အခက်အခဲတွေ ကြုံတွေ့နေရတဲ့ အသင်းဟောင်း ဝီဂန်အတွက် ပေါင်နှစ်သောင်း ကူညီပေးခဲ့တဲ့ ဗစ်တာမော့ဆက်စ်

ချဲလ်ဆီးအသင်းကစားသမား ဗစ်တာမော့ဆက်စ်က ငွေကြေးပြဿနာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းဟောင်း ဝီဂန်အတွက် ပေါင်နှစ်သောင်း ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ ဝီဂန်ဟာ ပြီးခဲ့တဲ့ရာသီက ဘဏ္ဍရေး အခက်အခဲတွေကြောင့် ချန်ပီယံရှစ်ကနေ ရမှတ် ၁၂ မှတ် ဖြတ်တောက်ခံခဲ့ရလို့ တန်းဆင်းခဲ့ရပြီး လာမယ့်ရာသီမှာတော့ လိဂ်-၁ မှာ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။


ဝီဂန်အသင်းပရိသတ်တွေအနေနဲ့ အသင်းရဲ့ဘဏ္ဍရေးအခြေအနေအတွက် အခြားသူတွေလှူဒါန်းနိုင်မယ့် အဖွဲ့အစည်းတစ် ခုကို တည်ထောင်ပြီး အလှူခံနေတယ်လို့ သိရပါတယ်။ အသင်းနဲ့ ပတ်သက်ဖူးတဲ့သူတွေကလည်း ငွေကြေးကူညီပေးခဲ့ပြီး နည်းပြဟောင်း မာတီနက်ဇ်၊ ကစားသမားဟောင်းတွေဖြစ်တဲ့ ရီဆီဂျိမ်းစ်နဲ့ ဂျိမ်းမက္ကလင်းတို့ကလည်း ကူညီမှုတွေပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။


အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဗစ်တာမော့ဆက်ဟာ ဝီဂန်အသင်းမှာ ၂၀၁၀ ကနေ ၂၀၁၂ ခုနှစ်အထိကစားခဲ့ပြီး ခြေစွမ်းပြနိုင် ခဲ့တာကြောင့် ချဲလ်ဆီးရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ဝီဂန်အသင်းဘက်က တာဝန်ရှိသူတွေကလည်း ဗစ် တာမော့ဆက်စ်ရဲ့ ငွေကြေးကူညီမှု အတွက် ကျေးဇူးတင်ကြောင်း အသင်းရဲ့တွစ်တာကနေတဆင့် ဖော်ပြပေးခဲ့တယ်လို့ လည်း သိရပါတယ်။


SunSport ရဲ့ ဖော်ပြမှုအရတော့ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်တွေဖြစ်တဲ့ ရန်ဒီဖရန်ကယ်လ်နဲ့ မိုက်ကယ်ကေးလ် တို့ က ပြီးခဲ့တဲ့လကတည်းက ပေါင် ၅ သန်းနဲ့ ဝီဂန်ကို ဝယ်ယူအတွက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ အမေရိ ကန်လုပ်ငန်းရှင် အနေနဲ့ ဝီဂန်အသင်းကို ဝယ်ယူပြီးပါက လက်ရှိကစားနေတဲ့ DW ကွင်းကို အိမ်ကွင်းအဖြစ်မကစားတော့ ဘဲ Leigh’s Rugby ကွင်းကို ပြောင်းရွှေ့ကစားချင်နေတာကြောင့် အဆင်မပြေဖြစ်နေတယ်လို့လည်း SunSport က ဖော်ပြ ခဲ့ပါတယ်။

zawgyi version

အခက္အခဲေတြ ၾကံဳေတြ႕ေနရတဲ့ အသင္းေဟာင္း ဝီဂန္အတြက္ ေပါင္ႏွစ္ေသာင္း ကူညီေပးခဲ့တဲ့ ဗစ္တာေမာ့ဆက္စ္
ခ်ဲလ္ဆီးအသင္းကစားသမား ဗစ္တာေမာ့ဆက္စ္က ေငြေၾကးျပႆနာေတြေၾကာင့္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ အသင္းေဟာင္း ဝီဂန္အတြက္ ေပါင္ႏွစ္ေသာင္း ကူညီေပးခဲ့တယ္လို႔ သိရပါတယ္။ ဝီဂန္ဟာ ၿပီးခဲ့တဲ့ရာသီက ဘ႑ေရး အခက္အခဲေတြေၾကာင့္ ခ်န္ပီယံရွစ္ကေန ရမွတ္ ၁၂ မွတ္ ျဖတ္ေတာက္ခံခဲ့ရလို႔ တန္းဆင္းခဲ့ရၿပီး လာမယ့္ရာသီမွာေတာ့ လိဂ္-၁ မွာ ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။
ဝီဂန္အသင္းပရိသတ္ေတြအေနနဲ႔ အသင္းရဲ႕ဘ႑ေရးအေျခအေနအတြက္ အျခားသူေတြလွဴဒါန္းႏိုင္မယ့္ အဖြဲ႔အစည္းတစ္ ခုကို တည္ေထာင္ၿပီး အလွဴခံေနတယ္လို႔ သိရပါတယ္။ အသင္းနဲ႔ ပတ္သက္ဖူးတဲ့သူေတြကလည္း ေငြေၾကးကူညီေပးခဲ့ၿပီး နည္းျပေဟာင္း မာတီနက္ဇ္၊ ကစားသမားေဟာင္းေတြျဖစ္တဲ့ ရီဆီဂ်ိမ္းစ္နဲ႔ ဂ်ိမ္းမကၠလင္းတို႔ကလည္း ကူညီမႈေတြျပဳလုပ္ခဲ့ တယ္လို႔ သိရပါတယ္။
အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ့ ဗစ္တာေမာ့ဆက္ဟာ ဝီဂန္အသင္းမွာ ၂၀၁၀ ကေန ၂၀၁၂ ခုႏွစ္အထိကစားခဲ့ၿပီး ေျခစြမ္းျပႏိုင္ ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးရဲ႕ ေခၚယူျခင္းကို ခံခဲ့ရသူလည္း ျဖစ္ပါတယ္။ ဝီဂန္အသင္းဘက္က တာဝန္ရွိသူေတြကလည္း ဗစ္ တာေမာ့ဆက္စ္ရဲ႕ ေငြေၾကးကူညီမႈ အတြက္ ေက်းဇူးတင္ေၾကာင္း အသင္းရဲ႕တြစ္တာကေနတဆင့္ ေဖာ္ျပေပးခဲ့တယ္လို႔ လည္း သိရပါတယ္။
SunSport ရဲ႕ ေဖာ္ျပမႈအရေတာ့ အေမရိကန္စီးပြားေရး လုပ္ငန္းရွင္ေတြျဖစ္တဲ့ ရန္ဒီဖရန္ကယ္လ္နဲ႔ မိုက္ကယ္ေကးလ္ တို႔ က ၿပီးခဲ့တဲ့လကတည္းက ေပါင္ ၅ သန္းနဲ႔ ဝီဂန္ကို ဝယ္ယူအတြက္လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။ အေမရိ ကန္လုပ္ငန္းရွင္ အေနနဲ႔ ဝီဂန္အသင္းကို ဝယ္ယူၿပီးပါက လက္ရွိကစားေနတဲ့ DW ကြင္းကို အိမ္ကြင္းအျဖစ္မကစားေတာ့ ဘဲ Leigh’s Rugby ကြင္းကို ေျပာင္းေရႊ႕ကစားခ်င္ေနတာေၾကာင့္ အဆင္မေျပျဖစ္ေနတယ္လို႔လည္း SunSport က ေဖာ္ျပ ခဲ့ပါတယ္။