ဒီဇင်ဘာလမှာ ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကိုဗစ်ကြောင့် ရွှေ့ဆိုင်းရနိုင်ကြောင်း ပြောခဲ့တဲ့ အင်ဖန်တီနို

ဖီဖာဘောလုံးအဖွဲ့ချုပ်ဘောလုံး ဥက္ကဌဖြစ်တဲ့ အင်ဖန်တီနိုက ဒီဇင်ဘာလမှာ ကျင်းပဖို့ ရှိနေတဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင် ပွဲကို ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကြောင့် ရွှေ့ဆိုင်းရဖို့ ရှိနေတယ် ဆိုပြီး ပြောခဲ့ပါတယ်။၂၀၂၀ ခုနှစ်အတွက် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ကာတာနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။


ကာတာနိုင်ငံအနေနဲ့ ၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပဖို့ ရှိနေတာကြောင့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားကို မကျင်းပရတာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ၂၀၂၁ ခုနှစ်မှာ ကျင်းပဖို့ရှိနေတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲကိုလည်း ရွှေ့ဆိုင်းရဖို့ ရှိနေတယ်လို့ သိရပါတယ်။


ဖီဖာဥက္ကဌဖြစ်တဲ့ အင်ဖန်တီနိုက “ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပမယ်ဆိုရင် သက်ဆိုင်ရာတိုက်အသီးသီးက ကလပ်အသင်းတွေအနေနဲ့ ယှဉ်ပြိုင်ရဖို့ ရှိလာမှာပါ။ ဒီဇင်ဘာလဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲကလည်း အရှိန်ကောင်းနေနိုင် ပါတယ်။ ပုံမှန်အတိုင်း ဘောလုံးရာသီကို စတင်နိုင်မယ်ဆိုရင် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပဖို့ အခက်အခဲမရှိ ပေမယ့် ကိုဗစ်ကြောင့် အားလုံးနှောင့်နှေးခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။

Liverpool’s players lift the trophy following the 2019 FIFA Club World Cup Final football match between England’s Liverpool and Brazil’s Flamengo at the Khalifa International Stadium in the Qatari capital Doha on December 21, 2019. (Photo by KARIM JAAFAR / AFP)

အင်ဖန်တီနိုအနေနဲ့ ဖီဖာလက်အောက်ခံနိုင်ငံ ၂၁၁ နိုင်ငံကို တစ်ကမ္ဘာ့လုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကြောင့် ငွေကြေးဆုံးရှုံး မှုတွေ ရှိခဲ့တာကြောင့် ထောက်ပံမှုတွေကို ပြုလုပ်သွားဖို့ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ ဖီဖာအနေနဲ့ ဘဏ္ဍာရေးအကျပ် အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အသင်းတွေအတွက် ပေါင် ၁.၅ ဘီလီယံအထိ ချေးငွေ ထုတ်ချေးသွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

zawgyi version

ဒီဇင္ဘာလမွာ က်င္းပမယ့္ ဖီဖာကလပ္ကမၻာ့ဖလားၿပိဳင္ပြဲကို ကိုဗစ္ေၾကာင့္ ေရႊ႕ဆိုင္းရႏိုင္ေၾကာင္း ေျပာခဲ့တဲ့ အင္ဖန္တီႏို

ဖီဖာေဘာလံုးအဖြဲ႕ခ်ဳပ္ေဘာလံုး ဥကၠဌျဖစ္တဲ့ အင္ဖန္တီႏိုက ဒီဇင္ဘာလမွာ က်င္းပဖို႔ ရွိေနတဲ့ ဖီဖာကလပ္ကမၻာ့ဖလားၿပိဳင္ ပြဲကို ျဖစ္ပြားေနတဲ့ ကိုဗစ္ေရာဂါေၾကာင့္ ေရႊ႕ဆိုင္းရဖို႔ ရွိေနတယ္ ဆိုၿပီး ေျပာခဲ့ပါတယ္။၂၀၂၀ ခုႏွစ္အတြက္ ဖီဖာကလပ္ ကမၻာ့ဖလားၿပိဳင္ပြဲမွာေတာ့ ကာတာႏိုင္ငံမွာ က်င္းပမွာ ျဖစ္ပါတယ္။
ကာတာႏိုင္ငံအေနနဲ႔ ၂၀၂၂ ခုႏွစ္မွာ က်င္းပမယ့္ ကမၻာ့ဖလားၿပိဳင္ပြဲကို လက္ခံက်င္းပဖို႔ ရွိေနတာေၾကာင့္ ဒီဇင္ဘာလမွာ က်င္းပမယ့္ ဖီဖာကလပ္ကမၻာ့ဖလားကို မက်င္းပရတာျဖစ္တယ္လို႔ သတင္းေတြထြက္ေပၚခဲ့တာလည္း ျဖစ္ပါတယ္။ ၂၀၂၂ ကမၻာ့ဖလားၿပိဳင္ပြဲေၾကာင့္ ၂၀၂၁ ခုႏွစ္မွာ က်င္းပဖို႔ရွိေနတဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲကိုလည္း ေရႊ႕ဆိုင္းရဖို႔ ရွိေနတယ္လို႔ သိရပါတယ္။
ဖီဖာဥကၠဌျဖစ္တဲ့ အင္ဖန္တီႏိုက “ ဖီဖာကလပ္ကမၻာ့ဖလားၿပိဳင္ပြဲကို က်င္းပမယ္ဆိုရင္ သက္ဆိုင္ရာတိုက္အသီးသီးက ကလပ္အသင္းေတြအေနနဲ႔ ယွဥ္ၿပိဳင္ရဖို႔ ရွိလာမွာပါ။ ဒီဇင္ဘာလဆိုရင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကလည္း အရွိန္ေကာင္းေနႏိုင္ ပါတယ္။ ပံုမွန္အတိုင္း ေဘာလံုးရာသီကို စတင္ႏုိင္မယ္ဆိုရင္ ဖီဖာကလပ္ကမၻာ့ဖလားၿပိဳင္ပြဲကို က်င္းပဖို႔ အခက္အခဲမရွိ ေပမယ့္ ကိုဗစ္ေၾကာင့္ အားလံုးေႏွာင့္ေႏွးခဲ့ရပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အင္ဖန္တီႏိုအေနနဲ႔ ဖီဖာလက္ေအာက္ခံႏိုင္ငံ ၂၁၁ ႏိုင္ငံကို တစ္ကမၻာ့လံုးမွာ ျဖစ္ပြားေနတဲ့ ကိုဗစ္ေၾကာင့္ ေငြေၾကးဆံုးရႈံး မႈေတြ ရွိခဲ့တာေၾကာင့္ ေထာက္ပံမႈေတြကို ျပဳလုပ္သြားဖို႔ ရွိေနတယ္လို႔ ေျပာခဲ့ပါတယ္။ ဖီဖာအေနနဲ႔ ဘ႑ာေရးအက်ပ္ အတည္းေတြနဲ႔ ရင္ဆိုင္ေနရတဲ့အသင္းေတြအတြက္ ေပါင္ ၁.၅ ဘီလီယံအထိ ေခ်းေငြ ထုတ္ေခ်းသြားဖို႔ရွိေနတယ္လို႔လည္း သိရပါတယ္။