ဘုန်းမောက်နည်းပြနေရာအတွက် ဗီအဲရာ၊ ဂျွန်တယ်ရီနဲ့ ဖရန့်လမ်းပတ်တို့ အပြိုင်ရေပန်းစားနေကြ


ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် ဘုန်းမောက်အသင်းဟာ ပြီးခဲ့တဲ့ ခြောက်လကအသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဂျန်ဆန် တင်ဒယ်လ်ကို ဗုဒ္ဓဟူးနေ့က ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ အခုလိုထုတ်ပယ်လိုက်မှုကြောင့် ဘုန်းမောက်နည်းပြ သစ်ဖြစ်လာဖို့အတွက်တော့ ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေဖြစ်ပြီး လက်ရှိမှ အသင်းလက်မဲ့နည်းပြတွေဖြစ်နေတဲ့ အာဆင်နယ်ကစားသမားဟောင်း ဗီအဲရာနဲ့ ချဲလ်ဆီးကစားသမားဟောင်းတွေဖြစ်တဲ့ တယ်ရီ၊ လမ်းပတ်တို့ ရေပန်းစားနေ တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ ဘုန်းမောက်အနေနဲ့ တန်းပြန်တက်နိုင်ဖို့ လုပ်ဆောင်နေချိန်မှာ နောက်ဆုံးကစားခဲ့တဲ့ ၄ပွဲဆက် ရှုံးပွဲတွေ့ခဲ့သလို လက်ရှိမှာလည်း အမှတ်ပေးဇယားအဆင့်-၆ နေရာရောက်နေတာ ကြောင့် တင်ဒယ်လ်ကိုထုတ်ပယ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ဘုန်းမောက်နည်းပြသစ်အဖြစ် နယူးယောက်စီးတီး နဲ့ နိုက်စ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ အာဆင်နယ်ကစားသမားဟောင်း ဗီအဲရာက ရေပန်းအစားဆုံးဖြစ်နေတယ်လို့ လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။


ဗီအဲရာဟာ မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးကို ၂နှစ်ကြာကိုင်တွယ်ခဲ့ဖူးပြီး နိုက်စ်အသင်းကိုလည်း ၂နှစ်ခွဲကြာကိုင် တွယ်ခဲ့ဖူးတဲ့ နည်းပြတစ်ဦးဖြစ်ပြီး ဒီဇင်ဘာလကမှ နိုက်စ်အသင်းနဲ့ လမ်းခွဲခဲ့သူလည်းဖြစ်ပါတယ်။ လမ်းပတ်ကတော့ ပြီးခဲ့ တဲ့လပိုင်းကမှ ချဲလ်ဆီးအသင်းကနေထုတ်ပယ်ခံခဲ့ရသူလည်းဖြစ်ပြီး ဂျွန်တယ်ရီကတော့ လက်ရှိအက်စ်တွန်ဗီလာအသင်း မှာ လက်ထောက်နည်းပြအဖြစ် လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

zawgyi version

ဘုန္းေမာက္နည္းျပေနရာအတြက္ ဗီအဲရာ၊ ဂၽြန္တယ္ရီနဲ႔ ဖရန္႔လမ္းပတ္တို႔ အၿပိဳင္ေရပန္းစားေနၾက
ရလဒ္ပိုင္းဆိုးရြားမႈေတြေၾကာင့္ ဘုန္းေမာက္အသင္းဟာ ၿပီးခဲ့တဲ့ ေျခာက္လကအသင္းကို ကိုင္တြယ္ခဲ့တဲ့ နည္းျပ ဂ်န္ဆန္ တင္ဒယ္လ္ကို ဗုဒၶဟူးေန႔က ထုတ္ပယ္လိုက္တယ္လို႔ သိရပါတယ္။ အခုလိုထုတ္ပယ္လိုက္မႈေၾကာင့္ ဘုန္းေမာက္နည္းျပ သစ္ျဖစ္လာဖို႔အတြက္ေတာ့ ပရီးမီးယားလိဂ္ကစားသမားေဟာင္းေတြျဖစ္ၿပီး လက္ရွိမွ အသင္းလက္မဲ့နည္းျပေတြျဖစ္ေနတဲ့ အာဆင္နယ္ကစားသမားေဟာင္း ဗီအဲရာနဲ႔ ခ်ဲလ္ဆီးကစားသမားေဟာင္းေတြျဖစ္တဲ့ တယ္ရီ၊ လမ္းပတ္တို႔ ေရပန္းစားေန တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ကေန တန္းဆင္းခဲ့ရတဲ့ ဘုန္းေမာက္အေနနဲ႔ တန္းျပန္တက္ႏိုင္ဖို႔ လုပ္ေဆာင္ေနခ်ိန္မွာ ေနာက္ဆံုးကစားခဲ့တဲ့ ၄ပြဲဆက္ ရႈံးပြဲေတြ႕ခဲ့သလို လက္ရွိမွာလည္း အမွတ္ေပးဇယားအဆင့္-၆ ေနရာေရာက္ေနတာ ေၾကာင့္ တင္ဒယ္လ္ကိုထုတ္ပယ္လိုက္တာျဖစ္တယ္လို႔ သိရပါတယ္။ ဘုန္းေမာက္နည္းျပသစ္အျဖစ္ နယူးေယာက္စီးတီး နဲ႔ ႏိုက္စ္အသင္းေတြကို ကိုင္တြယ္ခဲ့ဖူးတဲ့ အာဆင္နယ္ကစားသမားေဟာင္း ဗီအဲရာက ေရပန္းအစားဆံုးျဖစ္ေနတယ္လို႔ လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
ဗီအဲရာဟာ ေမဂ်ာလိဂ္ကလပ္ နယူးေယာက္စီးတီးကို ၂ႏွစ္ၾကာကိုင္တြယ္ခဲ့ဖူးၿပီး ႏိုက္စ္အသင္းကိုလည္း ၂ႏွစ္ခြဲၾကာကိုင္ တြယ္ခဲ့ဖူးတဲ့ နည္းျပတစ္ဦးျဖစ္ၿပီး ဒီဇင္ဘာလကမွ ႏိုက္စ္အသင္းနဲ႔ လမ္းခြဲခဲ့သူလည္းျဖစ္ပါတယ္။ လမ္းပတ္ကေတာ့ ၿပီးခဲ့ တဲ့လပိုင္းကမွ ခ်ဲလ္ဆီးအသင္းကေနထုတ္ပယ္ခံခဲ့ရသူလည္းျဖစ္ၿပီး ဂၽြန္တယ္ရီကေတာ့ လက္ရွိအက္စ္တြန္ဗီလာအသင္း မွာ လက္ေထာက္နည္းျပအျဖစ္ လုပ္ေဆာင္ေနသူလည္း ျဖစ္ပါတယ္။