၂၀၂၀ ခုနှစ်ရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးမှာ နာမည်ကျော်တွေမဟုတ်ဘဲ အတ္တလန္တာတိုက်စစ်မှူး မူရီရယ် ဖြစ်နေ

အချက်အလက်စစ်တမ်းတွေကောက်ယူတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုရဲ့ဖော်ပြမှုမှာတော့ ၂၀၂၀ ခုနှစ်အတွင်း ဥရောပထိပ်သီး လိဂ် ၅ ခုမှာ ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးအဖြစ် အတ္တလန္တာတိုက်စစ်မှူး မူရီရယ်ကို ဖော်ပြထားပါတယ်။ ဒီစာရင်းရဲ့ ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ နာမည်ကျော်ကစားသမားတွေပါဝင်ခဲ့ပြီး စီရော်နယ်ဒိုက အဆင့်-၃ နေရာမှာရှိခဲ့ပေမယ့် မက်ဆီ ကတော့ ပါဝင်ခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။

၂၀၂၀ ခုနှစ်အတွင်း ကစားခဲ့တဲ့အချိန်မိနစ်နဲ့ သွင်းဂိုးတွေကို အချိုးကျတွက်ချက်ရမှာတော့ အတ္တလန္တာတိုက်စစ်မှူး မူရီရယ် က နံပါတ် ၁ နေရာမှာရှိနေခဲ့တာဖြစ်ပြီး ကစားခွင့်ရခဲ့တဲ့ ၄၈၇ မိနစ်မှာ ၈ ဂိုးအထိသွင်းယူခဲ့တာကြောင့် ကစားချိန် ၆၁ မိနစ် တိုင်းသွင်းဂိုးတစ်ဂိုးရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယနေရာမှာတော့ ဆမ်ဒိုးရီးယားတိုက်စစ်မှူး ဘွန်နာဇို လီက ရှိနေတာဖြစ်ပြီး ၃၈၇ မိနစ်မှာ ၅ ဂိုးသွင်းယူနိုင်တာကြောင့် ၇၇ မိနစ်ကစားတိုင်း တစ်ဂိုးရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းတို့က ၈၁ မိနစ်ကစားပြီးတိုင်း သွင်းဂိုးတစ်ဂိုး ရရှိခဲ့တယ် ဆိုပေမယ့် ကစားချိန်ပိုများသလို သွင်းဂိုးလည်းပိုများခဲ့တဲ့ စီရော်နယ်ဒိုက တတိယနေရာမှာရှိနေခဲ့တာဖြစ်ပါတယ်။ စီရော် နယ်ဒိုဟာ ၁၆၉၃ မိနစ်မှာ သွင်းဂိုး ၂၁ ဂိုးရခဲ့တာဖြစ်ပြီး ဟာလန်းကတော့ ၁၀၅၉ မိနစ်မှာ ၁၃ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါ တယ်။ဘိုင်ယန်မြူးနစ်အတွက်ခြေစွမ်းပြဂိုးတွေသွင်းခဲ့တဲ့ လီဝန်ဒေါစကီးနဲ့ ဗီရိုနာကြယ်ပွင့် ပက်ဇီနီတို့ကတော့ ၈၄ မိနစ် ကစားပြီးတိုင်း သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားဖြစ်တဲ့ နေမာက ဒီစာရင်းမှာ အဆင့်-၇ နေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ နေမာ ဟာ ၂၀၂၀ခုနှစ်မှာ ၄၅၀ မိနစ်ကစားပြီး ၅ ဂိုးသွင်းယူနိုင်တာကြောင့် မိနစ် ၉၀ ကစားပြီးတိုင်း သွင်းဂိုးတစ်ဂိုးရခဲ့တာလည်း ဖြစ်ပါတယ်။ မန်စီးတီးတိုက်စစ်မှူးအဂူရိုနဲ့ ရိုးမားတိုက်စစ်မှူး ကာလီနစ်တို့က ဒီစာရင်းမှာ အဆင့်၈၊၉ နေရာတွေမှာရှိခဲ့ပြီး ဥရောပရွှေဖိနပ်ဆု ရခဲ့တဲ့ အင်မိုဘီလီကတော့ အဆင့်-၁၀ နေရာမှာပဲ ရှိခဲ့တာဖြစ်ပါတယ်။

zawgyi version

၂၀၂၀ ခုႏွစ္ရဲ႕ ေၾကာက္စရာအေကာင္းဆံုး တိုက္စစ္မွဴးမွာ နာမည္ေက်ာ္ေတြမဟုတ္ဘဲ အတၱလႏၲာတိုက္စစ္မွဴး မူရီရယ္ ျဖစ္ေန

အခ်က္အလက္စစ္တမ္းေတြေကာက္ယူတဲ့ ဝက္ဘ္ဆိုဒ္တစ္ခုရဲ႕ေဖာ္ျပမႈမွာေတာ့ ၂၀၂၀ ခုႏွစ္အတြင္း ဥေရာပထိပ္သီး လိဂ္ ၅ ခုမွာ ေၾကာက္စရာအေကာင္းဆံုးတိုက္စစ္မွဴးအျဖစ္ အတၱလႏၲာတိုက္စစ္မွဴး မူရီရယ္ကို ေဖာ္ျပထားပါတယ္။ ဒီစာရင္းရဲ႕ ထိပ္ဆံုး ၁၀ ဦးစာရင္းမွာ နာမည္ေက်ာ္ကစားသမားေတြပါဝင္ခဲ့ၿပီး စီေရာ္နယ္ဒိုက အဆင့္-၃ ေနရာမွာရွိခဲ့ေပမယ့္ မက္ဆီ ကေတာ့ ပါဝင္ခဲ့ျခင္းမရွိတာ ေတြ႕ရပါတယ္။

၂၀၂၀ ခုႏွစ္အတြင္း ကစားခဲ့တဲ့အခ်ိန္မိနစ္နဲ႔ သြင္းဂိုးေတြကို အခ်ိဳးက်တြက္ခ်က္ရမွာေတာ့ အတၱလႏၲာတိုက္စစ္မွဴး မူရီရယ္ က နံပါတ္ ၁ ေနရာမွာရွိေနခဲ့တာျဖစ္ၿပီး ကစားခြင့္ရခဲ့တဲ့ ၄၈၇ မိနစ္မွာ ၈ ဂိုးအထိသြင္းယူခဲ့တာေၾကာင့္ ကစားခ်ိန္ ၆၁ မိနစ္ တိုင္းသြင္းဂိုးတစ္ဂိုးရရွိသူအျဖစ္ မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။ ဒုတိယေနရာမွာေတာ့ ဆမ္ဒိုးရီးယားတိုက္စစ္မွဴး ဘြန္နာဇို လီက ရွိေနတာျဖစ္ၿပီး ၃၈၇ မိနစ္မွာ ၅ ဂိုးသြင္းယူႏိုင္တာေၾကာင့္ ၇၇ မိနစ္ကစားတိုင္း တစ္ဂိုးရရွိခဲ့တာပဲ ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္တိုက္စစ္မွဴးစီေရာ္နယ္ဒိုနဲ႔ ေဒါ့မြန္တိုက္စစ္မွဴး ဟာလန္းတို႔က ၈၁ မိနစ္ကစားၿပီးတိုင္း သြင္းဂိုးတစ္ဂိုး ရရွိခဲ့တယ္ ဆိုေပမယ့္ ကစားခ်ိန္ပိုမ်ားသလို သြင္းဂိုးလည္းပိုမ်ားခဲ့တဲ့ စီေရာ္နယ္ဒိုက တတိယေနရာမွာရွိေနခဲ့တာျဖစ္ပါတယ္။ စီေရာ္ နယ္ဒိုဟာ ၁၆၉၃ မိနစ္မွာ သြင္းဂိုး ၂၁ ဂိုးရခဲ့တာျဖစ္ၿပီး ဟာလန္းကေတာ့ ၁၀၅၉ မိနစ္မွာ ၁၃ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါ တယ္။ဘိုင္ယန္ျမဴးနစ္အတြက္ေျခစြမ္းျပဂိုးေတြသြင္းခဲ့တဲ့ လီဝန္ေဒါစကီးနဲ႔ ဗီ႐ိုနာၾကယ္ပြင့္ ပက္ဇီနီတို႔ကေတာ့ ၈၄ မိနစ္ ကစားၿပီးတိုင္း သြင္းဂိုးတစ္ဂိုး သြင္းယူႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ကမ႓ာ့ေစ်းအႀကီးဆံုးကစားသမားျဖစ္တဲ့ ေနမာက ဒီစာရင္းမွာ အဆင့္-၇ ေနရာမွာ ရပ္တည္ေနခဲ့တာျဖစ္ပါတယ္။ ေနမာ ဟာ ၂၀၂၀ခုႏွစ္မွာ ၄၅၀ မိနစ္ကစားၿပီး ၅ ဂိုးသြင္းယူႏိုင္တာေၾကာင့္ မိနစ္ ၉၀ ကစားၿပီးတိုင္း သြင္းဂိုးတစ္ဂိုးရခဲ့တာလည္း ျဖစ္ပါတယ္။ မန္စီးတီးတိုက္စစ္မွဴးအဂူ႐ိုနဲ႔ ႐ိုးမားတိုက္စစ္မွဴး ကာလီနစ္တို႔က ဒီစာရင္းမွာ အဆင့္၈၊၉ ေနရာေတြမွာရွိခဲ့ၿပီး ဥေရာပေရႊဖိနပ္ဆု ရခဲ့တဲ့ အင္မိုဘီလီကေတာ့ အဆင့္-၁၀ ေနရာမွာပဲ ရွိခဲ့တာျဖစ္ပါတယ္။