တရုတ်စူပါလိဂ်ကို လျော့တွက်ခဲ့မိတယ်လို့ ဝန်ခံခဲ့တဲ့ SIPG တိုက်စစ်မှူး အနော်တိုဗစ်

အင်္ဂလန်ကလပ်အသင်းတွေဖြစ်တဲ့ စတုတ်စီးတီး၊ ဝက်စ်ဟမ်းအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူး အနော်တိုဗစ်က တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ကစားခဲ့ပေမယ့် လိဂ်ရဲ့အဆင့်အတန်းကို လျော့တွက်မိခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ အနော်တိုဗစ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက ဝက်စ်ဟမ်းကနေ တရုတ်လိဂ်ကလပ် ရှန်ဟိုင်း SIPG ကို ပေါင် ၂၃ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့သူလည်း ဖြစ်ပါတယ်။


အနော်တိုဗစ်ဟာ တရုတ်လိဂ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့အနေအထားတွေကြောင့် ဝေဖန်ခံနေရတာဖြစ်ပေမယ့် အခုလိုဝေဖန်ခံနေရတာဟာ သူရဲ့လုပ်ဆောင်မှုတွေကြောင့်သာ ဖြစ်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ် တဲ့ အနော်တိုဗစ်က သူအနေနဲ့ အသင်းကမျှော်လင့်ထားတဲ့အတိုင်း ခြေစွမ်းပြနိုင်ဖို့အတွက် ပြန်ပြီးလုပ်ဆောင်သွားမှာဖြစ် တဲ့ အကြောင်းလည်း ပြောခဲ့ပါတယ်။


Beanyman Sports ကနေတဆင့် အနော်တိုဗစ်က “ ကလပ်အနေနဲ့ ကျွန်တော်ကိုအလိုရှိခဲ့ပုံအတိုင်း ရအောင်ပြန်လုပ် ဆောင်သွားမှာပါ။ တရုတ်စူပါလိဂ်ကို ပြောင်းပြီတဲ့နောက်မှာ ကျွန်တော်မှားယွင်းခဲ့တာတွေရှိပါတယ်။ စားတဲ့အချိန်တွေ၊ အိပ်တဲ့အချိန်တွေ မမှန်ခဲ့သလို အမြုပ်ပါတဲ့အအေးတွေကိုလည်း သောက်ခဲ့တာကြောင့် ခန္ဓာကိုယ်က ပြောင်းလဲသွားပါ တယ်။ မနက် ၆၊ ၇ နာရီလောက်မှ အိပ်ပြီး နေ့လယ် ၃၊ ၄ နာရီမှ အိပ်ရာထခဲ့တာတွေကြောင့် အခုလို ခြေစွမ်းမပြနိုင်ခဲ့ တာပါ” လို့ ပြောခဲ့ပါတယ်။


အနော်တိုဗစ်ဟာ SIPG အသင်းအတွက် ပွဲပေါင်း ၂၃ ပွဲမှာ ၁၄ ဂိုးပဲ သွင်းယူနိုင်ခဲ့တာကြောင့် ဝေဖန်ခံနေရတာဖြစ်ပြီး သူရဲ့ စာချုပ်သက်တမ်းကတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှ ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။ အနော်တိုဗစ်ဟာ ဝက်စ်ဟမ်းမှာကစားခဲ့တဲ့ ၂ ရာသီအတွင်း ပွဲပေါင်း ၆၅ ပွဲမှာ သွင်းဂိုး၂၂ ဂိုးပဲ သွင်းယူနိုင်ခဲ့တာ ဖြစ်ပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့ တစ်ရာသီအတွင်း အကောင်းဆုံးကစားသမားဆုကို တစ်ကြိမ်ရရှိခဲ့ပါတယ်။

zawgyi version

တ႐ုတ္စူပါလိဂ္ကို ေလ်ာ့တြက္ခဲ့မိတယ္လို႔ ဝန္ခံခဲ့တဲ့ SIPG တိုက္စစ္မွဴး အေနာ္တိုဗစ္
အဂၤလန္ကလပ္အသင္းေတြျဖစ္တဲ့ စတုတ္စီးတီး၊ ဝက္စ္ဟမ္းအသင္းေတြမွာ ကစားခဲ့ဖူးတဲ့ တိုက္စစ္မွဴး အေနာ္တိုဗစ္က တ႐ုတ္စူပါလိဂ္ကို ေျပာင္းေရႊ႕ကစားခဲ့ေပမယ့္ လိဂ္ရဲ႕အဆင့္အတန္းကို ေလ်ာ့တြက္မိခဲ့ေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။ အေနာ္တိုဗစ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ဝက္စ္ဟမ္းကေန တ႐ုတ္လိဂ္ကလပ္ ရွန္ဟိုင္း SIPG ကို ေပါင္ ၂၃ သန္းနဲ႔ ေျပာင္းေရႊ႕သြားခဲ့သူလည္း ျဖစ္ပါတယ္။
အေနာ္တိုဗစ္ဟာ တ႐ုတ္လိဂ္မွာ ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ေနရတဲ့အေနအထားေတြေၾကာင့္ ေဝဖန္ခံေနရတာျဖစ္ေပမယ့္ အခုလိုေဝဖန္ခံေနရတာဟာ သူရဲ႕လုပ္ေဆာင္မႈေတြေၾကာင့္သာ ျဖစ္တယ္လို႔ ဝန္ခံသြားခဲ့ပါတယ္။ အသက္ ၃၁ ႏွစ္ရွိၿပီျဖစ္ တဲ့ အေနာ္တိုဗစ္က သူအေနနဲ႔ အသင္းကေမွ်ာ္လင့္ထားတဲ့အတိုင္း ေျခစြမ္းျပႏိုင္ဖို႔အတြက္ ျပန္ၿပီးလုပ္ေဆာင္သြားမွာျဖစ္ တဲ့ အေၾကာင္းလည္း ေျပာခဲ့ပါတယ္။
Beanyman Sports ကေနတဆင့္ အေနာ္တိုဗစ္က “ ကလပ္အေနနဲ႔ ကြ်န္ေတာ္ကိုအလိုရွိခဲ့ပံုအတိုင္း ရေအာင္ျပန္လုပ္ ေဆာင္သြားမွာပါ။ တ႐ုတ္စူပါလိဂ္ကို ေျပာင္းၿပီတဲ့ေနာက္မွာ ကြ်န္ေတာ္မွားယြင္းခဲ့တာေတြရွိပါတယ္။ စားတဲ့အခ်ိန္ေတြ၊ အိပ္တဲ့အခ်ိန္ေတြ မမွန္ခဲ့သလို အျမဳပ္ပါတဲ့အေအးေတြကိုလည္း ေသာက္ခဲ့တာေၾကာင့္ ခႏၶာကိုယ္က ေျပာင္းလဲသြားပါ တယ္။ မနက္ ၆၊ ၇ နာရီေလာက္မွ အိပ္ၿပီး ေန႔လယ္ ၃၊ ၄ နာရီမွ အိပ္ရာထခဲ့တာေတြေၾကာင့္ အခုလို ေျခစြမ္းမျပႏိုင္ခဲ့ တာပါ” လို႔ ေျပာခဲ့ပါတယ္။
အေနာ္တိုဗစ္ဟာ SIPG အသင္းအတြက္ ပြဲေပါင္း ၂၃ ပြဲမွာ ၁၄ ဂိုးပဲ သြင္းယူႏိုင္ခဲ့တာေၾကာင့္ ေဝဖန္ခံေနရတာျဖစ္ၿပီး သူရဲ႕ စာခ်ဳပ္သက္တမ္းကေတာ့ ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာမွ ကုန္ဆံုးမွာပဲ ျဖစ္ပါတယ္။ အေနာ္တိုဗစ္ဟာ ဝက္စ္ဟမ္းမွာကစားခဲ့တဲ့ ၂ ရာသီအတြင္း ပြဲေပါင္း ၆၅ ပြဲမွာ သြင္းဂိုး၂၂ ဂိုးပဲ သြင္းယူႏိုင္ခဲ့တာ ျဖစ္ေပမယ့္ ဝက္စ္ဟမ္းအသင္းရဲ႕ တစ္ရာသီအတြင္း အေကာင္းဆံုးကစားသမားဆုကို တစ္ႀကိမ္ရရွိခဲ့ပါတယ္။