လိင်ဖျော်ဖြေရေးဆီလီကွန်ရုပ်တွေနဲ့ ပရိတ်သတ်ပုံစံ ထည့်သွင်းကျင်းပခဲ့တဲ့ FC Seoul ကလပ်အသင်း ပြစ်ဒဏ်ချမှတ်ခံရ

တောင်ကိုရီးယား ဘောလုံးပြိုင်ပွဲ ကေလိဂ်မှာ ယှဉ်ပြိုင်ကစားနေတဲ့ FC Seoul ဘောလုံးအသင်းဟာ ပြီးခဲ့တဲ့အပတ်က ပွဲစဉ်မှာ လိင်ဖျော်ဖြေရေးအရုပ်တွေကို ပရိတ်သတ်အဖြစ်အသုံးပြုခဲ့လို့ အရေးယူမှု ပြုလုပ်ခံခဲ့ရပါတယ်။FC Seoul ဘောလုံးအသင်းဟာ ဂွမ်ဂျူး အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့အဆိုပါပွဲမှာ ပရိတ်သတ်အတုတွေအဖြစ် အဆိုပါ အရုပ်တွေကို အသုံးပြုခဲ့တာပါ။စုစုပေါင်း အရုပ် (၂၀) ဝန်းကျင်လောက်ကို ပွဲကြည့်စဉ်မှာ ပြင်ဆင်ထားခဲ့ပြီး ပြိုင်ပွဲကို ကစားခဲ့တာဖြစ်ပါတယ်။အဆိုပါ ဆီလီကွန်ရုပ်တွေကိုလည်း သူတို့အသင်းရဲ့ လိုဂိုပါ အင်္ကျီများ ဝတ်ဆင်ပေးထားခဲ့ပါတယ်။ဒါ့အပြင် မျက်နှာဖုံးများကိုလည်း တပ်ဆင်ပေးထားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ လိင်ဖျော်ဖြေရေး အရုပ်တွေဖြစ်တာကြောင့် တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ကတော့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။Fc Seoul အသင်းကို ဒဏ်ကြေး ယူရို (၆၇၀၀၀) ကို ချမှတ်ခဲ့တာဖြစ်ပြီး ဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာတော့ အဆိုပါ ပရိတ်သတ်အတုနေရာ ဒီအရုပ်တွေကို အသုံးပြုခဲ့တာဟာ အမျိုးသမီးပရိတ်သတ်တွေကို စော်ကားရာကျတယ်လို့ ဖော်ပြခဲ့ပါတယ်။ဒါ့အပြင် ကိုရီးယားရဲ့ဘောလုံး အဆင့်အတန်းကိုလည်း ထိခိုက်ခဲ့ပြီး အရှက်ရစရာဖြစ်ခဲ့တယ်လို့ ကြေငြာသွားခဲ့ပါတယ်။

FC Seoul ကလပ်အသင်းကတော့ သူတို့ဟာလိင်အရုပ်တွေပြင်ဆင်ထားခဲ့ပေမယ့် ဒီအပေါ်မှာ ပက်သက် ဆက်စပ်ခြင်းမရှိဘူးလို့ ပြောပြခဲ့သလို ဒါဟာ ဖျော်ဖြေရေးတစ်ခုအနေနဲ့သာ အသုံးပြုခဲ့တာဖြစ်ကြောင်း ပရိတ်သတ်တွေကိုလည်း လေးလေးနက်နက်တောင်းပန်ကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။ ကေလိဂ်ဟာ ဒီလအစောပိုင်းမှာထဲက ပြန်လည်စတင်ခဲ့တာဖြစ်ပြီး ပရိတ်သတ်တွေကိုတော့ ဝင်ခွင့်မပေးခဲ့ပါဘူး။

#Seoul #Myanball

Zawgyi

လိင္ေဖ်ာ္ေျဖေရးဆီလီကြန္ရုပ္ေတြနဲ႔ ပရိတ္သတ္ပံုစံ ထည္႔သြင္းက်င္းပခဲ႔တဲ႔ FC Seoul ကလပ္အသင္း ျပစ္ဒဏ္ခ်မွတ္ခံရ

ေတာင္ကိုရီးယား ေဘာလံုးျပိဳင္ပြဲ ေကလိဂ္မွာ ယွဥ္ျပိဳင္ကစားေနတဲ႔ FC Seoul ေဘာလံုးအသင္းဟာ ျပီးခဲ႔တဲ႔အပတ္က ပြဲစဥ္မွာ လိင္ေဖ်ာ္ေျဖေရးအရုပ္ေတြကို ပရိတ္သတ္အျဖစ္အသံုးျပဳခဲ႔လို႔ အေရးယူမွု ျပဳလုပ္ခံခဲ႔ရပါတယ္။FC Seoul ေဘာလံုးအသင္းဟာ ဂြမ္ဂ်ဴး အသင္းနဲ႔ ယွဥ္ျပိဳင္ကစားခဲ႔တဲ႔အဆိုပါပြဲမွာ ပရိတ္သတ္အတုေတြအျဖစ္ အဆိုပါ အရုပ္ေတြကို အသံုးျပဳခဲ႔တာပါ။စုစုေပါင္း အရုပ္ (၂၀) ၀န္းက်င္ေလာက္ကို ပြဲၾကည္႔စဥ္မွာ ျပင္ဆင္ထားခဲ႔ျပီး ျပိဳင္ပြဲကို ကစားခဲ႔တာျဖစ္ပါတယ္။အဆိုပါ ဆီလီကြန္ရုပ္ေတြကိုလည္း သူတို႔အသင္းရဲ႕ လိုဂိုပါ အက်ၤီမ်ား ၀တ္ဆင္ေပးထားခဲ႔ပါတယ္။ဒါ႔အျပင္ မ်က္ႏွာဖံုးမ်ားကိုလည္း တပ္ဆင္ေပးထားခဲ႔တာျဖစ္ပါတယ္။

ဒါေပမဲ႔ လိင္ေဖ်ာ္ေျဖေရး အရုပ္ေတြျဖစ္တာေၾကာင္႔ ေတာင္ကိုရီးယားေဘာလံုးအဖြဲ႕ခ်ဳပ္ကေတာ႔ ျပစ္ဒဏ္ခ်မွတ္ခဲ႔ပါတယ္။Fc Seoul အသင္းကို ဒဏ္ေၾကး ယူရို (၆၇၀၀၀) ကို ခ်မွတ္ခဲ႔တာျဖစ္ျပီး ေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕ထုတ္ျပန္ခ်က္မွာေတာ႔ အဆိုပါ ပရိတ္သတ္အတုေနရာ ဒီအရုပ္ေတြကို အသံုးျပဳခဲ႔တာဟာ အမ်ိဳးသမီးပရိတ္သတ္ေတြကို ေစာ္ကားရာက်တယ္လို႔ ေဖာ္ျပခဲ႔ပါတယ္။ဒါ႔အျပင္ ကိုရီးယားရဲ႕ေဘာလံုး အဆင္႔အတန္းကိုလည္း ထိခိုက္ခဲ႔ျပီး အရွက္ရစရာျဖစ္ခဲ႔တယ္လို႔ ေၾကျငာသြားခဲ႔ပါတယ္။

FC Seoul ကလပ္အသင္းကေတာ႔ သူတို႔ဟာလိင္အရုပ္ေတြျပင္ဆင္ထားခဲ႔ေပမယ္႔ ဒီအေပၚမွာ ပက္သက္ ဆက္စပ္ျခင္းမရွိဘူးလို႔ ေျပာျပခဲ႔သလို ဒါဟာ ေဖ်ာ္ေျဖေရးတစ္ခုအေနနဲ႔သာ အသံုးျပဳခဲ႔တာျဖစ္ေၾကာင္း ပရိတ္သတ္ေတြကိုလည္း ေလးေလးနက္နက္ေတာင္းပန္ေၾကာင္း ထုတ္ျပန္သြားခဲ႔ပါတယ္။ေကလိဂ္ဟာ ဒီလအေစာပိုင္းမွာထဲက ျပန္လည္စတင္ခဲ႔တာျဖစ္ျပီး ပရိတ္သတ္ေတြကိုေတာ႔ ၀င္ခြင္႔မေပးခဲ႔ပါဘူး။

#Seoul #Myanball