သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ မညီတာကြောင့် အိုင်ဗရီကို့စ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌရွေးကောက်ပွဲ ဝင်ခွင့်မရခဲ့တဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာ

ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာအနေနဲ့ အိုင်ဗရီကို့စ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက် လျှောက်ထားခဲ့ပေမယ့် သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတာကြောင့် ယှဉ်ပြိုင်ခွင့်မရခဲ့ဘူးလို့ သိရပါ တယ်။ အာဖရိကတိုက်အကောင်းဆုံးကစားသမားဆုကို နှစ်ကြိမ်ရရှိခဲ့ထားတဲ့ ဒရော့ဘာအနေနဲ လာမယ့်လမှာ ကျင်းပ မယ့် အိုင်ဗရီကို့စ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌနေရာအတွက် ဝင်ရောက်အရွေးခံဖို့ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။


ဒရော့ဘာအနေနဲ့ ဒီလအစောပိုင်းတုန်းက အိုင်ဗရီကို့စ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဖြစ်ဖို့ ထင်ကြေးပေး ခံခဲ့ရသူလည်း ဖြစ်ပါ တယ်။ အာဖရိကအားကစားဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က ဒရော့ဘာအနေနဲ့ ပြင်သစ်နိုင်ငံရဲ့ထိပ်တန်းလိဂ်ဖြစ်တဲ့ လီဂူး-၁ ပြိုင်ပွဲရဲ့ ကလပ်အသင်းနှစ်သင်းမှာပဲ ပါဝင်ခဲ့တယ်ဆိုပြီး ပယ်ချခဲ့တာဖြစ်ပါတယ်။ အာဖရိကအားကစားဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က သတ်မှတ်ထားချက်အရ ရွေးကောက်ပွဲဝင်မယ့်သူတစ်ယောက်အနေနဲ့ နိုင်ငံတူအသင်း ၃ သင်းရဲ့ အသိအမှတ်ပြုမှု လိုအပ်တယ်လို့ သိရပါတယ်။


အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ဒရော့ဘာဟာ ပြင်သစ်ကလပ်တွေဖြစ်တဲ့ လီမန့်စ်၊ ဂူအင်ဂမ့်နဲ့ မာဆေးအသင်းတွေမှာ ကစားခဲ့ ပေမယ့် လီမန့်စ်အသင်းနဲ့ လီဂူး-၂ ပြိုင်ပွဲမှာသာ ကစားခဲ့တာကြောင့် အိုင်ဗရီကို့စ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ နေရာအတွက်ဝင် ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့တာလို့ သိရပါတယ်။ ဒရော့ဘာဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အိုင်ဗရီကို့စ်လက်ရွေးစင် ဘောလုံးအသင်းအတွက် ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။


အိုင်ဗရီကို့စ်လက်ရွေးစင်အသင်း သမိုင်းတစ်လျှောက် သွင်းဂိုး ၆၅ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ဖြစ်ထားတဲ့ ဒရော့ဘာဟာ ဇော့ကိုရာ (၁၂၃ပွဲ)၊ ကိုလိုတိုရေး(၁၂၀ပွဲ)တို့အပြီး ပွဲအများဆုံးကစားထားသူအဖြစ်လည်း ၁၀၅ ပွဲကစားထားသူဖြစ်ပါ တယ်။ ဒရော့ဘာဟာ အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလား ၅ ကြိမ်နဲ့ ကမ္ဘာ့ဖလား ၃ ကြိမ် အထိ ကစားခဲ့သူလည်း ဖြစ်ပါတယ်။

zawgyi version

သတ္မွတ္ထားတဲ့ စံႏႈန္းေတြနဲ႔ မညီတာေၾကာင့္ အိုင္ဗရီကို႔စ္ေဘာလံုးအဖြဲ႔ခ်ဳပ္ ဥကၠဌေရြးေကာက္ပြဲ ဝင္ခြင့္မရခဲ့တဲ့ ခ်ဲလ္ဆီးတိုက္စစ္မွဴးေဟာင္း ဒေရာ့ဘာ
ခ်ဲလ္ဆီးတိုက္စစ္မွဴးေဟာင္း ဒေရာ့ဘာအေနနဲ႔ အိုင္ဗရီကို႔စ္ေဘာလံုးအဖြဲ႕ခ်ဳပ္ ဥကၠဌေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ အတြက္ ေလွ်ာက္ထားခဲ့ေပမယ့္ သတ္မွတ္ထားတဲ့စံႏႈန္းေတြနဲ႔ ကိုက္ညီမႈမရွိတာေၾကာင့္ ယွဥ္ၿပိဳင္ခြင့္မရခဲ့ဘူးလို႔ သိရပါ တယ္။ အာဖရိကတိုက္အေကာင္းဆံုးကစားသမားဆုကို ႏွစ္ႀကိမ္ရရွိခဲ့ထားတဲ့ ဒေရာ့ဘာအေနနဲ လာမယ့္လမွာ က်င္းပ မယ့္ အိုင္ဗရီကို႔စ္ေဘာလံုးအဖြဲ႕ခ်ဳပ္ ဥကၠဌေနရာအတြက္ ဝင္ေရာက္အေရြးခံဖို႔ ပါဝင္ခဲ့တာပဲ ျဖစ္ပါတယ္။
ဒေရာ့ဘာအေနနဲ႔ ဒီလအေစာပိုင္းတုန္းက အိုင္ဗရီကို႔စ္ေဘာလံုးအဖြဲ႔ခ်ဳပ္ဥကၠဌ ျဖစ္ဖို႔ ထင္ေၾကးေပး ခံခဲ့ရသူလည္း ျဖစ္ပါ တယ္။ အာဖရိကအားကစားဆိုင္ရာ ေစာင့္ၾကည့္ေရးအဖြဲ႕က ဒေရာ့ဘာအေနနဲ႔ ျပင္သစ္ႏိုင္ငံရဲ႕ထိပ္တန္းလိဂ္ျဖစ္တဲ့ လီဂူး-၁ ၿပိဳင္ပြဲရဲ႕ ကလပ္အသင္းႏွစ္သင္းမွာပဲ ပါဝင္ခဲ့တယ္ဆိုၿပီး ပယ္ခ်ခဲ့တာျဖစ္ပါတယ္။ အာဖရိကအားကစားဆိုင္ရာ ေစာင့္ၾကည့္ေရးအဖြဲ႔က သတ္မွတ္ထားခ်က္အရ ေရြးေကာက္ပြဲဝင္မယ့္သူတစ္ေယာက္အေနနဲ႔ ႏိုင္ငံတူအသင္း ၃ သင္းရဲ႕ အသိအမွတ္ျပဳမႈ လိုအပ္တယ္လို႔ သိရပါတယ္။
အသက္ ၄၂ ႏွစ္ရွိၿပီျဖစ္တဲ့ ဒေရာ့ဘာဟာ ျပင္သစ္ကလပ္ေတြျဖစ္တဲ့ လီမန္႔စ္၊ ဂူအင္ဂမ့္နဲ႔ မာေဆးအသင္းေတြမွာ ကစားခဲ့ ေပမယ့္ လီမန္႔စ္အသင္းနဲ႔ လီဂူး-၂ ၿပိဳင္ပြဲမွာသာ ကစားခဲ့တာေၾကာင့္ အိုင္ဗရီကို႔စ္ေဘာလံုးအဖြဲ႔ခ်ဳပ္ဥကၠဌ ေနရာအတြက္ဝင္ ေရာက္ယွဥ္ၿပိဳင္ခြင့္မရခဲ့တာလို႔ သိရပါတယ္။ ဒေရာ့ဘာဟာ ၂၀၀၂ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အထိ အိုင္ဗရီကို႔စ္လက္ေရြးစင္ ေဘာလံုးအသင္းအတြက္ ကစားေပးခဲ့သူလည္း ျဖစ္ပါတယ္။
အိုင္ဗရီကို႔စ္လက္ေရြးစင္အသင္း သမိုင္းတစ္ေလွ်ာက္ သြင္းဂိုး ၆၅ ဂိုးနဲ႔ ဂိုးသြင္းအမ်ားဆံုး ျဖစ္ထားတဲ့ ဒေရာ့ဘာဟာ ေဇာ့ကိုရာ (၁၂၃ပြဲ)၊ ကိုလိုတိုေရး(၁၂၀ပြဲ)တို႔အၿပီး ပြဲအမ်ားဆံုးကစားထားသူအျဖစ္လည္း ၁၀၅ ပြဲကစားထားသူျဖစ္ပါ တယ္။ ဒေရာ့ဘာဟာ အိုင္ဗရီကို႔စ္လက္ေရြးစင္အသင္းနဲ႔အတူ အာဖရိကႏိုင္ငံမ်ားဖလား ၅ ႀကိမ္နဲ႔ ကမ႓ာ့ဖလား ၃ ႀကိမ္ အထိ ကစားခဲ့သူလည္း ျဖစ္ပါတယ္။