ဂျပ်စတင်ဂတ်ဂျေးကို အနိုင်ယူပြီးနောက် လက်ရှိချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းသွားတဲ့ ခါဘစ် ဖခင်ဖြစ်သူ ဆုံးသွားလို့ UFC လောက ကနေပါ အနားယူသွား

  ဂျပ်စတင်ဂတ်ဂျေး ကို အနိုင်ရခဲ့ပြီးနောက် သူ့ရဲ့ ရှုံးပွဲမရှိ စံချိန်ကို ဆက်လက်ထိန်းသိမ်းသွားတဲ့ ခါဘစ်ဟာ UFC လောက ကနေ ပါ အနားယူသွားပြီလို့ အံ့အားသင့်စွာ ကြေညာခဲ့ပါတယ်။ UFC 254 ပွဲအဖြစ် ကစားခဲ့တဲ့ပွဲအပြီးမှာ ခါဘစ်က ကင်မရာတွေရှေ့မှာပဲ အဆိုပါ သတင်းကို ကြေညာခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ သူ့အသင်းကို ကျေးဇူးတင်ခဲ့ပေမယ့် ဇူလိုင်လတုန်းက ကိုဗစ်ကြောင့် သေဆုံးသွားခဲ့တဲ့ သူ့အဖေဖြစ်သူ ABdulmanap ကြောင့် UFC လောက ကို ပြန်လာတော့မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။

ကိုဗစ် လက္ခဏာကြောင့် မေလတုန်းက မော်စကို ရှိဆေးရုံကို သူကိုယ်တိုင် သွားရောက်ခဲ့ရပြီး နှလုံးရောဂါအခြေအနေကြောင့် ဖခင်ဖြစ်သူဟာ ဆုံးပါး ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ ခါဘစ်က သူ့အမေဖြစ်သူကို နောက်ဆုံးတစ်ပွဲကို ကစားပြီးရင် အနားယူမယ်လို့ ကတိပေးခဲ့ပါတယ်။

ရှုံးပွဲမရှိကြယ်ပွင့်က “ဒီအရာတွေအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်နဲ့ အတူရှိနေတဲ့ သူတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနားမှာ ၁၀ နှစ်ကျော်အတူတူ ရှိခဲ့တာပါ။ အသင်းသားအားလုံး နဲ့ နည်းပြ ဂျာဗီယာ သူတို့တွေကို ကျွန်တော် အရမ်းချစ်ပါတယ်။ ဒီနေ့မှာတော့ ဒီပွဲက ကျွန်တော့်ရဲ့ နောက်ဆုံးပွဲပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ကျွန်တော့်အဖေ မရှိတော့လို့ ဒီကို ပြန်လာဖြစ်တော့မှာ မဟုတ်ပါဘူး။ အဖေ ရှိတုန်းက ဒီပွဲက စီစဉ်ထားခဲ့လို့ ထိုးဖြစ်ခဲ့တာပါ။ အဖေမရှိတော့လို့ အမေကလည်း ကျွန်တော့်ကို မထိုးစေချင်ပါဘူး။ အမေနဲ့ ကျွန်တော် (၃) ရက်လောက်ပြောဖြစ်ခဲ့ပါတယ်။ ဒီပွဲက နောက်ဆုံးပဲလို့ သူ့ကို ကတိပေးခဲ့ပါတယ်။ ကျွန်တော် ပြောပြီးတဲ့ စကားကို လိုက်လုပ်ရပါမယ်။ ဒီပွဲက ကျွန်တော့်အတွက် နောက်ဆုံးပွဲပါ” လို့ ပွဲအပြီးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂ်ပ္စတင္ဂတ္ေဂ်းကို အႏိုင္ယူျပီးေနာက္ လက္ရွိခ်န္ပီယံဘြဲ႕ကို ဆက္လက္ထိန္းသိမ္းသြားတဲ့ ခါဘစ္ ဖခင္ျဖစ္သူ ဆံုးသြားလို႔ UFC ေလာက ကေနပါ အနားယူသြား

ဂ်ပ္စတင္ဂတ္ေဂ်း ကို အႏိုင္ရခဲ့ျပီးေနာက္ သူ႔ရဲ႕ ရႈံးပြဲမရွိ စံခ်ိန္ကို ဆက္လက္ထိန္းသိမ္းသြားတဲ့ ခါဘစ္ဟာ UFC ေလာက ကေန ပါ အနားယူသြားျပီလို႔ အံ့အားသင့္စြာ ေၾကညာခဲ့ပါတယ္။ UFC 254 ပြဲအျဖစ္ ကစားခဲ့တဲ့ပြဲအျပီးမွာ ခါဘစ္က ကင္မရာေတြေရွ႕မွာပဲ အဆိုပါ သတင္းကို ေၾကညာခဲ့တာျဖစ္ပါတယ္။

ပြဲအျပီးမွာ အသက္ ၃၂ ႏွစ္အရြယ္ကစားသမားဟာ သူ႔အသင္းကို ေက်းဇူးတင္ခဲ့ေပမယ့္ ဇူလိုင္လတုန္းက ကိုဗစ္ေၾကာင့္ ေသဆံုးသြားခဲ့တဲ့ သူ႔အေဖျဖစ္သူ ABdulmanap ေၾကာင့္  UFC ေလာက ကို ျပန္လာေတာ့မွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။

ကိုဗစ္ လကၡဏာေၾကာင့္ ေမလတုန္းက ေမာ္စကို ရွိေဆးရံုကို သူကိုယ္တိုင္ သြားေရာက္ခဲ့ရျပီး ႏွလံုးေရာဂါအေျခအေနေၾကာင့္ ဖခင္ျဖစ္သူဟာ ဆံုးပါး ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာ ခါဘစ္က သူ႔အေမျဖစ္သူကို ေနာက္ဆံုးတစ္ပြဲကို ကစားျပီးရင္ အနားယူမယ္လို႔ ကတိေပးခဲ့ပါတယ္။

ရႈံးပြဲမရွိၾကယ္ပြင့္က “ဒီအရာေတြအတြက္ ေက်းဇူးတင္ပါတယ္၊ ကၽြန္ေတာ္နဲ႔ အတူရိွေနတဲ့ သူေတြအတြက္လည္း ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ့္အနားမွာ ၁၀ ႏွစ္ေက်ာ္အတူတူ ရွိခဲ့တာပါ။ အသင္းသားအားလံုး နဲ႔ နည္းျပ ဂ်ာဗီယာ သူတို႔ေတြကို ကၽြန္ေတာ္ အရမး္ခ်စ္ပါတယ္။ ဒီေန႔မွာေတာ့ ဒီပြဲက ကၽြန္ေတာ့္ရဲ႕ ေနာက္ဆံုးပြဲပဲ ျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္။

ကၽြန္ေတာ့္အေဖ မရွိေတာ့လို႔ ဒီကို ျပန္လာျဖစ္ေတာ့မွာ မဟုတ္ပါဘူး။ အေဖ ရွိတုန္းက ဒီပြဲက စီစဥ္ထားခဲ့လို႔ ထုိးျဖစ္ခဲ့တာပါ။ အေဖမရွိေတာ့လို႔ အေမကလည္း ကၽြန္ေတာ့္ကို မထိုးေစခ်င္ပါဘူး။ အေမနဲ႔ ကၽြန္ေတာ္ (၃) ရက္ေလာက္ေျပာျဖစ္ခဲ့ပါတယ္။ ဒီပြဲက ေနာက္ဆံုးပဲလို႔ သူ႔ကို ကတိေပးခဲ့ပါတယ္။ ကၽြန္ေတာ္ ေျပာျပီးတဲ့ စကားကို လိုက္လုပ္ရပါမယ္။ ဒီပြဲက ကၽြန္ေတာ့္အတြက္ ေနာက္ဆံုးပြဲပါ” လို႔ ပြဲအျပီးမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။