အင်မိုဘီလီနဲ့ လီဝန်ဒေါစကီတို့ရဲ့ ဂိုးသွင်းယူနိုင်တဲ့ လျှိုဝှက်ချက်တွေကို ဖော်ထုတ်ခဲ့တဲ့ ဒေါ့မွန်နည်းပြဟောင်း သောမက်စ်ဒေါလ်

ပြီးခဲ့တဲ့ဘောလုံးရာသီက ဥရောပဂိုးသွင်းအများဆုံးဆုအတွက် အပြိုင်ဖြစ်ခဲ့ကြတဲ့ အင်မိုဘီလီနဲ့ လီဝန်ဒေါစကီးတို့ရဲ့ ဂိုး သွင်းယူနိုင်တဲ့ လျှိုဝှက်ချက်တွေကို လာဇီယိုတိုက်စစ်မှူးဟောင်းနဲ့ ဒေါ့မွန်နည်းပြဟောင်းဖြစ်တဲ့ သောမက်စ်ဒေါလ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဥရောပရွှေဖိနပ်ဆုကို လာဇီယိုတိုက်စစ်မှူး အင်မိုဘီလီက လိဂ်သွင်းဂိုး ၃၆ ဂိုး နဲ့ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။


ဥရောပရွှေဖိနပ်ဆု ရခဲ့တဲ့အင်မိုဘီလီဟာ အသက် ၃၀ ရှိနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသက် ၃၂ နှစ်ရှိနေပြီ ဖြစ်တဲ့ လီဝန်ဒေါစကီးက လိဂ်သွင်းဂိုး ၃၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာ သွင်းဂိုး ၅၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဥရောပရွှေဖိနပ်ဆုရဲ့ ထိပ်ဆုံး ၁၀ ယောက်စာရင်းမှာ အသက် ၃၀ နဲ့အထက် ဖြစ်ခဲ့တဲ့ ကစားသမား ၆ ယောက်အထိ ပါဝင်နေခဲ့တာလည်း ဖြစ်ပါတယ်။


SportBild ကနေတဆင့် သောမက်စ်ဒေါလ်က “ လွန်ခဲ့တဲ့ ၁၀နှစ်ကတည်းက လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပြုလုပ်ခဲ့တဲ့ ပုံစံတွေကို ပြောင်းလဲခဲ့ပါတယ်။ အသက်ကြီးတဲ့ ကစားသမားကောင်းတွေကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဂိုးသွင်းယူနိုင်ဖို့ အ တွက် အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်။ အသက်ကြီးတဲ့ကစားသမားတွေအနေနဲ့ နှစ်ပွဲလောက် ဂိုးမသွင်းနိုင်ဘူးဆိုရင် ဖိအားတွေနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် ဒီအတွက် အကောင်းဆုံး ဖြေရှင်းခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။


အင်မိုဘီလီဟာ လာဇီယိုမှာ လေးရာသီကစားခဲ့ချိန်အတွင်း ပွဲပေါင်း ၁၇၈ ပွဲမှာ သွင်းဂိုး၁၂၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦး ဖြစ်လာခဲ့သူလည်းဖြစ်ပါတယ်။ ဒေါ့မွန်ကစားသမားဘဝတုန်းက လိဂ် ၂၄ ပွဲမှာ သွင်း ဂိုး ၃ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ အင်မိုဘီလီကို သောမက်စ်ဒေါလ်က အသင်းမှာကစားခဲ့တုန်းက သူအနေနဲ့ ခြေစွမ်းမပြနိုင်ခဲ့ ပေမယ့် ပြုလုပ်ခဲ့ရတဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကြောင့် နောက်ပိုင်းမှာတော့ အင်မိုဘီလီအနေနဲ့ ဂိုးတွေသွင်းယူလာနိုင်ခဲ့ တာ ဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။

zawgyi version

အင္မိုဘီလီနဲ႔ လီဝန္ေဒါစကီတို႔ရဲ႕ ဂိုးသြင္းယူႏိုင္တဲ့ လွ်ိဳဝွက္ခ်က္ေတြကို ေဖာ္ထုတ္ခဲ့တဲ့ ေဒါ့မြန္နည္းျပေဟာင္း ေသာမက္စ္ ေဒါလ္
ၿပီးခဲ့တဲ့ေဘာလံုးရာသီက ဥေရာပဂိုးသြင္းအမ်ားဆံုးဆုအတြက္ အၿပိဳင္ျဖစ္ခဲ့ၾကတဲ့ အင္မိုဘီလီနဲ႔ လီဝန္ေဒါစကီးတို႔ရဲ႕ ဂိုး သြင္းယူႏိုင္တဲ့ လွ်ိဳဝွက္ခ်က္ေတြကို လာဇီယိုတိုက္စစ္မွဴးေဟာင္းနဲ႔ ေဒါ့မြန္နည္းျပေဟာင္းျဖစ္တဲ့ ေသာမက္စ္ေဒါလ္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ဥေရာပေရႊဖိနပ္ဆုကို လာဇီယိုတိုက္စစ္မွဴး အင္မိုဘီလီက လိဂ္သြင္းဂိုး ၃၆ ဂိုး နဲ႔ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ဥေရာပေရႊဖိနပ္ဆု ရခဲ့တဲ့အင္မိုဘီလီဟာ အသက္ ၃၀ ရွိေနတဲ့ ကစားသမားတစ္ေယာက္ျဖစ္ၿပီး အသက္ ၃၂ ႏွစ္ရွိေနၿပီ ျဖစ္တဲ့ လီဝန္ေဒါစကီးက လိဂ္သြင္းဂိုး ၃၄ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲစံုမွာ သြင္းဂိုး ၅၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ဥေရာပေရႊဖိနပ္ဆုရဲ႕ ထိပ္ဆံုး ၁၀ ေယာက္စာရင္းမွာ အသက္ ၃၀ နဲ႔အထက္ ျဖစ္ခဲ့တဲ့ ကစားသမား ၆ ေယာက္အထိ ပါဝင္ေနခဲ့တာလည္း ျဖစ္ပါတယ္။
SportBild ကေနတဆင့္ ေသာမက္စ္ေဒါလ္က “ လြန္ခဲ့တဲ့ ၁၀ႏွစ္ကတည္းက ေလ့က်င့္ေရးအစီအစဥ္ေတြမွာ ျပဳလုပ္ခဲ့တဲ့ ပံုစံေတြကို ေျပာင္းလဲခဲ့ပါတယ္။ အသက္ႀကီးတဲ့ ကစားသမားေကာင္းေတြကို စိတ္တည္တည္ၿငိမ္ၿငိမ္နဲ႔ ဂိုးသြင္းယူႏိုင္ဖို႔ အ တြက္ အေကာင္းဆံုးလုပ္ေဆာင္ခဲ့ပါတယ္။ အသက္ႀကီးတဲ့ကစားသမားေတြအေနနဲ႔ ႏွစ္ပြဲေလာက္ ဂိုးမသြင္းႏိုင္ဘူးဆိုရင္ ဖိအားေတြနဲ႔ ရင္ဆိုင္ရႏိုင္တာေၾကာင့္ ဒီအတြက္ အေကာင္းဆံုး ေျဖရွင္းခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အင္မိုဘီလီဟာ လာဇီယိုမွာ ေလးရာသီကစားခဲ့ခ်ိန္အတြင္း ပြဲေပါင္း ၁၇၈ ပြဲမွာ သြင္းဂိုး၁၂၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး အသင္းရဲ႕ ဂႏၲဝင္ကစားသမားတစ္ဦး ျဖစ္လာခဲ့သူလည္းျဖစ္ပါတယ္။ ေဒါ့မြန္ကစားသမားဘဝတုန္းက လိဂ္ ၂၄ ပြဲမွာ သြင္း ဂိုး ၃ ဂိုးသာ သြင္းယူႏိုင္ခဲ့တဲ့ အင္မိုဘီလီကို ေသာမက္စ္ေဒါလ္က အသင္းမွာကစားခဲ့တုန္းက သူအေနနဲ႔ ေျခစြမ္းမျပႏိုင္ခဲ့ ေပမယ့္ ျပဳလုပ္ခဲ့ရတဲ့ ေလ့က်င့္ခန္းအစီအစဥ္ေတြေၾကာင့္ ေနာက္ပိုင္းမွာေတာ့ အင္မိုဘီလီအေနနဲ႔ ဂိုးေတြသြင္းယူလာႏိုင္ခဲ့ တာ ျဖစ္တယ္ဆိုၿပီး ေျပာခဲ့ပါတယ္။