ဘာစီလိုနာရဲ့ ဖလား ၃လုံးရတဲ့နှစ်တိုင်း ဥရောပစူပါဖလားရတဲ့ စံချိန်ကို အမီလိုက်နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်


ချန်ပီယံလိဂ်အပါအဝင် တစ်ရာသီအတွင်း ဖလား ၃ လုံးရတဲ့ အသင်းက ဥရောပတိုက်မှာ ၇ သင်းပဲ ရှိပါတယ်။ ဒီ ၇သင်း ကတော့ စကော့တလန်က ဆဲလ်တစ်၊ နယ်သာလန်က အေဂျက်နဲ့ ဗီအက်စ်ဗွီ၊ အင်္ဂလန်က ယူနိုက်တက်၊ အီတလီက အင်တာမီလန်၊ စပိန်က ဘာစီလိုနာနဲ့ ဂျာမနီက ဘိုင်ယန်မြူးနစ်တို့ပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ တစ်ရာသီအတွင်း ဖလား ၃ လုံးချန်ပီယံအဖြစ် နှစ်ကြိမ်စီရထားတဲ့အသင်းက နှစ်သင်းပဲ ရှိပြီး ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ပဲ ဖြစ်ပါတယ်။


ဘောလုံးကလပ်အသင်းတစ်သင်းအတွက် ချန်ပီယံဆုရဖို့ဆိုတာ ခက်ခဲပြီး တစ်ရာသီအတွင်း ဖလား၃ လုံးရဖို့ဆိုတာ ပိုပြီး တော့ ခက်ခဲမှာ သေချာပါတယ်။ ဒီလိုအခြေအနေမျိုးမှာမှ ဥရောပရဲ့ အကောင်းဆုံးအသင်းအဖြစ် တံဆိပ်နှိပ်ခံရမယ့် ဥရောပစူပါဖလားကို ထပ်ပြီး ရရှိဖို့ဆိုတာ ပိုပြီးတော့တောင် ခက်ခဲဦးမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဥရောပ စူပါဖလား ပြိုင်ပွဲဟာ ချန်ပီယံလိဂ်ချန်ပီယံနဲ့ ယူရိုပါလိဂ်ချန်ပီယံတို့ ယှဉ်ပြိုင်ကစားတာကြောင့် ချန်ပီယံဖြစ်ဖို့ခက်တယ် ဆိုရ တာ ဖြစ်ပါတယ်။


ဥရောပစူပါဖလားပြိုင်ပွဲကို ၁၉၇၃ ခုနှစ်မှ စတင်ကျင်းပခဲ့တာကြောင့် ဒီအရင်မှာ ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့တဲ့ ဆဲလ်တစ် (၁၉၆၆-၉၇)နဲ့ အေဂျက် (၁၉၇၁-၇၂) တို့ကတော့ ဥရောပစူပါဖလားပွဲကို မကစားခဲ့ရပါဘူး။ ဖလား ၃ လုံးရတဲ့ အသင်း တွေအနေနဲ့ ဥရောပစူပါဖလားပြိုင်ပွဲကို ကစားခွင့်ရခဲ့တဲ့တာက ၇ ကြိမ်အထိရှိပြီဖြစ်ပြီး ဒီအထဲမှာမှ ဥရောပတိုက်ရဲ့ချန်ပီယံ ဖြစ်ခဲ့တဲ့အသင်းက ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ပဲ ရှိပါတယ်။ ဒီနှစ်သင်းစလုံးဟာ ဖလား ၃လုံး ချန်ပီယံဆုကို နှစ်ကြိမ်စီ ရရှိထားသလို ဥရောပစူပါဖလားကိုလည်း ဖလား ၃ လုံးရတဲ့နှစ်တွေမှာ ရယူနိုင်တဲ့အသင်းတွေအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ တာ ဖြစ်ပါတယ်။

zawgyi version

ဘာစီလိုနာရဲ႕ ဖလား ၃လံုးရတဲ့ႏွစ္တိုင္း ဥေရာပစူပါဖလားရတဲ့ စံခ်ိန္ကို အမီလိုက္ႏိုင္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္
ခ်န္ပီယံလိဂ္အပါအဝင္ တစ္ရာသီအတြင္း ဖလား ၃ လံုးရတဲ့ အသင္းက ဥေရာပတိုက္မွာ ၇ သင္းပဲ ရွိပါတယ္။ ဒီ ၇သင္း ကေတာ့ စေကာ့တလန္က ဆဲလ္တစ္၊ နယ္သာလန္က ေအဂ်က္နဲ႔ ဗီအက္စ္ဗီြ၊ အဂၤလန္က ယူႏိုက္တက္၊ အီတလီက အင္တာမီလန္၊ စပိန္က ဘာစီလိုနာနဲ႔ ဂ်ာမနီက ဘိုင္ယန္ျမဴးနစ္တို႔ပဲ ျဖစ္ပါတယ္။ ဒီအထဲမွာ တစ္ရာသီအတြင္း ဖလား ၃ လံုးခ်န္ပီယံအျဖစ္ ႏွစ္ၾကိမ္စီရထားတဲ့အသင္းက ႏွစ္သင္းပဲ ရွိၿပီး ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ပဲ ျဖစ္ပါတယ္။
ေဘာလံုးကလပ္အသင္းတစ္သင္းအတြက္ ခ်န္ပီယံဆုရဖို႔ဆိုတာ ခက္ခဲၿပီး တစ္ရာသီအတြင္း ဖလား၃ လံုးရဖို႔ဆိုတာ ပိုၿပီး ေတာ့ ခက္ခဲမွာ ေသခ်ာပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာမွ ဥေရာပရဲ႕ အေကာင္းဆံုးအသင္းအျဖစ္ တံဆိပ္ႏွိပ္ခံရမယ့္ ဥေရာပစူပါဖလားကို ထပ္ၿပီး ရရွိဖို႔ဆိုတာ ပိုၿပီးေတာ့ေတာင္ ခက္ခဲဦးမွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ေတာ့ ဥေရာပ စူပါဖလား ၿပိဳင္ပြဲဟာ ခ်န္ပီယံလိဂ္ခ်န္ပီယံနဲ႔ ယူရိုပါလိဂ္ခ်န္ပီယံတို႔ ယွဥ္ၿပိဳင္ကစားတာေၾကာင့္ ခ်န္ပီယံျဖစ္ဖို႔ခက္တယ္ ဆိုရ တာ ျဖစ္ပါတယ္။
ဥေရာပစူပါဖလားၿပိဳင္ပြဲကို ၁၉၇၃ ခုႏွစ္မွ စတင္က်င္းပခဲ့တာေၾကာင့္ ဒီအရင္မွာ ဖလား ၃ လံုးခ်န္ပီယံျဖစ္ခဲ့တဲ့ ဆဲလ္တစ္ (၁၉၆၆-၉၇)နဲ႔ ေအဂ်က္ (၁၉၇၁-၇၂) တို႔ကေတာ့ ဥေရာပစူပါဖလားပြဲကို မကစားခဲ့ရပါဘူး။ ဖလား ၃ လံုးရတဲ့ အသင္း ေတြအေနနဲ႔ ဥေရာပစူပါဖလားၿပိဳင္ပြဲကို ကစားခြင့္ရခဲ့တဲ့တာက ၇ ၾကိမ္အထိရွိၿပီျဖစ္ၿပီး ဒီအထဲမွာမွ ဥေရာပတိုက္ရဲ႕ခ်န္ပီယံ ျဖစ္ခဲ့တဲ့အသင္းက ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ပဲ ရွိပါတယ္။ ဒီႏွစ္သင္းစလံုးဟာ ဖလား ၃လံုး ခ်န္ပီယံဆုကို ႏွစ္ၾကိမ္စီ ရရွိထားသလို ဥေရာပစူပါဖလားကိုလည္း ဖလား ၃ လံုးရတဲ့ႏွစ္ေတြမွာ ရယူႏိုင္တဲ့အသင္းေတြအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ တာ ျဖစ္ပါတယ္။