လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အဖြစ်အပျက်မျိုးနဲ့ ပြန်ကြုံတွေခဲ့ရတဲ့ အာဆင်နယ်ကစားသမားဟောင်း သီယာရီအွန်နရီ

မွန်ရီရဲလ်နည်းပြ သီယာရီအွန်နရီဟာ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အာဆင်နယ်ကစားသမားအဖြစ်ရှိခဲ့စဉ်မှာ အသင်းဖော် ပီရက်စ်နဲ့ အတူ ပင်နယ်တီကန်သွင်းမှုကို Pass Penalty ပုံစံနဲ့ ပြုလုပ်ခဲ့တာမျိုးတွေရှိပါတယ်။ အဲ့လိုဖြစ်ရပ်မျိုးကို ၁၅ နှစ် အကြာမှာ အွန်နရီအနေနဲ့ ပြန်လည်တွေ့မြင်ခဲ့ရတာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ အွန်နရီကိုင်တွယ်နေတဲ့ မွန်ရီရဲလ်ဘက် ကို တိုရွန်တိုအသင်းဘက်က ကန်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဂိုးကိုလည်း အွန်နရီနဲ့ ပီရက်စ် ကန်သွင်းခဲ့တုန်းကလိုပဲ ကွင်းလယ်ဒိုင်က ခွင့်မပြုခဲ့တာကြောင့် မွန်ရီရဲလ်အသင်းအနေနဲ့ ကံကောင်းသွားခဲ့ပြီး ပွဲအပြီးမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အာဆင်နယ်နဲ့ မန်စီးတီးတို့ကစားခဲ့တဲ့ ပွဲမှာ အွန်နရီနဲ့ပီရက်စ်တို့ဟာ Pass Penalty ကန်သွင်းတာကို ပြုလုပ်ခဲ့ပေမယ့် မန်စီးတီးနောက်ခံလူတွေက ဖျက်ထုတ် နိုင်ခဲ့အပြီးမှာ ကွင်းလယ်ဒိုင်ကလည်း ဒီဖြစ်ရပ်ကို ပယ်ပျက်ခဲ့တာပဲ ဖြစ်ပါတယ်။


တိုရွန်တိုနဲ့ မွန်ရီရဲလ်တို့ပွဲမှာ အွန်နရီကိုင်တွယ်နေတဲ့ မွန်ရီရဲလ်အနေနဲ့ နောက်ခံလူကမာချိုရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ဦး ဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှာ တိုရွန်တိုက ပင်နယ်တီရခဲ့ပြီး တိုက်စစ်မှူး ပေါ်ဇူလိုက Pass Penalty ကန်သွင်း မှု ပြုလုပ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ်သတ်မှတ်မပေးခဲ့တာကြောင့် မွန်ရီရဲလ်က တစ်ဂိုးဂိုးမရှိနဲ့ပဲ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဘီပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် မွန်ရီရဲလ်နည်းပြ အွန်နရီအနေနဲ့ ဖိအားတွေလျော့နည်းစေခဲ့တယ်လို့ပဲ ဆိုရမယ့်ပွဲလည်း ဖြစ်ပါတယ်။


အွန်နရီဟာ ကစားသမားဘဝကနေ ၂၀၁၄ ခုနှစ်က အနားယူခဲ့ပြီးနောက်မှာ ဘောလုံးပွဲသုံးသပ်သူအဖြစ်လုပ်ကိုင်ခဲ့ပြီးမှ ၂၀၁၆ ခုနှစ်မှာ ဘယ်ဂျီယံအသင်းရဲ့လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၁၈-၁၉ ဘောလုံး ရာသီက မိုနာကိုနည်းပြ ဖြစ်လာခဲ့ပေမယ့် ပွဲ ၂၀ သာကိုင်တွယ်ခွင့်ရခဲ့ပြီး ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် ထုတ်ပယ်ခံခဲ့ရ ပြီးမှ ပြီးခဲ့တဲ့နိုဝင်ဘာလကမှ မေဂျာလိဂ်ကလပ် မွန်ရီရဲလ်ရဲ့ နည်းပြဖြစ်လာခဲ့သူလည်း ဖြစ်ပါတယ်။

zawgyi version

လြန္ခဲ့တဲ့ ၁၅ ႏွစ္တုန္းက အျဖစ္အပ်က္မ်ိဳးနဲ႔ ျပန္ၾကံဳေတြခဲ့ရတဲ့ အာဆင္နယ္ကစားသမားေဟာင္း သီယာရီအြန္နရီ
မြန္ရီရဲလ္နည္းျပ သီယာရီအြန္နရီဟာ လြန္ခဲ့တဲ့ ၁၅ ႏွစ္တုန္းက အာဆင္နယ္ကစားသမားအျဖစ္ရွိခဲ့စဥ္မွာ အသင္းေဖာ္ ပီရက္စ္နဲ႔ အတူ ပင္နယ္တီကန္သြင္းမႈကို Pass Penalty ပံုစံနဲ႔ ျပဳလုပ္ခဲ့တာမ်ိဳးေတြရွိပါတယ္။ အဲ့လိုျဖစ္ရပ္မ်ိဳးကို ၁၅ ႏွစ္ အၾကာမွာ အြန္နရီအေနနဲ႔ ျပန္လည္ေတြ႕ျမင္ခဲ့ရတာျဖစ္ၿပီး ဒီတစ္ႀကိမ္မွာေတာ့ အြန္နရီကိုင္တြယ္ေနတဲ့ မြန္ရီရဲလ္ဘက္ ကို တိုရြန္တိုအသင္းဘက္က ကန္သြင္းခဲ့တာပဲ ျဖစ္ပါတယ္။
ဒီဂိုးကိုလည္း အြန္နရီနဲ႔ ပီရက္စ္ ကန္သြင္းခဲ့တုန္းကလိုပဲ ကြင္းလယ္ဒိုင္က ခြင့္မျပဳခဲ့တာေၾကာင့္ မြန္ရီရဲလ္အသင္းအေနနဲ႔ ကံေကာင္းသြားခဲ့ၿပီး ပြဲအၿပီးမွာ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၁၅ ႏွစ္တုန္းက အာဆင္နယ္နဲ႔ မန္စီးတီးတို႔ကစားခဲ့တဲ့ ပြဲမွာ အြန္နရီနဲ႔ပီရက္စ္တို႔ဟာ Pass Penalty ကန္သြင္းတာကို ျပဳလုပ္ခဲ့ေပမယ့္ မန္စီးတီးေနာက္ခံလူေတြက ဖ်က္ထုတ္ ႏိုင္ခဲ့အၿပီးမွာ ကြင္းလယ္ဒိုင္ကလည္း ဒီျဖစ္ရပ္ကို ပယ္ပ်က္ခဲ့တာပဲ ျဖစ္ပါတယ္။
တိုရြန္တိုနဲ႔ မြန္ရီရဲလ္တို႔ပြဲမွာ အြန္နရီကိုင္တြယ္ေနတဲ့ မြန္ရီရဲလ္အေနနဲ႔ ေနာက္ခံလူကမာခ်ိဳရဲ႕ ေခါင္းတိုက္သြင္းဂိုးနဲ႔ ဦး ေဆာင္ႏိုင္ခဲ့ေပမယ့္ ပထမပိုင္းၿပီးခါနီးမွာ တိုရြန္တိုက ပင္နယ္တီရခဲ့ၿပီး တိုက္စစ္မွဴး ေပၚဇူလိုက Pass Penalty ကန္သြင္း မႈ ျပဳလုပ္ခဲ့ေပမယ့္ ကြင္းလယ္ဒိုင္က ဂိုးအျဖစ္သတ္မွတ္မေပးခဲ့တာေၾကာင့္ မြန္ရီရဲလ္က တစ္ဂိုးဂိုးမရွိနဲ႔ပဲ အႏိုင္ရခဲ့တာပဲ ျဖစ္ပါတယ္။ ဒါဘီပြဲစဥ္မွာ အႏိုင္ရခဲ့တာေၾကာင့္ မြန္ရီရဲလ္နည္းျပ အြန္နရီအေနနဲ႔ ဖိအားေတြေလ်ာ့နည္းေစခဲ့တယ္လို႔ပဲ ဆိုရမယ့္ပြဲလည္း ျဖစ္ပါတယ္။
အြန္နရီဟာ ကစားသမားဘဝကေန ၂၀၁၄ ခုႏွစ္က အနားယူခဲ့ၿပီးေနာက္မွာ ေဘာလံုးပြဲသံုးသပ္သူအျဖစ္လုပ္ကိုင္ခဲ့ၿပီးမွ ၂၀၁၆ ခုႏွစ္မွာ ဘယ္ဂ်ီယံအသင္းရဲ႕လက္ေထာက္နည္းျပအျဖစ္ လုပ္ကိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ၂၀၁၈-၁၉ ေဘာလံုး ရာသီက မိုနာကိုနည္းျပ ျဖစ္လာခဲ့ေပမယ့္ ပြဲ ၂၀ သာကိုင္တြယ္ခြင့္ရခဲ့ၿပီး ရလဒ္ပိုင္းဆိုးရြားမႈေတြေၾကာင့္ ထုတ္ပယ္ခံခဲ့ရ ၿပီးမွ ၿပီးခဲ့တဲ့ႏိုဝင္ဘာလကမွ ေမဂ်ာလိဂ္ကလပ္ မြန္ရီရဲလ္ရဲ႕ နည္းျပျဖစ္လာခဲ့သူလည္း ျဖစ္ပါတယ္။