကစားသမားဆုဟာ အရင္ကတည္းက ယွဥ္ၿပိဳင္မႈေတြရွိခဲ့တာပဲ ျဖစ္ပါတယ္။ စီေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ အရင္က အေကာင္း ဆံုးကစားသမားဆုအတြက္ ပီလီ ၊ မာရာဒိုနာတို႔ ရွိခဲ့တယ္လို႔ သိရၿပီး သူတို႔ႏွစ္ေယာက္မွာ ဘယ္သူပိုေကာင္းတယ္ ဆိုတာ ကို Goal သတင္းဌာနက သံုးသပ္ေဖာ္ျပခဲ့ပါတယ္။
ဘရာဇီးအသင္းရဲ႕ ဂႏၱဝင္ကစားသမားတစ္ဦးျဖစ္ၿပီး အားလံုးက ခ်စ္စႏိုးနဲ႔ ပုလဲနက္ လို႔ ေခၚတဲ့ ပီလီကေတာ့ ၁၉၅၀ ခုႏွစ္ ကေန ၁၉၇၀ ခုႏွစ္ေလာက္အထိကစားသမားေတြထဲမွာ အေကာင္းဆံုးကစားသမားလို႔ သတ္မွတ္ခံရသူလည္းျဖစ္ပါတယ္။ ဘရာဇီးအသင္းနဲ႔အတူ ကမၻာ့ဖလားခ်န္ပီယံဆု ၃ ၾကိမ္ရယူထားႏိုင္တဲ့ ပီလီက ကမၻာ့အေကာင္းဆံုးကစားသမားတစ္ဦး ဆိုတာေတာ့ ျငင္းလို႔ရမွာမဟုတ္တာဘဲ ျဖစ္ပါတယ္။
အာဂ်င္တီးနားဂႏၱဝင္ကစားသမား မာရာဒိုနာကေတာ့ ၁၉၈၀နဲ႔ ၁၉၉၀ ခုႏွစ္ၾကားမွာ ထင္ေပၚခဲ့တဲ့ ကစားသမားျဖစ္ၿပီး အာဂ်င္တီးနားနဲ႔အတူ ကမၻာ့ဖလားခ်န္ပီယံတစ္ၾကိမ္ျဖစ္ခဲ့တာေၾကာင့္ လက္ရွိတိုက္စစ္မွဴးျဖစ္တဲ့ မက္ဆီထက္စြမ္းေဆာင္ ရည္ေကာင္းသူအျဖစ္ သတ္မွတ္ခံရသူလည္းျဖစ္ပါတယ္။ ပီလီနဲ႔ မာရာဒိုနာတို႔ဟာ စီေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔လို တစ္ေခတ္္ တည္းမွာ ကစားေနတဲ့သူေတြ မဟုတ္တာေၾကာင့္ ဘယ္သူပိုေကာင္းလဲဆုိတာထက္ သူတို႔စြမ္းေဆာင္ရည္ကိုပဲ အသိအ မွတ္ ျပဳရမယ္လို႔ Goal က ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။