FIFA 21 ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားစာရင်းမှာ မက်ဆီ ဦးဆောင်နေ

EA Sports ဂိမ်းအမျိုးအစားတစ်ခုဖြစ်တဲ့ FIFA 21 ဂိမ်းရဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်သတ်မှတ်ချက်မှာတော့ ဘာ စီလိုနာတိုက်စစ်မှူး မက်ဆီက ၉၃ မှတ်နဲ့ ဦးဆောင်နေတယ်လို့ သိရပါတယ်။ မက်ဆီရဲ့ အဓိကယှဉ်ပြိုင်ဘက်ဖြစ်တဲ့ စီရော်နယ်ဒိုကတော့ ၉၂ မှတ် ဒုတိယနေရာမှာ ရှိနေတယ်လို့ သိရပါတယ်။ ဒီကစားသမား နှစ်ယောက်စလုံးဟာ ပြီးခဲ့တဲ့ FIFA 20 တုန်းက စွမ်းဆောင်ရည်ထက် တစ်မှတ်စီ လျော့ကျသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။


ဘိုင်ယန်မြူးနစ်ရဲ့ဖလား ၃လုံးချန်ပီယံအသင်းမှာ ခြေစွမ်းပြပြီး တစ်ရာသီအတွင်း ပြိုင်ပွဲစုံမှာ သွင်းဂိုး ၅၅ ဂိုးအထိသွင်းယူ နိုင်ခဲ့တဲ့ လီဝန်ဒေါစကီးကတော့ ၉၁ မှတ်နဲ့ ရရှိခဲ့တာဖြစ်ပြီး မန်စီးတီးကွင်းလယ်လူ ဒီဘရူနီ၊ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာ နဲ့ အက်သလက်တီကို ဂိုးသမား အော့ဘလက်ခ်တို့နဲ့အတူ ရှိနေခဲ့တာဖြစ်ပါတယ်။ ရမှတ် ၉၀ ရရှိခဲ့တဲ့ ကစားသမား ၄ ယောက်မှာ လီဗာပူးက ဗန်ဒိုက်၊ဆာလက်၊ မာနေးတို့နဲ့ အတူ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီလည်း ပါဝင်ခဲ့တာဖြစ်ပါ တယ်။


ပြီးခဲ့တဲ့ FIFA 20 တုန်းက အဆင့်-၄ နေရာမှာ ရှိနေခဲ့တဲ့ ရီးရဲလ်တိုက်စစ်မှူး ဟာဇက်ကတော့ ပြီးခဲ့တဲ့ရာသီမှာ စွမ်းဆောင် ရည်ကျဆင်းခဲ့တာကြောင့် FIFA 21 ဂိမ်းခွေထဲက စွမ်းဆောင်ရည်မှာတော့ အဆင့်ကျသွားခဲ့ပြီး အဆင့်-၂၂ နေရာကို ရောက်သွားခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့အခွေတုန်းက အဆင့်- ၉၉ နေရာမှာ ရှိနေခဲ့တဲ့ ယူနိုက်တက်အသင်းကွင်းလယ် လူ ဖာနန်ဒက်စ်ကတော့ အဆင့်-၃၂ နေရာအထိ ရောက်ရှိလာခဲ့ပါတယ်။


ထိပ်ဆုံး အယောက် ၁၀၀ စာရင်းမှာ မှာတော့ လီဗာပူးအသင်းကစားသမား ၁၀ ယောက်အထိ ပါဝင်နေတာကိုလည်း တွေ့ ရပါတယ်။ ထိပ်ဆုံး ၁၀ ယောက်မှာ ပါဝင်တဲ့ ၃ ယောက်အပြင် အလစ်ဆန် (၁၂) ၊အာနိုးလ်(၃၇)၊ ဖာမီနို(၄၁)၊ ရော်ဘတ် ဆန် (၄၃)၊ ဖာဘင်ဟို (၄၄)၊ ဟန်ဒါဆန် (၅၅)နဲ့ ဝီနယ်ဒန် (၇၆) တို့ပဲ ဖြစ်ပါတယ်။ FIFA 21 ဂိမ်းကို အောက်တိုဘာလ ၉ ရက်နေ့မှာ တစ်ကမ္ဘာ့လုံးအတွက် ဖြန့်ချိမှာပဲ ဖြစ်ပါတယ်။

zawgyi version

FIFA 21 ရဲ႕ စြမ္းေဆာင္ရည္ အေကာင္းဆံုး ကစားသမားစာရင္းမွာ မက္ဆီ ဦးေဆာင္ေန
EA Sports ဂိမ္းအမ်ိဳးအစားတစ္ခုျဖစ္တဲ့ FIFA 21 ဂိမ္းရဲ႕ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္သတ္မွတ္ခ်က္မွာေတာ့ ဘာ စီလိုနာတိုက္စစ္မွဴး မက္ဆီက ၉၃ မွတ္နဲ႔ ဦးေဆာင္ေနတယ္လို႔ သိရပါတယ္။ မက္ဆီရဲ႕ အဓိကယွဥ္ၿပိဳင္ဘက္ျဖစ္တဲ့ စီေရာ္နယ္ဒိုကေတာ့ ၉၂ မွတ္ ဒုတိယေနရာမွာ ရွိေနတယ္လို႔ သိရပါတယ္။ ဒီကစားသမား ႏွစ္ေယာက္စလံုးဟာ ၿပီးခဲ့တဲ့ FIFA 20 တုန္းက စြမ္းေဆာင္ရည္ထက္ တစ္မွတ္စီ ေလ်ာ့က်သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဘိုင္ယန္ျမဴးနစ္ရဲ႕ဖလား ၃လံုးခ်န္ပီယံအသင္းမွာ ေျခစြမ္းျပၿပီး တစ္ရာသီအတြင္း ၿပိဳင္ပြဲစံုမွာ သြင္းဂိုး ၅၅ ဂိုးအထိသြင္းယူ ႏိုင္ခဲ့တဲ့ လီဝန္ေဒါစကီးကေတာ့ ၉၁ မွတ္နဲ႔ ရရွိခဲ့တာျဖစ္ၿပီး မန္စီးတီးကြင္းလယ္လူ ဒီဘ႐ူနီ၊ ပီအက္စ္ဂ်ီတိုက္စစ္မွဴးေနမာ နဲ႔ အက္သလက္တီကို ဂိုးသမား ေအာ့ဘလက္ခ္တို႔နဲ႔အတူ ရွိေနခဲ့တာျဖစ္ပါတယ္။ ရမွတ္ ၉၀ ရရွိခဲ့တဲ့ ကစားသမား ၄ ေယာက္မွာ လီဗာပူးက ဗန္ဒိုက္၊ဆာလက္၊ မာေနးတို႔နဲ႔ အတူ ပီအက္စ္ဂ်ီတိုက္စစ္မွဴး အမ္ဘတ္ပီလည္း ပါဝင္ခဲ့တာျဖစ္ပါ တယ္။
ၿပီးခဲ့တဲ့ FIFA 20 တုန္းက အဆင့္-၄ ေနရာမွာ ရွိေနခဲ့တဲ့ ရီးရဲလ္တိုက္စစ္မွဴး ဟာဇက္ကေတာ့ ၿပီးခဲ့တဲ့ရာသီမွာ စြမ္းေဆာင္ ရည္က်ဆင္းခဲ့တာေၾကာင့္ FIFA 21 ဂိမ္းေခြထဲက စြမ္းေဆာင္ရည္မွာေတာ့ အဆင့္က်သြားခဲ့ၿပီး အဆင့္-၂၂ ေနရာကို ေရာက္သြားခဲ့တယ္လို႔ သိရပါတယ္။ၿပီးခဲ့တဲ့အေခြတုန္းက အဆင့္- ၉၉ ေနရာမွာ ရွိေနခဲ့တဲ့ ယူႏိုက္တက္အသင္းကြင္းလယ္ လူ ဖာနန္ဒက္စ္ကေတာ့ အဆင့္-၃၂ ေနရာအထိ ေရာက္ရွိလာခဲ့ပါတယ္။
ထိပ္ဆံုး အေယာက္ ၁၀၀ စာရင္းမွာ မွာေတာ့ လီဗာပူးအသင္းကစားသမား ၁၀ ေယာက္အထိ ပါဝင္ေနတာကိုလည္း ေတြ႕ ရပါတယ္။ ထိပ္ဆံုး ၁၀ ေယာက္မွာ ပါဝင္တဲ့ ၃ ေယာက္အျပင္ အလစ္ဆန္ (၁၂) ၊အာႏိုးလ္(၃၇)၊ ဖာမီႏို(၄၁)၊ ေရာ္ဘတ္ ဆန္ (၄၃)၊ ဖာဘင္ဟို (၄၄)၊ ဟန္ဒါဆန္ (၅၅)နဲ႔ ဝီနယ္ဒန္ (၇၆) တို႔ပဲ ျဖစ္ပါတယ္။ FIFA 21 ဂိမ္းကို ေအာက္တိုဘာလ ၉ ရက္ေန႔မွာ တစ္ကမ႓ာ့လံုးအတြက္ ျဖန္႔ခ်ိမွာပဲ ျဖစ္ပါတယ္။