လက်ရှိပေါက်ကြေးအရ အသင်းရဲ့ကစားသမားစုစုပေါင်းတန်ကြေးအမြင့်ဆုံးအသင်းက မန်စီးတီးဖြစ်နေ

ဥရောပထိပ်သီးလိဂ် ၅ခုမှာ ကလပ်အသင်းတစ်သင်းရဲ့ ကစားသမားစုစုပေါင်းတန်ကြေးအရ လက်ရှိအချိန်မှာ တန်ကြေး အမြင့်ဆုံးဖြစ်နေတဲ့ ကလပ်အသင်းက ပရီးမီးယားလိဂ်က မန်စီးတီးဖြစ်ပြီး စုစုပေါင်း ပေါင် ၉၅၈ သန်းနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒုတိယနေရာမှာတော့ ဇီဒန်းရဲ့ဦးဆောင်မှုနဲ့အတူ လာလီဂါချန်ပီယံကို ရယူနိုင်ခဲ့တဲ့ ရီးရဲလ်က ပေါင် ၉၅၅ သန်းနဲ့ ရှိနေတာပဲ ဖြစ်ပါတယ်။


ကစားသမားတွေရဲ့စုစုပေါင်းတန်ကြေးအမြင့်ဆုံးအသင်း ၁၀ သင်းမှာ ပရီးမီးယားလိဂ်က အသင်း ၅ သင်းအထိပါဝင်ခဲ့ပြီး အမှတ်ပေးချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးကတော့ စုစုပေါင်းတန်ကြေး ပေါင် ၉၁၇ သန်းနဲ့ တတိယနေရာမှာ ရှိနေတာဖြစ်ပါ တယ်။ လက်ရှိမှာ အဆင့်-၆ နေရာမှာရှိနေပြီး စုစုပေါင်း ပေါင် ၇၂၇ သန်းနဲ့ ရပ်တည်နေတဲ့ ချဲလ်ဆီးကတော့ နွေရာသီမှာ ကိုင်ဟာဗက်ဇ်၊ ဘင်ချီဝဲလ်တို့လို ကစားသမားတွေ ထပ်ရောက်လာမယ်ဆိုရင်တော့ ဘာစီလိုနာ (ပေါင် ၈၈၂သန်း)နဲ့ ဘိုင် ယန်မြူးနစ် (ပေါင် ၈၃၄သန်း) တို့ကို ကျော်သွားနိုင်ဖို့ ရှိနေပါတယ်။


အသင်းကထွက်ဖို့ တောင်းဆိုထားတဲ့ မက်ဆီကြောင့် ဘာစီလိုနာအနေနဲ့ တန်ဖိုးကျဆင်းသွားဖို့ ရှိနေပြီး ကစားသမားခေါ် ယူဖို့ သိပ်မလိုတဲ့ ဘိုင်ယန်ကတော့ လက်ရှိအဆင့်-၅ နေရာကနေ အဆင့်-၄ နေရာကို ရောက်ဖို့များနေပါတယ်။ ကစားသ မားကောင်းများစွာ ရှိနေပေမယ့် ပီအက်စ်ဂျီအသင်းကတော့ လက်ရှိမှာ အဆင့်-၇ နေရာမှာပဲ ရှိနေပါတယ်။ အဆင့်-၈ နေ ရာမှာတော့ အက်သလက်တီကိုက ပေါင် ၇၀၄ သန်းနဲ့ ရှိနေတာ ဖြစ်ပါတယ်။


ပရိသတ်အများစုအားပေးတဲ့ ယူနိုက်တက်ကတော့ စုစုပေါင်းတန်ကြေး ပေါင် ၆၈၅ သန်းနဲ့ အဆင့်-၉ နေရာမှာ ရှိနေတာ ဖြစ်ပြီး ဆန်ချိုကို ခေါ်ယူနိုင်ခဲ့ပါက အဆင့်တက်သွားဖို့ ရှိနေတာဖြစ်ပါတယ်။ အဆင့်-၁၀ နေရာမှာတော့ မော်ရင်ဟိုကိုင် တွယ်နေတဲ့ စပါးက ရှိနေတာဖြစ်ပြီး စုစုပေါင်း ပေါင် ၆၃၇ သန်းတန်ကြေးရှိနေတာဖြစ်ပါတယ်။ နွေရာသီအပြောင်းအရွှေ့ မှာ အသင်းတွေအနေနဲ့ လူခေါ်ယူမှုတွေ ပြုလုပ်ဦးမှာ ဖြစ်တာကြောင့် အဆင့်ပြောင်းလဲမှုတွေ ရှိလာနိုင်ပါတယ်။

zawgyi version

လက္ရွိေပါက္ေၾကးအရ အသင္းရဲ႕ကစားသမားစုစုေပါင္းတန္ေၾကးအျမင့္ဆံုးအသင္းက မန္စီးတီးျဖစ္ေန
ဥေရာပထိပ္သီးလိဂ္ ၅ခုမွာ ကလပ္အသင္းတစ္သင္းရဲ႕ ကစားသမားစုစုေပါင္းတန္ေၾကးအရ လက္ရွိအခ်ိန္မွာ တန္ေၾကး အျမင့္ဆံုးျဖစ္ေနတဲ့ ကလပ္အသင္းက ပရီးမီးယားလိဂ္က မန္စီးတီးျဖစ္ၿပီး စုစုေပါင္း ေပါင္ ၉၅၈ သန္းနဲ႔ ဦးေဆာင္ေနတာ ျဖစ္ပါတယ္။ ဒုတိယေနရာမွာေတာ့ ဇီဒန္းရဲ႕ဦးေဆာင္မႈနဲ႔အတူ လာလီဂါခ်န္ပီယံကို ရယူႏိုင္ခဲ့တဲ့ ရီးရဲလ္က ေပါင္ ၉၅၅ သန္းနဲ႔ ရွိေနတာပဲ ျဖစ္ပါတယ္။
ကစားသမားေတြရဲ႕စုစုေပါင္းတန္ေၾကးအျမင့္ဆံုးအသင္း ၁၀ သင္းမွာ ပရီးမီးယားလိဂ္က အသင္း ၅ သင္းအထိပါဝင္ခဲ့ၿပီး အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့တဲ့ လီဗာပူးကေတာ့ စုစုေပါင္းတန္ေၾကး ေပါင္ ၉၁၇ သန္းနဲ႔ တတိယေနရာမွာ ရွိေနတာျဖစ္ပါ တယ္။ လက္ရွိမွာ အဆင့္-၆ ေနရာမွာရွိေနၿပီး စုစုေပါင္း ေပါင္ ၇၂၇ သန္းနဲ႔ ရပ္တည္ေနတဲ့ ခ်ဲလ္ဆီးကေတာ့ ေႏြရာသီမွာ ကိုင္ဟာဗက္ဇ္၊ ဘင္ခ်ီဝဲလ္တို႔လို ကစားသမားေတြ ထပ္ေရာက္လာမယ္ဆိုရင္ေတာ့ ဘာစီလိုနာ (ေပါင္ ၈၈၂သန္း)နဲ႔ ဘိုင္ ယန္ျမဴးနစ္ (ေပါင္ ၈၃၄သန္း) တို႔ကို ေက်ာ္သြားႏိုင္ဖို႔ ရွိေနပါတယ္။
အသင္းကထြက္ဖို႔ ေတာင္းဆိုထားတဲ့ မက္ဆီေၾကာင့္ ဘာစီလိုနာအေနနဲ႔ တန္ဖိုးက်ဆင္းသြားဖို႔ ရွိေနၿပီး ကစားသမားေခၚ ယူဖို႔ သိပ္မလိုတဲ့ ဘိုင္ယန္ကေတာ့ လက္ရွိအဆင့္-၅ ေနရာကေန အဆင့္-၄ ေနရာကို ေရာက္ဖို႔မ်ားေနပါတယ္။ ကစားသ မားေကာင္းမ်ားစြာ ရွိေနေပမယ့္ ပီအက္စ္ဂ်ီအသင္းကေတာ့ လက္ရွိမွာ အဆင့္-၇ ေနရာမွာပဲ ရွိေနပါတယ္။ အဆင့္-၈ ေန ရာမွာေတာ့ အက္သလက္တီကိုက ေပါင္ ၇၀၄ သန္းနဲ႔ ရွိေနတာ ျဖစ္ပါတယ္။
ပရိသတ္အမ်ားစုအားေပးတဲ့ ယူႏိုက္တက္ကေတာ့ စုစုေပါင္းတန္ေၾကး ေပါင္ ၆၈၅ သန္းနဲ႔ အဆင့္-၉ ေနရာမွာ ရွိေနတာ ျဖစ္ၿပီး ဆန္ခ်ိဳကို ေခၚယူႏိုင္ခဲ့ပါက အဆင့္တက္သြားဖို႔ ရွိေနတာျဖစ္ပါတယ္။ အဆင့္-၁၀ ေနရာမွာေတာ့ ေမာ္ရင္ဟိုကိုင္ တြယ္ေနတဲ့ စပါးက ရွိေနတာျဖစ္ၿပီး စုစုေပါင္း ေပါင္ ၆၃၇ သန္းတန္ေၾကးရွိေနတာျဖစ္ပါတယ္။ ေႏြရာသီအေျပာင္းအေရႊ႕ မွာ အသင္းေတြအေနနဲ႔ လူေခၚယူမႈေတြ ျပဳလုပ္ဦးမွာ ျဖစ္တာေၾကာင့္ အဆင့္ေျပာင္းလဲမႈေတြ ရွိလာႏိုင္ပါတယ္။