အသက် ၅၃ နှစ်အရွယ်အထိ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို မစွန့်လွှတ်သေးတဲ့ ဂျပန်ကစားသမား မီယူရာ

ဘောလုံးသမား တစ်ယောက်အနေနဲ့ အသက်အရွယ်တစ်ခုရလာပြီဆိုရင် ဘောလုံးကစားဖို့အတွက် အခက်အခဲတွေရှိ လာပြီး အင်အားသုံးကစားရတဲ့အားကစားနည်းဖြစ်တဲ့ ဘောလုံးအားကစားမှာကစားနိုင်ဖို့ဆိုတာ မလွယ်တော့ပါဘူး။ ဒါ ပေမယ့် အသက် ၅၃ နှစ်အရွယ်ထိ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဘဝကို မစွန့်လွှတ်သေးတဲ့သူတစ်ယောက် ရှိနေပြီး အဲ့ဒီသူကတော့ ဂျပန်လက်ရွေးစင်ကစားသမား မီယူရာပဲ ဖြစ်ပါတယ်။

၁၉၆၇ ခုနှစ်က မွေးဖွားခဲ့တဲ့ မီယူရာဟာ ၁၉၈၂ ခုနှစ်ကတည်းက ဘောလုံးကစားခဲ့တာဖြစ်ပြီး အခုရာသီဟာ သူရဲ့ပရော် ဖက်ရှင်ဘောလုံးသမားအတွက် ၃၅ ရာသီမြောက်လည်း ဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ယိုကိုဟားမားအသင်းနဲ့ စာချုပ်သစ်ထပ်မံချုပ်ဆိုခဲ့တဲ့ မီယူရာဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဆာဂျန်တိုဆုနဲ့ကစားခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီးနောက်မှာ အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဂျပန်ကစားသမားဖြစ်ပေမယ့် မီယူရာဟာ သူရဲ့ကစားသမားဘဝကို ဘရာဇီးနိုင်ငံက ဆာပေါ်လိုမြို့ရဲ့ကလပ်အသင်း ဖြစ်တဲ့ အက်သလက်တီကိုဂျူဗင်တပ်မှာ ကစားခဲ့ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုတော့ ဆန်းတို့စ်အသင်းနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ မီယူရာအနေနဲ့ ဂျီနိုအာမှာ အဌားနဲ့လာကစားခဲ့ဖူးပေမယ့် အခြားဥရောပကလပ်အသင်းတွေ မှာတော့ မကစားခဲ့ဖူးပါဘူး။ မီယူရာဟာ ဂျပန်လက်ရွေးစင် ဘောလုံးအသင်းအတွက် ပွဲပေါင်း ၈၉ ပွဲကစားခဲ့ပြီး ၅၅ ဂိုးသွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။

ကစားသမားဘဝ ၃၅ နှစ်တာသက်တမ်းအတွင်းမှာ မီယူရာဟာ ကလပ်ပွဲပေါင်း ၇၅၄ ပွဲကစားခဲ့ပြီး ၂၂၁ ဂိုးအထိသွင်းယူ နိုင်ခဲ့သူဖြစ်ပါတယ်။သူရဲ့ အကောင်းဆုံးရာသီလို့ ဆိုရမယ့် ၁၉၉၆ ဘောလုံးရာသီတုန်းကဆိုရင် ပရီးမီးယားလိဂ်အသင်း ကြီးတွေဖြစ်တဲ့ ယူနိုက်တက်၊လီဗာပူးနဲ့ နယူးကာဆယ်တို့ဟာ မီယူရာကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၆ ဘောလုံးရာသီမှာ မီယူရာဟာ ကာဝါဆာကီအသင်းအတွက် ၃၉ ပွဲမှာ ဂိုး ၃၀အထိသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

zawgyi version

အသက္ ၅၃ ႏွစ္အရြယ္အထိ ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားဘဝကို မစြန္႔လႊတ္ေသးတဲ့ ဂ်ပန္ကစားသမား မီယူရာ
ေဘာလံုးသမား တစ္ေယာက္အေနနဲ႔ အသက္အရြယ္တစ္ခုရလာၿပီဆိုရင္ ေဘာလံုးကစားဖို႔အတြက္ အခက္အခဲေတြရွိ လာၿပီး အင္အားသံုးကစားရတဲ့အားကစားနည္းျဖစ္တဲ့ ေဘာလံုးအားကစားမွာကစားႏိုင္ဖို႔ဆိုတာ မလြယ္ေတာ့ပါဘူး။ ဒါ ေပမယ့္ အသက္ ၅၃ ႏွစ္အရြယ္ထိ ပေရာ္ဖက္ရွင္နယ္ ေဘာလံုးကစားသမားဘဝကို မစြန္႔လႊတ္ေသးတဲ့သူတစ္ေယာက္ ရွိေနၿပီး အဲ့ဒီသူကေတာ့ ဂ်ပန္လက္ေရြးစင္ကစားသမား မီယူရာပဲ ျဖစ္ပါတယ္။
၁၉၆၇ ခုႏွစ္က ေမြးဖြားခဲ့တဲ့ မီယူရာဟာ ၁၉၈၂ ခုႏွစ္ကတည္းက ေဘာလံုးကစားခဲ့တာျဖစ္ၿပီး အခုရာသီဟာ သူရဲ႕ပေရာ္ ဖက္ရွင္ေဘာလံုးသမားအတြက္ ၃၅ ရာသီေျမာက္လည္း ျဖစ္ခဲ့ပါတယ္။ၿပီးခဲ့တဲ့ ဇန္နဝါရီတုန္းက ယိုကိုဟားမားအသင္းနဲ႔ စာခ်ဳပ္သစ္ထပ္မံခ်ဳပ္ဆိုခဲ့တဲ့ မီယူရာဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က ဆာဂ်န္တိုဆုနဲ႔ကစားခဲ့တဲ့ပြဲမွာ ပါဝင္ကစားခဲ့ၿပီးေနာက္မွာ အသက္အႀကီးဆံုး ကစားသမားအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
ဂ်ပန္ကစားသမားျဖစ္ေပမယ့္ မီယူရာဟာ သူရဲ႕ကစားသမားဘဝကို ဘရာဇီးႏိုင္ငံက ဆာေပၚလိုၿမိဳ႕ရဲ႕ကလပ္အသင္း ျဖစ္တဲ့ အက္သလက္တီကိုဂ်ဴဗင္တပ္မွာ ကစားခဲ့ၿပီး ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကိုေတာ့ ဆန္းတို႔စ္အသင္းနဲ႔ စတင္ခဲ့တာျဖစ္ပါတယ္။ မီယူရာအေနနဲ႔ ဂ်ီႏိုအာမွာ အဌားနဲ႔လာကစားခဲ့ဖူးေပမယ့္ အျခားဥေရာပကလပ္အသင္းေတြ မွာေတာ့ မကစားခဲ့ဖူးပါဘူး။ မီယူရာဟာ ဂ်ပန္လက္ေရြးစင္ ေဘာလံုးအသင္းအတြက္ ပြဲေပါင္း ၈၉ ပြဲကစားခဲ့ၿပီး ၅၅ ဂိုးသြင္းယူေပးခဲ့သူလည္း ျဖစ္ပါတယ္။
ကစားသမားဘဝ ၃၅ ႏွစ္တာသက္တမ္းအတြင္းမွာ မီယူရာဟာ ကလပ္ပြဲေပါင္း ၇၅၄ ပြဲကစားခဲ့ၿပီး ၂၂၁ ဂိုးအထိသြင္းယူ ႏိုင္ခဲ့သူျဖစ္ပါတယ္။သူရဲ႕ အေကာင္းဆံုးရာသီလို႔ ဆိုရမယ့္ ၁၉၉၆ ေဘာလံုးရာသီတုန္းကဆိုရင္ ပရီးမီးယားလိဂ္အသင္း ႀကီးေတြျဖစ္တဲ့ ယူႏိုက္တက္၊လီဗာပူးနဲ႔ နယူးကာဆယ္တို႔ဟာ မီယူရာကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့တယ္လို႔ သိရပါတယ္။ ၁၉၉၆ ေဘာလံုးရာသီမွာ မီယူရာဟာ ကာဝါဆာကီအသင္းအတြက္ ၃၉ ပြဲမွာ ဂိုး ၃၀အထိသြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။