ဘရွတ်ကလင်းဘက်ခမ်းရဲ့ မင်္ဂလာဆောင်အတွက် ဗြိတိန်မင်းသားဟယ်ရီနဲ့ဇနီးတို့ကို ဦးစားပေးဖိတ်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း

အင်္ဂလန်အသင်းခေါင်းဆောင်းဟောင်း ဖြစ်တဲ့ဒေးဗစ်ဘက်ခမ်းဟာ သူရဲ့သား ဘရွတ်ကလင်းဘက်ခမ်းရဲ့ လာမယ့်နှစ်မှာ ကျင်းပမယ့် မင်္ဂလာဆောင်အတွက် ဗြိတိန်မင်းသားဟယ်ရီနဲ့ ဇနီးမီဂန်မာကယ်လ်တို့ကို ဦးစားပေး ဖိတ်ကြားခဲ့တယ်လို့ သိ ရပါတယ်။တော်ဝင်စုံတွဲအနေနဲ့ များပြားလှတဲ့ကိစ္စတွေကြောင့် မင်္ဂလာဆောင်တက်ရောက်နိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ ရက်ကို ကြိုတင်ပြီး အကြောင်းကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၁ ရှိပြီဖြစ်တဲ့ ဘရွတ်ကလင်းဘက်ခမ်းဟာ လာမယ့်နှစ်မှာ အမေရိကန်မော်ဒယ်တစ်ဦးဖြစ်တဲ့ နီကိုလာပက်ဇ်နဲ့ လက်ထပ်ထိမ်းမြားမှာပဲ ဖြစ်ပါတယ်။ မင်းသားဟယ်ရီနဲ့မီဂန် မာကယ်လ်တို့ဟာ ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတိုရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေလည်း ဖြစ်ပါတယ်။ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ “ ဘရွတ်ကလင်းအနေနဲ့ သူရဲ့မင်္ဂလာ ဆောင်မှာ သူ့မိဘတွေရဲ့ အဆက်အသွယ်ကြောင့် နာမည်ကျော်တဲ့သူတွေ တက်ရောက်လာမှာမို့ ကျေးဇူးတင်သင့်တယ်” လို့ ပြောခဲ့ပါတယ်။

ဘရွတ်ကလင်းရဲ့ ခေါင်းကိုင်ဖခင်ဖြစ်တဲ့ ဆာအဲလ်တန်ဂျွန်ကလည်း မင်းသားဟယ်ရီနဲ့မီဂန်မာကယ်တို့ကလည်း ဒေးဗစ် ဘက်ခမ်းတို့နဲ့ ရင်းနှီးတာကြောင့် မင်္ဂလာဆောင်ကို တက်ရောက်လာမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဘရွတ်ကလင်းရဲ့ မင်္ဂလာဆောင်မှာတော့ ဒေးဗစ်ဘက်ခမ်းရဲ့ နောက်ထပ်သားတွေဖြစ်တဲ့ ရိုမီယို(၁၇နှစ်)နဲ့ ခရုဇ်(၁၅နှစ်တို့)က သတို့သား အရံ လုပ်ဆောင်မှာဖြစ်ပြီး သမီးဖြစ်တဲ့ ဟာပါဘက်ခမ်းကတော့ အပျိုရံအဖြစ် လုပ်ဆောင်မယ်လို့ သိရပါတယ်။

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ဘောလုံးသမားဘဝကို အနားယူပြီးနောက် စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေပြီး မော်ဒယ်တစ်ဦးလည်းလည်း လုပ်ဆောင်နေပါတယ်။ UNICEF ယူကေရဲ့ သံတမန်တစ်ဦးလည်းဖြစ်တဲ့ ဒေး ဗစ်ဘက်ခမ်းဟာ မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းရဲ့ ရှယ်ယာပိုင်ဆိုင်တစ်ဦးလည်း ဖြစ်ပါတယ်။

 

zawgyi version

ဘရြတ္ကလင္းဘက္ခမ္းရဲ႕ မဂၤလာေဆာင္အတြက္ ၿဗိတိန္မင္းသားဟယ္ရီနဲ႔ဇနီးတို႔ကို ဦးစားေပးဖိတ္ခဲ့တဲ့ ေဒးဗစ္ဘက္ခမ္း

အဂၤလန္အသင္းေခါင္းေဆာင္းေဟာင္း ျဖစ္တဲ့ေဒးဗစ္ဘက္ခမ္းဟာ သူရဲ႕သား ဘရြတ္ကလင္းဘက္ခမ္းရဲ႕ လာမယ့္ႏွစ္မွာ က်င္းပမယ့္ မဂၤလာေဆာင္အတြက္ ၿဗိတိန္မင္းသားဟယ္ရီနဲ႔ ဇနီးမီဂန္မာကယ္လ္တို႔ကို ဦးစားေပးဖိတ္ၾကားခဲ့တယ္လို႔ သိ ရပါတယ္။ေတာ္ဝင္စံုတြဲအေနနဲ႔ မ်ားျပားလွတဲ့ကိစၥေတြေၾကာင့္ မဂၤလာေဆာင္တက္ေရာက္ႏိုင္ဖို႔အတြက္ သတ္မွတ္ထားတဲ့ ရက္ကို ႀကိဳတင္ၿပီး အေၾကာင္းၾကားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
အသက္ ၂၁ ရွိၿပီျဖစ္တဲ့ ဘရြတ္ကလင္းဘက္ခမ္းဟာ လာမယ့္ႏွစ္မွာ အေမရိကန္ေမာ္ဒယ္တစ္ဦးျဖစ္တဲ့ နီကိုလာပက္ဇ္နဲ႔ လက္ထပ္ထိမ္းျမားမွာပဲ ျဖစ္ပါတယ္။ မင္းသားဟယ္ရီနဲ႔မီဂန္ မာကယ္လ္တို႔ဟာ ေဒးဗစ္ဘက္ခမ္းနဲ႔ ဗစ္တိုးရီးယားတိုရဲ႕ ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြလည္း ျဖစ္ပါတယ္။ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကေတာ့ “ ဘရြတ္ကလင္းအေနနဲ႔ သူရဲ႕မဂၤလာ ေဆာင္မွာ သူ႔မိဘေတြရဲ႕ အဆက္အသြယ္ေၾကာင့္ နာမည္ေက်ာ္တဲ့သူေတြ တက္ေရာက္လာမွာမို႔ ေက်းဇူးတင္သင့္တယ္” လို႔ ေျပာခဲ့ပါတယ္။
ဘရြတ္ကလင္းရဲ႕ ေခါင္းကိုင္ဖခင္ျဖစ္တဲ့ ဆာအဲလ္တန္ဂြ်န္ကလည္း မင္းသားဟယ္ရီနဲ႔မီဂန္မာကယ္တို႔ကလည္း ေဒးဗစ္ ဘက္ခမ္းတို႔နဲ႔ ရင္းႏွီးတာေၾကာင့္ မဂၤလာေဆာင္ကို တက္ေရာက္လာမွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ဘရြတ္ကလင္းရဲ႕ မဂၤလာေဆာင္မွာေတာ့ ေဒးဗစ္ဘက္ခမ္းရဲ႕ ေနာက္ထပ္သားေတြျဖစ္တဲ့ ႐ိုမီယို(၁၇ႏွစ္)နဲ႔ ခ႐ုဇ္(၁၅ႏွစ္တို႔)က သတို႔သား အရံ လုပ္ေဆာင္မွာျဖစ္ၿပီး သမီးျဖစ္တဲ့ ဟာပါဘက္ခမ္းကေတာ့ အပ်ိဳရံအျဖစ္ လုပ္ေဆာင္မယ္လို႔ သိရပါတယ္။
အသက္ ၄၅ ႏွစ္ရွိၿပီျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္းဟာ ေဘာလံုးသမားဘဝကို အနားယူၿပီးေနာက္ စီးပြားေရးလုပ္ငန္းေတြကို လုပ္ကိုင္ေနၿပီး ေမာ္ဒယ္တစ္ဦးလည္းလည္း လုပ္ေဆာင္ေနပါတယ္။ UNICEF ယူေကရဲ႕ သံတမန္တစ္ဦးလည္းျဖစ္တဲ့ ေဒး ဗစ္ဘက္ခမ္းဟာ ေမဂ်ာလိဂ္ကလပ္ အင္တာမီယာမီအသင္းရဲ႕ ရွယ္ယာပိုင္ဆိုင္တစ္ဦးလည္း ျဖစ္ပါတယ္။