အေဂျက်နောက်ခံလူ ဘလိုင်းအနေနဲ့ ပွဲကစားနေချိန်အတွင်း နှလုံးရောဂါကြောင့် ကွင်းအတွင်းလဲကျ သွားခဲ့

ပြီးခဲ့တဲ့အင်္ဂါနေ့က ဟာသာဘာလင်နဲ့ ကစားခဲ့တဲ့ခြေစမ်းပွဲမှာ အေဂျက်နောက်ခံလူ ဘလိုင်းအနေနဲ့ ပွဲကစားချိန်အတွင်းမှာ နှလုံးရောဂါကြောင့် ကွင်းအတွင်းလဲကျသွားခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။ အသက် ၃၀ ရှိနေပြီဖြစ်တဲ့ ဘလိုင်းဟာ ပြီးခဲ့တဲ့ဒီဇင်ဘာမှာ ဗလင်စီယာနဲ့ကစားခဲ့တဲ့ပွဲအပြီးကတည်းက နှလုံးရောင်ရမ်းခြင်း ရောဂါကို ခံစားနေခဲ့ရသူ လည်း ဖြစ်ပါတယ်။


ဘလိုင်းအနေနဲ့ နှလုံးရောင်ရမ်းခြင်းကြောင့် အနားယူနေခဲ့ရပြီး ဖေဖော်ဝါရီလကမှ ဘောလုံးပြန်ကစားနိုင်ခဲ့တာဖြစ်ပေမယ့် ဟာသာဘာလင်နဲ့ပွဲမှာတော့ ပွဲကစားနေချိန်အတွင်းမှာပဲ ပုံရက်လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ ဘလိုင်းရဲ့ လဲကျသွားမှု ကြောင့် အသင်းဖော်တွေအနေနဲ့ စိုးရိမ်သွားခဲ့ကြပြီး ဆေးအဖွဲ့ကလည်း စက္ကန့်ပိုင်းအတွင်းမှာပဲ အကောင်းဆုံးလုပ်ဆောင် နိုင်ခဲ့တယ်လို့ သိရပါတယ်။


အေဂျက်နည်းပြ အဲရစ်တန်ဟတ်က “ ဘလိုင်းရဲ့ နှလုံးအတွင်းထဲမှာ ထည့်ထားတဲ့ ICD လို့ခေါ်တဲ့စက်က ရပ်သွားခဲ့တာ ဖြစ်ပါတယ်။အခုချိန်မှာတော့ ဘလိုင်းရဲ့ အခြေအနေက ပြန်ကောင်းနေပါပြီ။”လို့ ပြောခဲ့ပါတယ်။ ဘလိုင်းအနေနဲ့ နှလုံး အ တွင်းမှာ စက်ထည့်ထားခဲ့ပေမယ့် ဆရာဝန်က ဘောလုံးပြန်ကစားဖို့အတွက် ထောက်ခံချက်ပေးထားတယ်လို့လည်း အဲရစ် တန်ဟက်က ပြောခဲ့ပါတယ်။


သူရဲ့အခြေအနေနဲ့ ပတ်သက်ပြီး အေဂျက်နောက်ခံလူဘလိုင်းက “ အခုလို ပြန်ပြီး ကစားခွင့်ရခဲ့တဲ့အတွက် တကယ်ကိုပဲ ပျော်ရွှင်မိပါတယ်။လဲကျသွားတဲ့ အချိန်မတိုင်ခင်မှာ ရှိခဲ့တဲ့ဖိအားတွေကို ဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူး။ အသင်းဆရာဝန် က ကျွန်တော်ကို ကိုင်ထားပြီး အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ခဲ့လို့သာ အသက်ရှင်ခွင့်ရခဲ့တာပါ။ မကြာခင်မှာ ကြံခိုင်မှု အပြည့်အဝ ပြန်ရနိုင်မယ်လို့ ယုံကြည်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ေအဂ်က္ေနာက္ခံလူ ဘလိုင္းအေနနဲ႔ ပြဲကစားေနခ်ိန္အတြင္း ႏွလံုးေရာဂါေၾကာင့္ ကြင္းအတြင္းလဲက် သြားခဲ့
ၿပီးခဲ့တဲ့အဂၤါေန႔က ဟာသာဘာလင္နဲ႔ ကစားခဲ့တဲ့ေျခစမ္းပြဲမွာ ေအဂ်က္ေနာက္ခံလူ ဘလိုင္းအေနနဲ႔ ပြဲကစားခ်ိန္အတြင္းမွာ ႏွလံုးေရာဂါေၾကာင့္ ကြင္းအတြင္းလဲက်သြားခဲ့တယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။ အသက္ ၃၀ ရွိေနၿပီျဖစ္တဲ့ ဘလိုင္းဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာမွာ ဗလင္စီယာနဲ႔ကစားခဲ့တဲ့ပြဲအၿပီးကတည္းက ႏွလံုးေရာင္ရမ္းျခင္း ေရာဂါကို ခံစားေနခဲ့ရသူ လည္း ျဖစ္ပါတယ္။
ဘလိုင္းအေနနဲ႔ ႏွလံုးေရာင္ရမ္းျခင္းေၾကာင့္ အနားယူေနခဲ့ရၿပီး ေဖေဖာ္ဝါရီလကမွ ေဘာလံုးျပန္ကစားႏိုင္ခဲ့တာျဖစ္ေပမယ့္ ဟာသာဘာလင္နဲ႔ပြဲမွာေတာ့ ပြဲကစားေနခ်ိန္အတြင္းမွာပဲ ပံုရက္လဲက်သြားခဲ့တာ ျဖစ္ပါတယ္။ ဘလိုင္းရဲ႕ လဲက်သြားမႈ ေၾကာင့္ အသင္းေဖာ္ေတြအေနနဲ႔ စိုးရိမ္သြားခဲ့ၾကၿပီး ေဆးအဖြဲ႔ကလည္း စကၠန္႔ပိုင္းအတြင္းမွာပဲ အေကာင္းဆံုးလုပ္ေဆာင္ ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
ေအဂ်က္နည္းျပ အဲရစ္တန္ဟတ္က “ ဘလိုင္းရဲ႕ ႏွလံုးအတြင္းထဲမွာ ထည့္ထားတဲ့ ICD လို႔ေခၚတဲ့စက္က ရပ္သြားခဲ့တာ ျဖစ္ပါတယ္။အခုခ်ိန္မွာေတာ့ ဘလိုင္းရဲ႕ အေျခအေနက ျပန္ေကာင္းေနပါၿပီ။”လို႔ ေျပာခဲ့ပါတယ္။ ဘလိုင္းအေနနဲ႔ ႏွလံုး အ တြင္းမွာ စက္ထည့္ထားခဲ့ေပမယ့္ ဆရာဝန္က ေဘာလံုးျပန္ကစားဖို႔အတြက္ ေထာက္ခံခ်က္ေပးထားတယ္လို႔လည္း အဲရစ္ တန္ဟက္က ေျပာခဲ့ပါတယ္။
သူရဲ႕အေျခအေနနဲ႔ ပတ္သက္ၿပီး ေအဂ်က္ေနာက္ခံလူဘလိုင္းက “ အခုလို ျပန္ၿပီး ကစားခြင့္ရခဲ့တဲ့အတြက္ တကယ္ကိုပဲ ေပ်ာ္ရႊင္မိပါတယ္။လဲက်သြားတဲ့ အခ်ိန္မတိုင္ခင္မွာ ရွိခဲ့တဲ့ဖိအားေတြကို ဘယ္သူမွသိႏိုင္မွာမဟုတ္ပါဘူး။ အသင္းဆရာဝန္ က ကြ်န္ေတာ္ကို ကိုင္ထားၿပီး အေကာင္းဆံုးလုပ္ေဆာင္ေပးႏိုင္ခဲ့လို႔သာ အသက္ရွင္ခြင့္ရခဲ့တာပါ။ မၾကာခင္မွာ ၾကံခိုင္မႈ အျပည့္အဝ ျပန္ရႏိုင္မယ္လို႔ ယံုၾကည္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။